Pages




Tuesday, December 16, 2014

အနာထပိဏ် နဲ့ ၀ိသာခါ

ဘုရားလက်ထက်တော်က ကောသလတိုင်း သာဝတ္တိပြည်၌ လူဦးရေ ၇-ကုဋေရှိသည်။ ၅-ကုဋေမှာ အရိယာဖြစ်၍ ကျန် ၂-ကုဋေမှာ ပုထုဇဉ်များဖြစ်ကြ၏ ။ သာဝတ္တိပြည် အနာထပိဏ်နှင့် ၀ိသာခါတို့သည် သာသနာကို ထောက်ပံ့ရာ၌ ထင်ရှားသူနှစ်ဦးဖြစ်သည်။

ကျောင်းဒက…ာကြီး အနာထပိဏ်
အနာထပိဏ်၏ ငယ်မည်မှာ သုဒတ္တဖြစ်၍ ရာဇဂြိုလ်သူ သူဌေးဝိသာလ၏ နှမ ပုညလက္ခဏာနှင့် ထိမ်းမြားခဲ့သည်။ ကာဠမည်သော သားနှင့် မဟာသုဘဒ္ဒါ ၊ စူဠသုဘဒ္ဒါ သုမနာသာသမီးသုံးယောက် ထွန်းကားခဲ့သည်။ ဘုရားရှင်သည် ဒုတိယ၀ါအဖြစ် ရာဇဂြိုလ်၌ သီတင်းသုံးတော်မူသော နှစ်မှာပင် အနာထပိဏ်သည် ရာဇဂြိုလ်သို့ အရောင်းအ၀ယ်သွားရာမှ မြတ်စွာဘုရားအား ဖူးတွေ့ရပြီး သောတာပန်အရိယာ ဖြစ်ခဲ့သည်။
သာဝတ္တိပြည်သို့ ကြွရောက် သီတင်းသုံးပါရန်လည်း ဘုရားရှင်အား ပင့်လျှောက်ခဲ့သည်။
သူဌေးကြီးသည် သာဝတ္တိပြည် ဇေတမင်းသား၏ ၁၆-ပယ် ကျယ်သော ဥယျာဉ်မြေကို ငွေ အသပြာ ၁၈-ကုဋေဖြင့်ဝယ်ယူကာ ‘ဇေတ၀န်’အမည်ဖြင့် ကျောင်းတော် ဆောက်လှူသည်။ ဂန္ဓကုဋီကျောင်းတော် အပါအ၀င်ကျောင်းပေါင်း များစွာကို အလုပ်သမား တစ်ထောင်ဖြင့် ခြောက်လ ဆောက်လုပ်ရသည်၊ ၁၈-ကုဋေကုန်ကျလေသည်။ ဇေတ ၀န်ကျောင်းတော်ကြီး ပြီးစီးသောအခါ ဘုရားရှင်ကို ပင့်ဖိတ်ပြီး ၁၈-ကုဋေအကုန်ခံ၍ ခမ်းနားစွာ ရေစက်ချပွဲ ကျင်းပလှူဒါန်းသည်၊ သံဃာတော်တစ်ထောင် နေ့စဉ်ဆွမ်းကပ်သည်။
အိမ်ရှိအမှုထမ်းအားလုံး ဥပုသ်နေ့တွင်ရှစ်ပါးသီလစောင့်ထိန်းကြရသည်။ နို့စို့ကလေး များပင် မွန်းလွဲချိန်၌ နို့မတိုက်ဘဲ ပါးစပ်ကို ရေပတ်တိုက်ပြီး စတုမဓုကိုသာ ခွံ့ကျွေးရသည်။ ၅၄-ကုဋေသော အသပြာငွေကို သာသနာတော် အတွက် လှူဒါန်းခဲ့သော သူဌေးကြီး ဖြစ်လေသည်။
အနာထပိဏ်နှင့် ၀ိသာခါကျောင်းအမကြီးတို့အိမ်၌ သံဃာတစ်ထောင်စီ သီတင်း
သုံးနိုင်အောင် နေရာထိုင်ခင်းများနှင့် အချိန်မရွေး ဆက်ကပ်နိုင်အောင် ပစ္စည်းလေးပါး စားသောက်ဖွယ်များကို အသင့်စီမံ ထားရှိကြလေသည်။
ကျောင်းအမကြီး ၀ိသာခါ
ဝိသာခါကျောင်းအမကြီးကား သာကေတမြို့ ဓနဉ္စယသူဌေးကြီး၏ သမီးဖြစ်၍ ရ-နှစ်သမီးအရွယ်ကပင် သောတပန်တည်ခဲ့သူဖြစ်သည်။ မေဏ္ဍကသူဌေးကြီး၏ မြေးဖြစ်၏ ။ သာဝတ္တိပြည်မှ ချမ်းသာကြွယ်ဝသော မိဂါရသူဌေးကြီး၏သား ပုည၀ဎုနနှင့် ထိမ်မြားခဲ့သည်။ ၀ိသာခါအတွက် ရွှေစင်နိက္ခတစ်ထောင်အလေးချိန်ရှိပြီးပတ္တမြား၊ပုလဲ စသောရတနာ ခုနစ်ပါးဖြင့် စီခြယ်ထားသော အသပြာ ၉-ကုဋေတန် မဟာလတာ တန်ဆာပြုလုပ်ပြီး ဖခင်ကြီးက လက်ဖွဲ့သည်။ ဦးခေါင်း၌ စွပ်လိုက်လျှင် ခြေဖမိုးအထိရောက်သည်။ အခြားရတနာ မျိုးစုံကိုပါ လက်ဖွဲ့ပြီး၊ ဆုံးမ သြ၀ါဒပေးကာ သာဝတ္တိပြည်သို့ ထည့်လိုက်သည်။
ယောက္ခမသူဌေးကြီးသည် ယခင်က တိတ္ထိတို့ကို ကိုးကွယ်သော်လည်း ၀ါသာခါ၏ ကျေးဇူးကြောင့် ဘုရားရှင်ကို ကိုးကွယ်လာရာမှ ၀ိသာခါလည်း ‘မိဂါရမာတာ မိဂါရ သူဌေးကြီး၏မိခင်’ ဟုပင် ခေါ်တွင်လာလေသည်။ အသက်၁၂၀-ရှည်၍ ဆံဖြူသွားကျိုး ခြင်းမရှိ၊ အစဉ်နုပျိုနေသည်။
တနေ့သော တရားပွဲတစ်ခုတွင် တရားနာလာရာ မဟာလတာတန်ဆာကို ချွတ်၍ ကျွန်မကို သိမ်းထားခိုင်းသည်။ တရားပွဲပြီ၍ ပြန်လျှင် ကျွန်မမေ့ကျန်ခဲ့သဖြင့် အရှင်အာနန္ဒာ မထေရ်က သိမ်းထားခဲ့သည်။ ရဟန်းတော်များအတွက် ဖြစ်သင့်သည်ဟု ကြံစည်ကာ ထိုတန်ဆာကို ရောင်းချအဖိုးထား၍ သာဝတ္တိမြို့တွင် ဇေတ၀န်ကျောင်းတိုက်ကြီးနှင့်အလားတူ ပုဗ္ဗာရုံကျောင်းတော်ကြီး ဆောက်လုပ်သည်။ သာဝတတ္တိမြို့၏ အရှေ့ဘက်၌ တည်ရှိ၍ ရှစ်ပယ်ကျယ်သည် ၊၉-ကုဋေဖြင့် မြေ၀ယ်ယူသည်။ ၉-လတိုင်တိုင် ကျောင်းများစွာကို ဆောက်လုပ်ရ၏။ ၉-ကုဋေကုန်ကျသည်။ ရေစက်ချပွဲ ခမ်းနားစွာ ပြုလုပ်ပြီး ၂၇ကုဋေသော အသပြာကို သာသနာတော်အတွက် စွန့်လှူခဲ့သည်။ ဤကဲ့သို့ ပစ္စည်းလေးပါး လှူဒါန်းမှု၌ အလွန်မွေ့လျော်ကြသောကြောင့် အနာထပိဏ်သူဌေးအား လှူဒါန်းစွန့်ကြဲသည့် အမျိုးသား များတွင် အသာလွန်ဆုံးဖြစ်သည့် ဒါယကာဧတဒဂ်ဘွဲ့ကို ချီးမြှင့်တော်မူ၍ ၀ိသာခါ ကျောင်းအမကြီးအား လှူဒါန်းစွန့်ကြဲသည့် အမျိုးသမီးများတွင် အသာလွန်ဆုံး ဖြစ်သည့် ဒါယိကာမဧတဒဂ် ဘွဲ့ကို ချီးမြှင့်တော်မူခဲ့သည်။
ဘုရားရှင်သည် ၄၅-၀ါအနက် ဇေတ၀န်ကျောင်းတော်တွင် အချိန်အကြာမြင့်ဆုံး ၁၉-၀ါတိုင်တိုင် သီတင်းသုံးတော်မူသဖြင့် သာဝတ္တိပြည်၌ ဟောသော တရားများသည် အများဆုံး ဖြစ်တော့သည်။ပုဗ္ဗာရုံကျောင်းတော်တွင် ၆-၀ါသီတင်းသုံးတော်မူသည်။
HAZY LIFE မှ ကူးယူဖော်ပြပါသည်
မူကြိုဆရာ

Monday, December 15, 2014

ဗုဒ္ဓမြတ်စွယ်တော် ကန္နီမြို့သီရိလင်္ကာနိုင်ငံ

ယခု သီရိလင်္ကာနိုင်ငံ၊ ကန္ဒီမြို့(Kandy) တွင် ကိန်းဝပ်စံပယ်လျက်ရှိနေသော စွယ်တော် မြတ်သည် အိန္ဒိယပြည် ကလိင်္ဂ (Kalinga) မင်းတို့၏ နိုင်ငံမှ မြတ်ဗုဒ္ဓ၏ …လက်ဝဲအောက်စွယ်တော် မြတ်ဖြစ်၍ သီရိလင်္ကာကျွန်း သို့ ပို့ဆောင် လွှဲပေးခဲ့ခြင်းဖြစ်၏။

သီဟိုဠ်ဘုရင် အဆက်ဆက်တို့နှင့် တိုင်းသူပြည်သားတို့၏ အပူဇော်ခံယူခဲ့ရာ ခရစ်နှစ် ၁၅၉၂ ခုနှစ်၊ ပထမ ၀ိမလဓမ္မသူရိယမင်းသည် ယခု ကန္ဒီမြို့ရှိ စွယ်တော်တိုက်ကို တည်ဆောက် ကိုးကွယ်ခဲ့ခြင်း ဖြစ်သည်။ ယခုတိုင် သီရိလင်္ကာနိုင်ငံ၊ ကန္ဒီမြို့ စွယ်တော် ကျောင်း၌ ကိန်းဝပ်စံပယ်လျက်ရှိပါသည်။

****စွယ်တော်မြတ် သမိုင်းအကျဉ်း

အရှင်သာရိပုတ္တရာမထေရ်၏တပည့် အရှင်ခေမ အမည်ရှိ ရဟန္တာမထေရ်မြတ်သည် မြတ်စွာဘုရားရှင်၏ ရုပ်ကလာပ်တော်ကို မီးသဂြိင်္ုဟ်စဉ် မီးဟုန်းဟုန်း တောက်လောင်နေသော စန္ဒကူးထင်းပုံထဲမှ ထိုစွယ်တော် မြတ်ကို ပင့်ဆောင်၍ ကာလိင်္ဂတိုင်း(အိန္ဒိယ) ဒန္တပူရ်မြို့အရှင် ဗြဟ္မဒတ်မင်းအား ပူဇော်စေခဲ့သည်။

စွယ်တော် မြတ်ကို ဗြဟ္မဒတ်မင်းမှစ၍ သားစဉ်မြေးဆက် ကိုးကွယ်လာခဲ့ကြသည်။ ဂုဟသိဝမင်းလက်ထက် ရောက်သောအခါ စွယ်တော်မြတ်သည် ဟိန္ဒူမင်းများ၏ ဖျက်ဆီးမည့် အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရသည်။ စွယ်တော်မြတ်ကို အသက်နဲ့ထပ်တူ ကြည်ညိုမြတ်နိုးသော ဂုဟသိဝမင်းသည် ခီရဓာရမင်း၏ တူတော်များနှင့် နောက်ဆုံးအကြိမ်တိုက်ခိုက်ရသည့် စစ်ပွဲသို့မထွက်မီကပင် သမီးတော် `ဟေမမာလာ`မင်းသမီးနှင့် သူမ၏ခင်ပွန်း `ဒန္တ`မင်းသားတို့အား အကယ်၍ စစ်ရှုံးသွားခဲ့လျင် စွယ်တော်မြတ်ကို တိတ်တဆိတ် ပင့်ဆောင်၍ သီဟိုဠ်ကျွန်းတွင် အုပ်ချုပ်နေသော သူ၏ သူငယ်ချင်း မဟာသေနမင်းထံ အရောက်သွားကြရန် မှာကြားထားခဲ့သည်။

ဂုဟသိဝမင်း ကျဆုံးသည်နှင့်တစ်ပြိုင်နက် ဇနီးမောင်နှံနှစ်ယောက်တို့လည်း စွယ်တော်မြတ်ကို ပင့်ဆောင်ကာ သာမန်အရပ်သားများအသွင်ဖြင့် တမလိတ္တိအမည်ရှိ ကာလိင်္ဂဆိပ်ကမ်းမှ တိတ်တဆိတ် ထွက်ခွါလာခဲ့ရာ လင်္ကာပတ္တနား ဆိပ်ကမ်းသို့ ဆိုက်ရောက်ခဲ့ကြသည်။

ထိုမှတစ်ဆင့် ဇနီးမောင်နှံ နှစ်ယောက်တို့သည် ထိုအချိန်က မြို့တော်တည်ရှိရာ အနုရာဓပူရသို့ ခြေကျင်ခရီးဖြင့် ပင်ပင်ပန်းပန်း သွားခဲ့ကြရသည်။

သူတို့ ရောက်ရှိသောအချိန်၌် မဟာသေနမင်းကား နတ်ရွာစံလွန်တော်မူခဲ့ပြီးဖြစ်သဖြင့် သားတော် ကိတ္တိသိရိမေဃ ဝဏ္ဏမင်း (အေဒီ - ၃၀၃-၃၃၁) နန်းတက်လျက်ရှိသည်။

ကာလိင်္ဂတိုင်းမှ ဇနီးမောင်နှံနှစ်ယောက်တို့သည် ဗုဒ္ဓမြတ်စွာဘုရား၏ စွယ်တော်ဓာတ်ကို ကိတ္တိသိရိ မေဃဝဏ္ဏမင်းအား ဆက်သပူဇော်စေခဲ့သည်။ ကိတ္တိသိရိမေဃဝဏ္ဏမင်းကလည်း ဝမ်းမြောက်ဝမ်းသာ လက်ခံရယူပြီး `ဓမ္မစက္ကဂေဟ` အမည်ရှိ ကြီးကျယ်ခမ်းနားသော အဆောက်အအုံကြီးတွင် ကိုးကွယ်ပူဇော် ထားလေသည်။

သီဟိုဠ်ကျွန်းတွင် အဆိုပါ ကိတ္တိသိရိမေဃဝဏ္ဏမင်းမှစ၍ ဓမ္မပါလမင်းတိုင်အောင် အနုရာဓပူရ၊ ပေါရောဏရုဝ၊ ဂမ်ပေါလ စသည့်ခေတ်အဆက်ဆက် စိုးစံခဲ့ကြသောမင်းအဆက်ဆက်တို့သည် ဗုဒ္ဓမြတ် စွယ်တော်ကို မိမိတို့ပြောင်းရွှေ့စံမြန်းရာ နေပြည်တော် အသီးသီးသို့ ပင့်ဆောင်၍ ကိုးကွယ်ခဲ့ကြသည်။

အေဒီ - ၁၅၉၁ သို့ ရောက်သောအခါ ပထမဝိမလဓမ္မသူရိယမင်းသည် ကန္ဒီနိုင်ငံတော်သစ်ကို တည်ထောင်ခဲ့သည်။

ထိုအချိန်တွင်လည်း စွယ်တော်မြတ်ကို ပေါတူဂီတို့၏ ဖျက်ဆီးမည့် အန္တရာယ်ကြောင့် ရတနပူရမြို့အနီး ရာဇမဟာဝိဟာရအမည်ရှိ ကျောင်းတစ်ကျောင်းသို့ တိတ်တဆိတ် ပင့်ဆောင်၍ ဝှက်ထားခဲ့ရသည်။

ကန္ဒီနိုင်ငံတော်သစ်ကို မျှတမှန်ကန်စွာ အုပ်ချုပ်နိုင်ရန် သူ၏နန်းတော်တွင် မြတ်ဗုဒ္ဓစွယ်တော်ကိန်းဝပ်တည်ရှိဖို့ လိုအပ်သည်ဟု ယုံကြည်သော ဝိမလဓမ္မသူရိယမင်းသည် မြတ်ဗုဒ္ဓစွယ်တော်တည်ရှိရာကို စုံစမ်းသိရှိခဲ့ပြီး သူ၏ကန္ဒီနန်းသစ်သို့ ပင့်ဆောင်ခဲ့လေသည်။

မြတ်ဗုဒ္ဓစွယ်တော်ကို ပင့်ဆောင်ပြီးနောက် ဝိမလဓမ္မသူရိယ မင်းသည် နန်းတော်နှင့်တွဲလျက် နှစ်ထပ်အဆောက်အအုံ စွယ်တော်တိုက်တစ်ခုကို တည်ဆောက်၍ စွယ်တော်မြတ်ကို ကိုးကွယ်ပူဇော်ခဲ့သည်။

ထိုစွယ်တော်တိုက်သည် ယနေ့ ကန္ဒီမြို့တွင် တည်ရှိသည့် မြတ်ဗုဒ္ဓစွယ်တော်တိုက်၏ အတွင်းအကျဆုံး အဆောက်အအုံပင်ဖြစ်သည်။

Ref.မန်းဂေဇက် &ကိုရင်လေး
#‎ငြိမ်းလဲ့

Sunday, December 7, 2014

အမြဲစိတ်ချမ်းသာအောင် နှလုံးသွင်းနည်း

အစားအစာနဲ့ပါတ်သက်ရင် ငတ်မသေရုံစားရရင် ငါ့အတွက် အစားအစာလုံလောက်ပြီဟု ခံယူထားရမယ်။

အဝတ်အထည်နဲ့ပါတ်သက်ရင် အရှက်လုံရုံဝတ်ရရင် ငါ့အတွက် အဝတ်အစားဟာ လုံလောက်ပြီဟု ခံယူထားရမယ်။

နေစရာနဲ့ပါတ်သက်ရင် မိုးလုံရုံနေရရင် ငါ့အတွက် အဆောက်အဦးဟာ လုံလောက်ပြီဟု ခံယူထားရမယ်။

ကျန်းမာရေးနဲ့ပါတ်သက်ရင် နွားကျင်ငယ်ရေကိုသောက်ရရင် ငါ့အတွက်ဆေးဟာ လုံလောက်ပြီဟု ခံယူထားရမယ်။

မေတ္တာရှင် ( ရွှေပြည်သာ )

Wednesday, December 3, 2014

အမျိုးသမီးတိုင်း အလိုချင်ဆုံးအရာက ဘာလဲ

တခါတုန်းက နိုင်ငံငယ်လေးတစ်ခုမှာ ငယ်ရွယ်ပြီး
ထက်မြက်တဲ့ ဘုရင်တပါးနန်းတက်ခဲ့တယ်……
ထိုတိုင်းပြည်ရဲ့ အနီးအနားမှာ အလွန်းအင်အားကြီးပြီး
စစ်လိုလားတဲ့ ဘုရင်ကြီးတစ်ပါးရှိတယ်…..

ထိုဘုရင်ကြီးဟာ တိုင်းပြည်ငယ်လေး ကိုသိမ်းပိုက်ချင်ပေမဲ့
ဘုရင်ငယ်လေးရဲ့ ငယ်ရွယ်မှုနဲ့ ထက်မြက်တဲ့
အတွေးအ ခေါ်တွေကို သဘောကျလို့
အခွင့်အရေးတစ်ခုပေးလိုက်ပါတယ်…..
အဲ့ဒီအခွင့် အရေးကတော့ အလွန်ခက်ခဲတဲ့ မေးခွန်းတစ်ခုပါ….

ဘုရင်ငယ်လေးအတွက် အချိန်တစ်နှစ်ပေးထားပြီး
မဖြေနိုင်ပါက အသတ်ခံရမယ်လို့ ပြောလိုက်ပါတယ်….

“လောကကြီးမှာရှိတဲ့ အမျိုးသမီးတိုင်း
အလိုချင်ဆုံးအရာက ဘာလဲ “

အဲဒီမေးခွန်းကတော့...
ဘုရင်းလေးနဲ့ ပညာရှိအမတ်တွေကို
ခက်ခဲရှုတ်ထွေးစေ တော့တာပါဘဲ…..

တချိုက မဖြစ်နိုင်တဲ့ မေးခွန်းလို့ထင်ကြတယ်……
ဒါပေမယ့် အချိန်းတစ်နှစ်ရဖို့အတွက် အဖြေရှာဖို့
လက်ခံလိုက်ရတာပေါ့…..

ဒါနဲ့ သူ့တိုင်းပြည်မှာရှိတဲ့ မင်းညီမင်းသားတွေ၊
ဘုန်းတော်ကြီးတွေ၊ ပညာရှိတွေ၊ တရားသူကြီးတွေ၊
ပြည်သူပြည်သားတွေနဲ့ ပြည့်တန်ဆာ
အမျိုးသမီးတွေပါမကျန် ဆင့်ခေါ်ပြီး အဖြေရဖို့
ကြိုးစားပါတော့တယ်….
ဒါပေမဲ့ ပြည့်စုံ ကျေနပ်ဖွယ်ရာ အဖြေတော့ မရခဲ့ပါဘူး….

နောက်ဆုံးမှာတော့ လူအများစုက တိုင်းပြည်မှာရှိတဲ့
စုန်းမအိုကြီး တစ်ယောက် သာလျှင် ဒီအဖြေကို
ဖြေနိုင်လိမ့်မယ်လို့ လျှေက်တင်ကြတယ်…..

စုန်းမကြီးဟာ အလွန်တန်ဖိုးကြီးတဲ့
အဖိုးအခကိုတောင်းဆိုလိုက်ပါတယ်…

အဖြေပေးရမဲ့ နောက်ဆုံးရက်ဟာ
တဖြေးဖြေးနီးလာပါပြီ….
စုန်းမကြီးဟာလဲ သူ့တောင်းဆိုချက်ကို အရင်လိုက်လျှောမှ
အဖြေပေးနိုင်မယ်လို့ ဆိုပါတယ်…

တောင်းဆိုချက်ကတော့ ဘုရင်လေးရဲ့
ယုံကြည် အားအကိုရဆုံးသူငယ်ချင်း လဲဖြစ်၊
နိုင်ငံရဲ့ သူရဲကောင်းစစ်ဦးစီးလဲဖြစ်တဲ့ အမတ်ကြီးကို
လက်ထပ်ပေး ဖို့ပါဘဲ….

ဘုရင်လေးလဲ အလွန်တုန်လှုပ်ချောက်ချားနေတာပေါ့….
.စုန်းမကြီးပုံစံက ခါးကုန်ကုန်၊ ကျောကုန်းဘုနှင့်
အမြင်ဆိုရွားလှတယ်….
သွားကလဲ ရှေသွား တစ်ချောင်ထဲရှိတယ်…
အနံ့အသက်ကလဲ ဆိုရွားလှတယ်…
စကားအပြောအဆို ကလဲ ကြမ်းတမ်း ညစ်ညမ်းလှတယ်….

ထိုဆိုရွားလှတဲ့ စုန်းမကြီးနဲ့ နုညံ့သိမ်မွေ့
စိတ်သဘောကောင်းတဲ့ သူရဲ့ သူငယ်ချင်းနဲ့
ယူဖို့တိုက်တွန်းဖို့ရာမှာ သူ့အတွက်
ဝန်ထုပ်ဝန်ပိုးဖြစ်နေတာပေါ့…

ဒါပေမယ့် အမတ်ကြီးကတော့ တိုင်းပြည်နဲ့
လူမျိုးအရေးနဲ့ ယှဉ်ရင်ဒီကိစ္စဟာ သူ့အတွက်
အရေးမကြီးကြောင်း ပြောဆိုပြီး အဆိုကို
လက်ခံပါ့မယ်လို့ ဘုရင် လေးကို လျှေက်တင်လိုက်ပါတယ်…

ဒီလိုနဲ့ မင်္ဂလာပွဲအစီအစဉ်ကို ကြေငြာလိုက်ပြီး
ဘုရင်လေးအတွက်အဖြေကို စုန်းမကြီးက
ပေးလိုက်ပါတော့တယ်..

“လောကကြီးမှာရှိတဲ့ အမျိုးအမီးတိုင်
အမှန်တကယ် အလိုချင်ဆုံးအရာက ………………….
သူတို့ရဲ့ ဘဝကိုသူတို့ စိတ်တိုင်းကျ စီမံခန့်ခွဲချင်တာပါဘဲ“

ထိုအခါမှ ပြည်သူတွေလဲ အဖြေကိုသိပြီး
ဘုရင်ကြီးကလည်းစစ်မပြုတော့ဘဲ ဘုရင်လေးတို့
တိုင်းပြည်နဲ့ မဟာမိတ်ပြုလိုက်ပါတော့တယ်…

အမတ်ကြီးနဲ့ စုန်းမကြီးတို့ရဲ့ မင်္ဂလာပွဲ
ဘယ်လိုဖြစ်သွားလဲ????

ဘုရင်လေးလဲ ပျော်ရွှင်ခြင်းနဲ့ ဝမ်းနည်းခြင်းတွေကို
တပြိုင်နက်ခံစားနေရပြီပေါ့….
သိမ်မွေ့ယဉ်ကျေးတဲ့သူငယ်ချင်းနဲ့
အလွန်မသတီစရာစုန်းမတို့ရဲ့ လက်တွဲရမယ့်
ဘဝအရေးကို စဉ်းစားမိလို့ပေါ့….
အမတ်ကြီးလဲ ဆိုးရွားလှတဲ့ ဘဝကိုရင်ဆိုင်ဖို့
မင်္ဂလာအိပ်ခန်းတွင်းကို ဝင်သွားရပြီ…

ဒါပေမယ့် အိပ်ခန်းတွင်းမှာတော့ အလွန်လှပတဲ့
အမျိုးအမီးလေးတစ်ယောက် ထိုင်နေတာကို
တွေ့လိုက်ရလို့ အရမ်းအံ့သြသွားတာပေါ့…

“ဘာတွေဖြစ်ကုန်ပြီ လဲ မိန်းကလေးရေ“ လို့
လှမ်းမေးလိုက်တယ်….

“သင်ဟာကျွန်မနဲ့ ပထမဦးဆုံးတွေ့တဲ့အချိန်မှာ
အလွန်မသတီစရာကောင်းတဲ့ ရုပ်နဲ့တွေ့ပေမဲ့
ကြင်နာစွာ ဆက်ဆံခဲ့တယ်…ဒီအတွက်ကြောင့်
စိတ်ထားကောင်း တဲ့သင့်ကို အခွင့်အရေးတစ်ခု
ပေးချင်ပါတယ်….

ဒါကတော့ နေ့ဘက် ဒါမှမဟုတ် ညဘက် ရှင်ကြိုက်တဲ့
အချိန်ပိုင်းမှာ အခုလိုလှပမွေးပျံ့တဲ့ပုံစံနဲ့
တွေ့မြင်နိုင်အောင် ဖန်ဆင်းထားမယ်လို့
ဆုံးဖြတ်ထားပါတယ်…“လို့ပြန်ပြောလိုက်ပါတယ်။

ဘယ်လောက်များ ရက်စက် နာကျင်စေတဲ့ မေးခွန်းပါလိမ့်…
အမတ်ကြီးလဲသေ ချာစဉ်းစားပြီး အဖြေပေးရတော့မယ်….

နေ့ပိုင်းမှာ ချောမောလှပတဲ့ မိန်းကလေး ကို
မိတ်ဆွေတွေအလည်မှာ ပြသပြီး ညအချိန်မှာ
စုန်းမကြီးနဲ့အတူတူအိပ်မလား. ဒါမှမဟုတ် နေ့ပိုင်းမှာ
စုန်းမကြီးကိုပြသပြီး ကိုယ်ပိုင်အချိန်ဖြစ်တဲ့ညအချိန်မှာ
ပျော်ရွှင်ဖွယ်ရာအချိန်တွေကို ပိုင်ဆိုင်မှာလား..???

အမတ်ကြီးဘာရွေးလိုက်တယ်ဆိုတာကို ဆက်မဖတ်သေးဘဲ

သင်ကိုယ်တိုင်ဆိုရင်ကော
ဘာကိုရွေးချယ်မှာလဲ………?????

**************************************

အမတ်ကြီးရွေးချယ်လိုက်တာကတော့
“ မင်းသဘောအတိုင်းပါဘဲကွာ “

အဲဒီစကားကိုကြားလိုက်တဲ့အခါ အမျိုးသမီးလေးက
အောက်ပါအတိုင်းကြေငြာ လိုက်ပါတော့တယ်…..

“အချိန်တိုင်း လှပတဲ့ပုံစံနဲ့ ရှင့်ကိုမြင်တွေ့စေချင်ပါတယ် “

ဘာကြောင့်လဲဆိုတော့ သူမဘဝကို
သူမစိတ်ကြိုက်စီမံခွင့်ရရှိခဲ့လို့ပါ…

ပုံပြင်လေးရဲ့ အဓိက ဆိုလိုရင်းက ဘာလဲ….?????

သင့်ရဲ့ မိန်းကလေးဟာ သူတို့စိတ်တိုင်းကျ
သူတို့ဘဝကို စီမံခွင့်မရခဲ့ရင်………

***********သင့်အခြေအနေဟာလဲ
နေ့ ဒါမှမဟုတ် ည ပိုင်းတွေမှာ
***********မလှပနိုင်တော့ဘူးပေါ့နော်။

Burmese Treasure · မှကူးယူဖော်ပြပေးပါ၏

နည်းစနစ်ကျကျအတွေးအခေါ် မှ

ကီးဘုတ်အလန်ုးလေး

             Download

Friday, November 21, 2014

သင်လူတစ်ယောက်ဖြစ်ပြီလား

သင်လူတစ်ယောက်ဖြစ်ပြီလား
=====================
သာသနာတော် သက္ကရာဇ် ၃၈၁ နှစ်က ၊ ဒုဋ္ဌဂါမဏိမင်းကြီးသည် ဗုဒ္ဓသာသနာတော်ကို ဖျက်စီးနေကြသော ကြေကုလားမင်းပေါင်း (၃၂) ဦး၊ နောက်လိုက်စစ်သည်ပေါင်း (၂၁၈၇၀၀)ကျော်တို့ကို တိုက်ပွဲကြီး(၂၉) ကြိမ် ဆင်နွဲပြီး၊ (၂) နှစ်ကျော်ကျော်ကြာအောင် ရှင်းလင်းခဲ့ရသည်။ သာသနာ့ရန်သူများ ရှင်းလင်းပြီး ဖြစ်သော်လည်း ဒုဋ္ဌဂါမဏိမင်းကြီးသည် မင်းစည်းစိမ်ကို ချမ်းသာစွာမခံစားနိုင်ဘဲ မအိပ်နိုင်မစားနိုင်ဖြစ်ကာ စိတ်ဆင်းရဲကြီး ဆင်းရဲနေရရှာသည်။
အကြောင်းကား ကြေကုလားများကို သိန်းနှင့်ချီပြီးသတ်ခဲ့သော အကုသိုလ်များကို တွေးမိသောကြောင့်ပါတည်း။ ထိုအခါ ပီယင်္ဂုကျွန်းတွင် နေထိုင်သော ရဟန္တာရှစ်ပါး ကြွလာပြီးလျှင်-

သဂ္ဂမဂ္ဂန္တရာယောစ၊ နတ္ထိတေ တေန ကမ္မုနာ။
ဒီယဍ္ဎ မနုဇာ ဝေတ္ထ၊ ဃာတီတာ မနုဇာဓိပ။

ဒကာတော်မင်းကြီး ကြေးကုလားတို့ကို သတ်ခဲ့သော အကုသိုလ်သည် သင်မင်းကြီးအား နတ်ပြည်မရောက်အောင် မဂ်ဖိုလ်မရအောင် မတားနိုင်ပါ၊ သေသူ လူနှစ်သိန်းကျော် တို့တွင် လူတစ်ယောက်နှင့် တစ်ခြမ်းကိုသာ သတ်ဖြတ်မိရာ ရောက်ပေသည်။

သရဏေသုဋ္ဌိတော ဧကော၊ ပဉ္စသီလေပိ စာပရော။
မစ္ဆာဒိဋ္ဌိစ ဒုဿီလာ၊ သေသော ပသုသမာ မတာ။

အဘယ်ကြောင့်ဆိုသော် သရဏဂုံ သုံးပါးတည်သူ တစ်ယောက် ပါသွားသောကြောင့် လူတစ်ခြမ်းကိုသာ သတ်ရာရောက်၏။ သရဏဂုံ သုံးပါနှင့် ငါးပါးသီလ နှစ်မျိုးလုံးပြည့်စုံသူ တစ်ယောက် ပါသွားသောကြောင့် လူတစ်ယောက်ကို သတ်ရာရောက်သည်။
ထိုနှစ်ဦးမှတစ်ပါး ကြွင်းသောသူတို့ကား အယူမှားသည့် မိစ္ဆာဒိဋ္ဌိများ၊ သီလမရှိသော ဒုဿိလများ ဖြစ်သောကြောင့် နွား၊ကျွဲ၊ဆိတ်၊သိုး စသော တိရိစ္ဆာန် အဆင့်သာ ရှိသောသူများဖြစ်ကြသည်။ ထိုသို့ ဖြေရှင်းပေးလိုက်သောကြောင့် ယုံမှားသံသယနှင့် ကုက္ကုစ္စများ ကင်းကွာကာ ကျန်းမာချမ်းသာစွာဖြင့် သာသနာပြုသွားခဲ့ပါသည်။ သက်တန်းစေ့၍ နတ်ရွာစံသော် အရိမေတ္တေယျ ဘုရားအလောင်းနတ်သားရှိသည့် တုသိတာနတ်ဘုံသို့ ရောက်ခဲ့ရသည်။ ထိုနတ်ဘုံသည် လူသက်နှစ်တွက်လျှင် ငါးဆယ့်ခုနှစ်ကုဋေနှင့် အနှစ်ခြေက်သန်း အသက်ရှည်ပေသည်။ ( မဟာဝန်ကျမ်း)

အနှစ်ချုပ်သင်ခန်းစာ
==============

ဤသာဓကကို ထောက်ဆသောအားဖြင့် သရဏဂုံတည်ရုံ၊ ဗုဒ္ဓဘာသာဖြစ်ရုံနှင့် လူတစ်ယောက်ဟု မခေါ်နိုင်သေး၊ သရဏဂုံနှင့်ငါးပါးသီလ နှစ်မျိုးလုံးပြည့်စုံမှ လူတစ်ယောက်ဖြစ်ကြောင်း သိရပေသည်။
ထို့ကြောင့် သရဏဂုံတည်ရုံနှင့် အားရတင်းတိမ်မနေဘဲ ငါးပါးသီလကိုပါ စောင့်ထိန်းသင့်ကြောင်း ပထမအချက်အနေဖြင့် တိုက်တွန်းချင်ပေသည်။

မေတ္တာရှင် (ရွှေပြည်သာ)
သီလအစွမ်း အံ့မခန်းစာအုပ်မှ ကောက်နှုတ်ဖော်ပြသည်။
(Admin)

ဒို့မြေ ဘာသာ သာသနာကို ဒို့သာကြံကြံ စောင့်ရှောက်အံ့

ဒို့မြေ ဘာသာ သာသနာကို ဒို့သာကြံကြံ စောင့်ရှောက်အံ့
=======================================

ရန်သူနှစ်သိန်းကျော်ကို သတ်ဖြတ်ခဲ့ပါလျက် ဒုဋ္ဌဂါမဏိမင်းကြီး နတ်ပြည်သို့ ရောက်ခဲ့ရသည်။ ဒုဋ္ဌဂါမဏိမင်းကြီး ဖြစ်ရပ်ကိုထောက်ထား၍ အမျိုး၊ ဘာသာ၊ သာသနာကို ဖျက်စီးသောသူများအား တွန်းလှန်တိုက်ခိုက်ဖို့အတွက် မြန်မာအားလုံး လက်တွန့်မနေသင့်ပေ။
ကိုယ့်အမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာအတွက်ဆိုလျှင် ဘုရားအလောင်းတော် သည်ပင်လျှင် ရန်သူများကို ခုခံတိုက်ခိုက် သတ်ဖြတ်ခဲ့သည်သာဖြစ်၏။ တစ်ခါတွင် ဘုရားအလောင်းတော်သည် ရေအိုင်တစ်အိုင်တွင် ဂဏန်းတစ်ကောင် သွားဖြစ်၏။ တစ်ခုသောနေ့တွင် ရေအိုင်မှ ရေများ တဖြည်းဖြည်းခန်းခြောက်လာ၏။
ကောက်ကျစ်သော ဗျိုင်းတစ်ကောင်သည် အိုင်ထဲမှငါးများကို ရေများသောအိုင်ကြီးတစ်အိုင်သို့ ပို့ပေးမည်ဟု လိမ်ပြောကာ ချီယူသွားပြီး လမ်းခုလတ်ရှိ သစ်ပင်တစ်ပင်ပေါ်တွင် စားစားပစ်၏။ အိုင်မှ ငါးများ၊ ဂဏန်းများ တော်တော်ကြီး ကုန်သွားသောအချိန်တွင် အလောင်းတော် ဂဏန်းကိုလည်း ဗျိုင်းကရှေးနည်းအတိုင်း ပြောဆိုစည်းရုံးပြန်၏။
အလောင်းတော်က သင်၏လည်ပင်းကို ငါ၏လက်မများဖြင့် ညှပ်လျက်လိုက်ပါခွင့်ရမည်ဆိုလျှင် ပြောင်းချင်ကြောင်း ပြောလိုက်၏။ ဗျိုင်းသည် အလောင်းတော်၏ ပညာဉာဏ်ကို လိုက်မမှီသည့်အတွက် အလောင်းတော်စိတ်တိုင်းကျ လိုက်ပါခွင့်ပြုလိုက်၏။
ဗျိုင်းသည် အလောင်းတော်ကို ချီယူပြီးလျှင် ရေများသောအိုင်ကြီးထဲသို့ မပို့ဘဲ သစ်ပင်တစ်ပင်ပေါ်သို့ ချီယူလာလေ၏။ သစ်ပင်ပေါ်ရောက်သောအခါ အလောင်းတော်က အဆွေဗျိုင်း ကျွန်ုပ်ကို ရေအိုင်ကြီးထဲသို့ ချမပေးဘဲ အဘယ်ကြောင့် သစ်ပင်ပေါ်သို့ ချီလာရသနည်းဟု မေးလိုက်၏။
ထိုအခါ ဗျိုင်းက “ဂဏန်း - သင်ကား ငါ၏လိမ်ညာမှုကို သင်၏ ရှေ့က ဆွေမျိုးသားချင်းတွေအတိုင်း ခံရလေပြီ”
“သစ်ပင်အောက်တွင် ကြည့်လိုက်လော့၊ သင့်ဆွေမျိုးသားချင်းတို့၏ အရိုးများ၊ အခွံများကို တွေ့ရပေလိမ့်မယ်” ဟု ပြန်ပြော၏။
ထိုအခါ အလောင်းတော်က
“ဟယ် - ဗျိုင်းယုတ် ၊ သင့်ကို ယုံကြည်စိတ်ချမှု မရှိသောကြောင့်ပင် ငါသည် သင့်လည်ပင်းကို လက်မဖြင့်ညှပ်၍ လိုက်ပါခွင့်ရအောင် တောင်းခံခဲ့ခြင်းဖြစ်တယ်”
“ငါကို ယခုပင် ရေများစွာရှိသော ရေအိုင်ကြီးထဲသို့ ပို့လော့၊ မပို့ပါက ဒီသစ်ပင်ကြီးသည်ပင် သင်အသက်ဆုံးရှုံးရာဌာန ဖြစ်ရလိမ့်မယ်” ဟု ပြောဆိုကာ ဗျိုင်း၏လည်ပင်းကို လက်မဖြင့် ညှပ်လေ၏။ ထိုအခါ ဗျိုင်းသည် နာကျင်လွန်းလှသဖြင့် ရေအိုင်ကြီးရှိရာသို့ ပို့ပေးရ၏။
ရေအိုင်အလည်သို့ ရောက်သည်နှင့် ဘုရားလောင်းဂဏန်ကြီးသည် နောက်ထပ် ဆွေမျိုးသားချင်းများကို သတ်ဖြတ်မှုမပြုနိုင်ရန် ဗျိုင်း၏ လည်ပင်းကို သုံးပိုင်းပြတ်အောင် ညှပ်သတ်လိုက်လေ၏။

အမျိုး ဘာသာ သာသနာကို ဒို့သာကြံကြံ စောင်ရှောက်နိုင်ပါစေ။