Pages




Tuesday, July 8, 2014

မုဆိုးနားနီးမုဆိုး

နှလုံးသားအာဟာရ
"မုဆိုးနားနီး မုဆိုး"

လေးသမားတစ်ယောက်သည် မြားကျည်ထောက်အတွင်းသို့
မြားတံတို့ကို ထည့်သွင်းထားလေ၏။
ထိုမြားတံများထဲတွင် အဆိပ်များသုတ်လိမ်းကျံထားသော
မြားတံများလည်း ပါရှိ၏။
အဆိပ် မသုတ်လိမ်းရသေးသော မြားတံများလည်းပါရှိလေ၏။
လေးသမားသည် မြားကျည်ထောက်အတွင်းမှ မြားတံအားလုံးတို့ကို
ထုတ်ယူ၍ ကြည့်လိုက်သောအခါတွင်မူ
အဆိပ်များ ပေကျံလျှက်ရှိသော မြားတံအားလုံးတို့ကို တွေ့မြင်ရပေလိပ်မည်။

လောက၌ သူတော်ကောင်းတို့သည် လူယုတ်မာတို့နှင့်
အတူတကွ ပေါင်းသင်းဆက်ဆံခြင်းကို မပြုလုပ်မဆက်ဆံကြပေ
လူယုတ်မာတို့၏ မကောင်းမှု၊ ယုတ်မာပက်စက်မှုသည်
ကူးစက်၊ လိမ်းကျံတတ်သော ကြောင့်ပင်ဖြစ်၏။
ထိုကဲ့သို့ လူဟုတ်မာနှင့် ပေါင်းသင်းဆက်ဆံသော သူကို
အနည်းဆုံးအားဖြင့် ပတ်ဝန်းကျင်မှ
လူယုတ်မာကဲ့သို့ မကောင်းသော အပြု အမှုအလုပ်များကို
ပြုလုပ်သောသူဖြစ်ပေလိပ်မည်ဟု အနည်းဆုံး ထင်မြင်
ကူးစက်လိမ်းကျံခြင် ခံရပေလိပ်မည်။

ထို့ကြောင့် သူတော်ကောင်းတို့သည် လူယုတ်မာ၊လူ့ဗာလတို့ကို
ရှောင်ကြဉ်ကာ ပေါင်းသင်းခြင်းမပြုလုပ်ကြပဲ
သူတော်ကောင်းများကို သာ ပေါင်းသင်းဆက်ဆံလေ့ရှိကြပေ၏။
ဥပမာအားဖြင့်.. ငါးပုတ်များကို ထုပ်ထားသော ဖက်ရွက်တွင်
ထို ငါးပုတ်အညှီရနံ့သည် စွဲထင်ကျန်ရစ်သကဲ့သို့
တောင်ဇလပ်ပန်းတို့ကို ထုပ်ထားသော ဖက်ရွက်တွင်မူ
မွှေးကြိုင်သင်းပျံ့သော တောင်ဇလပ်ပန်းရနံ့သည် စွဲထင်ကျန်ရစ်နေ၏သို့တည်း။

(ဣတိဝုတ္တကပါဠိ၊တိကနိပါတ၊တတိယ၀ဂ္ဂ၊သုခပတ္တနာသုတ္တ)

မိမိအကျိုး၊သူတပါးအကျိုး ၊ သည်ပိုးဆောင်ရွက်နိုင်သူများ ဖြစ်နိုင်ကြပါစေ။

ဓမ္မ၀ီရ အရှင်တေဇနိ

No comments:

Post a Comment