Pages




Monday, January 6, 2014

ဗုဒ္ဓသာသနာကွယ်ခြင်းအကြောင်း

" ချစ်သား ကဿပ -
ဥပမာအားဖြင့် လောက၌ ရွှေတုငွေတု မပေါ်သေးသမျှ
ရွှေစစ်ငွေစစ်သည် မကွယ်ပျောက်နိုင်၊ရွှေတုငွေတုပေါ်သော
အခါကျမှ သာလျှင် ရွှေစစ်ငွေစစ်ကွယ်ပျောက်သကဲ့သို့
ထို့အတူလောက၌ တရားတု၊ တရားယောင်၊ တရားလက်သစ်
မပေါ်သေးသမျှ သူတော်ကောင်းတို့၏တရားစစ်တည်းဟူသော
သာသနာတော်သည် မကွယ်ပျောက်နိုင်။

 
တရားတု၊ တရားယောင်၊ တရားလက်သစ် ပေါ်ပေါက်
လာသော အခါကျမှသာလျှင်သူတော်ကောင်းတို့၏တရား
စစ်တည်းဟူသော သာသနာတော်သည် ကွယ်ပျောက်
ရလေတော့၏။

ချစ်သား ကဿပ -
ပထ၀ီစသော ဓာတ်ကြီးလေးပါးသည် သာသနာတော်ကို မကွယ်ပျောက်စေနိုင်၊ သာသနာတွင်းမှ ပုဂ္ဂိုလ်များသာလျှင် သာသနာတော်ကို ကွယ်ပျောက်စေနိုင်သည်။ "

- ဗုဒ္ဓ
(နိဒါန ၀ဂ္ဂသံယုတ်၊ သဒ္ဓမ္မရူပကသုတ် )
----------------------------------------------------------
အထက်ပါ ဗုဒ္ဓ၏ဟောကြားချက်ကိုထောက်ထား၍
ဗုဒ္ဓ၏အဆုံးအမ၊ သာသနာတော်ကို မကွယ်ပစေလိုသော သူတော်ကောင်းမှန်သမျှ ထေရ၀ါဒဗုဒ္ဓဘာသာ၏ ရည်ရွယ်ချက်၊
ဖော်ဆောင်ချက်၊ အခြေခံအချက်အလက်များကို သေချာ
ကျနစွာသိရှိရန် လွန်စွာမှအရေးကြီးလှပါသည်။ အဘယ့်ကြောင့်
ဆိုသော် တရားတု၊ တရားယောင်များသည် သိသိသာသာတစ်မျိုး၊
မသိမသာတစ်မျိုး နည်းမျိုးစုံဖြင့် ပေါ်ပေါက်နေသောကြောင့်
ဖြစ်ပါသည်။

သာသနာတွင်းက ပုဂ္ဂိုလ်များသည်သာ သာသနာတော်ကို ကွယ်ပျောက်စေနိုင်သည်ဟူသောဗုဒ္ဓ၏ ဟောကြားချက်ကိုလည်း ကြပ်ကြပ်ကြီး သတိထား၍ မိမိကိုယ်ကို ဦးစွာစစ်ဆေးသင့်သည်။
မိမိကိုယ်တိုင် ထေရ၀ါဒ ဗုဒ္ဓဘာသာနှင့် မကိုက်ညီသော ကျင့်ထုံးများကို ကျင့်သုံး၍နေမိပါကမိမိသည်ပင်လျှင် သာသနာကွယ်ပျောက်အောင် ဖန်တီးသူတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်နေတတ်ပါသည်။

ဆရာတော် အရှင်ဇ၀န ( မေတ္တာရှင် )
သာသနာ တိုးတက်စေဖို့ သတိပြု လိုက်နာသင့်သော အဆုံးအမများ ...
သာသနာ (၅၀၀၀) ဆိုတာ

သာသနာ (၅၀၀၀) ဆိုတဲ့ စကားတွေဟာ သာသနာ မဟုတ်ဘူး။ ရှင်းကြရဲ့လား။
သာသနာဆိုတာ လိုက်နာသူအပေါ်သာ လုံးဝတည်နေတယ်။
လိုက်နာသူက မလိုက်နာရင် ဘုရားရှိနေလည်း မဆိုင်၊ မရှိလည်းဘဲ မဆိုင်ဘူး၊
ဒီဘုရားရှင် ဟောထားတဲ့ အဆုံးအမအတိုင်း လိုက်နာမှု၊
မလိုက်နာမှု အပေါ်မှာသာ တည်တယ်။
သာသနာတည်တယ်ဆိုတာ အဲဒါပဲ ရှင်းကြပလား။

( ကျေးဇူးရှင် မိုးကုတ်ဆရာတော် ဘုရားကြီး )
သာသနာဟူသည်

သာသနာဆိုတာ ဘုရားအဆုံးအမတွေ၊ ဩဝါဒတွေကိုပြောတာ၊ ဒါတွေဟာ ချုံလိုက်လျှင် သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါးပါပဲ။ ဒီသိက္ခာသုံးပါးဆိုတာ ဘုရားကညွန်ပြလို့ သိကြရတာ၊ ဘုရားသာ မပွင့်ပေါ်လျှင် သိက္ခာသုံးပါးဆိုတာလည်း မရှိနိုင်ဘူး၊ "သာသနာကျဆင်းတယ်" ဆိုတာ သိက္ခာသုံးပါး လျှောကျလာတာကို ဆိုတာ၊ သီလတွေ မလုံခြုံ၊ သမာဓိတွေက ပျက်ပြား၊ ပညာတွေကလည်း နည်းပါး ဖြစ်လာကြတာပေါ့။

(အရှင်ဇနကာဘိဝံသ)
သာသနာ ပြု

သာသနာ ပြုရင်တော့ သာသနာတိုးတက်မယ်၊ ဝါသနာပြုရင်တော့ သာသနာ ပျက်စီးမယ်။
ဘဒ္ဒန္တပညာသာမိ
( မကာဟိုခမ်းကျောင်း တာချီလိတ် )
ဘာသာ၊ သာသနာကို တိုးတက်အောင်ပြုပြင်တယ်ဆိုရာမှာ လုပ်လို့ အကုသိုလ်ဖြစ်မယ့် ကိစ္စမျိုးတွေကို မလုပ်ဖြစ်အောင် တားမြစ်တာမျိုး၊ ပြုပြင်တာမျိုးပဲ ဖြစ်ရမယ်။ သူ့ဖာသာထားလို့ လည်း ဘာမှ မဖြစ်၊ ပြင်လိုက်လို့လည်း ဘာမှမဖြစ်တဲ့ကိစ္စ မျိုးတွေကို အတင်းလိုက်ပြုပြင်နေရင် နောင်ဘာဖြစ်လာမလဲဆိုတော့ ဒကာ၊ ဒကာမတွေ ကြား အုပ်စုတွေကွဲ၊ အငြင်းတွေပွားပြီး အကုသိုလ်တွေသာ တိုးပွားသွားစေနိုင်တယ်။

နောက်ထပ် ဥပမာ တစ်ခု အများကြားဖူးတာလေး ထပ်ပြောမယ်ဆိုရင် သီလပေးတဲ့အခါ၊ သရဏဂုံဆောက်တည်တဲ့အခါ ဒကာ၊ ဒကာမတွေက “အာမဘန္တေပါဘုရား” လို့ နောက်ကလိုက်ဆိုကြတယ်။ တချို့ ဆရာတော်တွေက အဲဒါကို “ပါဘုရား” မထည့်ရဘူး ဆိုပြီး အတင်းဖြုတ်ခိုင်းတယ်။ အဲလိုမျိုးပဲ။ “သာဓု၊ သာဓု၊ သာဓု ပါဘုရား” မှာလည်း “ပါဘုရား” ကို ဖြုတ်ခိုင်းကြတယ်။ စာအနေနှင့်ကြည့်ရင်တော့ ဒါကို ဖြုတ်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် “ပါဘုရား” ထည့်လိုက်တော့ရော ဘာများ အဓိပ္ပါယ် မှားသွားလို့လဲ။ ဘာများ အကုသိုလ်ဖြစ်သွားလို့လဲ။ ဘာသာ၊ သာသနာမှာ တခြားတကယ်ပြင်ရမယ့် အရေးကြီးတဲ့ကိစ္စတွေ အများကြီးရှိပါတယ်။ ဒီလို သေးသေးမွှားမွှားလေးတွေကို လိုက်ပြင်နေတာ ဘာမှ အကျိုးမဖြစ်ပါဘူး။ ဒကာ၊ ဒကာမတွေကြား သူ့ဆရာတော်ပြောတာမှ အမှန်၊ ငါ့ဆရာတော်ပြောတာမှ အမှန်ဆိုပြီး အငြင်းပွားဖို့ပဲ ရှိပါတယ်။
( ဆရာတော် တစ်ပါး )
မေတ္တာတရားကို မိမိရဲ့ နှလုံးသားထဲမှာ တည်ဆောက်တာ လိုက်နာကျင့်သုံးသာသည်လည်း ဓမ္မံသရဏံ ဂစ္ဆာမိ ပဲ။ အဲလိုမဟုတ်ပဲ ပါးစပ်ကတော့ဓမ္မံသရဏံ ဂစ္ဆာမိ ၊ ဒါပေမယ့် အမုန်းတရားတွေကိုလက်ခံကျင့်သုံးနေတာဆိုလျှင် ဓမ္မံသရဏံ ဂစ္တာမိ မဖြစ်နိုင်ဘူး။ ထို့ အတူပဲ အမောဟ တဲ့ ၊ အသိပညာတွေရှိဖို့ လိုတယ်။ အသိပညာဆိုတာ လုပ်သင့်တာ နဲ့ မလုပ်သင့်တာ ခွဲခြားသိရမယ်။ အနည်းဆုံး အောက်ထစ်ဆုံး မလုပ်သင့်တာကို ရှောင်ဖို့ ၊ လုပ်သင့်တာကိုလုပ်ဖို့ ခွဲခြားသိရမယ်။ အဲဒီတော့ မိမိသန္တာန်မှာ လောဘ ကိုဖယ်ရှားပြီး အလောဘ ကိုတည်ဆောက်တယ်။ ဒေါသကိုဖယ်ရှားပြီး အဒေါသ ကိုတည်ဆောက်တယ်။ မောဟ ကိုဖယ်ရှားပြီး အမောဟဆိုတဲ့ ပညာတရားကိုတည်ဆောက်တယ်။ အဲဒါဆိုရင် ဓမ္မံသရဏံ ဂစ္ဆာမိ ပဲ။ အဲဒီလိုမှ မလုပ်ဘူးဆိုရင် ပါးစပ်ကဆိုတဲ့ ဓမ္မံသရဏံ ဂစ္ဆာမိ သည် အကျိုးတရားတွေကို ထွက်ပေါ်လာစေမှာမဟုတ်ဘူး။ အဲဒါကြောင့်မို့ တရားတွေကိုလက်ခံကျင့်သုံးရတယ်။

( ပါမ္ခောချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ )
စိစစ်သင့်သူ

တရားဟောသူထက် တရားနာသူ က ပိုပြီး စိစစ်တတ်ရမယ်။

(ဂျပန် ပညာရှိတစ်ဦး)
သာသနာ့ဝန်ထမ်းများသို့

သာသနာ့ဝန်ထမ်း ဖြစ်အောင်ကြိုးစားကြပါ။
သာသနာ့ဝန်စီး မဖြစ်ကြပါစေနဲ့။

( မင်းကွန်းဆရာတော် )
ရွှေအိုးနှင့်မြေအိုး

ရွှေအိုးတွေ တိုက်ကွဲသွားပေမယ့် သူ့တန်ဘိုးရှိတယ်။
မြေအိုးတွေ တိုက်ကွဲသွားရင်တော့ ဘယ်နေရာမှ အသုံးမ၀င်တော့ဘူး။
ဘာသာရေးဦးစီးဦးဆောင်နေတဲ့ ပုဂ္ဂိုလ်များဟာ ရွှေအိုးတွေဖြစ်ကြသည့်အတွက် ပဋိပက္ခဖြစ်လို့ ကွဲသွားရင်တောင် သူ့နေရာနှင်သူ အသုံးဖြစ်သေးတယ်၊
မြေအိုးနှင့်တူတဲ့ လူငယ်တွေ မေတ္တာခန်းခြောက်သွားရင် နောက်ဆုတ်ဖို့ဘဲရှိတယ်။
ဒါကြောင့် ဦးဆောင်တဲ့ရွှေအိုးများက မြေအိုးနှင့်တူတဲ့ လူငယ်တွေကို အနာဂတ်မှာ ပခုံးပြောင်းပေးရမှာမို့ မေတ္တာရှေ့ထားပြီး ညီညွတ်စွာ လက်တွဲသင့်ပါတယ်။

( ပထမတောင်ကျာင်းကြီးဆရာတော်၏သြ၀ါဒကိုအနည်းငယ်ပြင်ဆင်ထားသည်။ )
( အရှင်သူရိယ မှတ်စု )
..............................
https://www.facebook.com/World0fWisdom
မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်

Sunday, January 5, 2014

စုစည်းထားသော ဒဿနများ

ကျွန်တော် ဖတ်ဖူးသမျှ ဒဿန စကားများကို စုစည်း ဖော်ပြပေးလိုက်ပါတယ် ။ ရေးထား သူတွေကိုတော့ များ နေလို့ 
မဖော်ပြဖြစ်တာကို ခွင့်လွှတ်နားလည်ပေးပါလို့  တောင်းပန်ချင်ပါတယ် ။
သူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
ညချစ်သူ
တစ်ပါးသူဟာ ဘယ်လောက်ပဲ ဆိုးနေပါစေ၊ ကိုယ့် ကိုယ် နာကျင်အောင် လုပ် ခဲ့ပါစေ  သူ့ကို ခွင့်လွတ်တတ် ရမယ်။
လက်လွတ်တတ်ရမယ်။ ဒါမှ တကယ့်ပျော်ရွှင်မှုကို ကိုယ်ကရနိုင်မှာဖြစ်တယ်။

ပျော်ရွှင်ချိန်မှာ ဒီပျော်ရွှင်မှုဟာ ထာဝရမဟုတ်ဘူးဆိုတာ နားလည်ထားရသလို စိတ်ပျက် အားငယ်ချိန်မှာလည်း ဒီအား
ငယ်မှုတွေဟာ အမြဲတမ်းမဟုတ်ဘူးလို့ နားလည်ရမယ်။

ဒီနေ့ရဲ့ တစ်ဇွတ်ထိုးက မနက်ဖြန်အတွက် နောင်တကို ဖြစ်စေတယ်။

စကားတစ်ခွန်းတည်းနဲ့ လူတစ်ယောက်ရဲ့ဘဝကိုပျက်စီးစေနိုင်တယ်။

စကားအခွန်းတစ်ထောင်သုံးမှ လူတစ်ယောက်ကို ပြုစုပျိုးထောင်နိုင်တယ်။

ဒါကြောင့် သင့်ပါးစပ်ဖျားမှာ ကိုယ်ချင်းစာတရားကို ချိတ်ဆွဲထားပါ။

ကိုယ့်ရဲ့ အသိဥာဏ်ပညာကြားမှာ စိတ်ကြီးဝင်တဲ့ ပေါင်းမြက်တွေ စိုက်ပျိုးမထားပါနဲ့။

ကိုယ့်ရဲ့ မဝင့်ဝါတဲ့စိတ်ကြောင့် အသိဥာဏ်တွေ မယုတ်လျော့သွားစေနဲ့။

သူ့ကို မနာလိုဖြစ်တိုင်း ကိုယ့်အတွက် ဘာကောင်းကျိုးမှ မဖြစ်စေဘူး။

သူ့ကို မနာလိုဖြစ်တိုင်း သူ့အောင်မြင်မှုတွေ လျှော့သွားမှာ မဟုတ်ဘူး။

ပုလင်းချင်းအတူတူ ဘာကြောင့် ကိုယ့်ပုလင်းထဲ အဆိပ်တွေထည့်ရမှာလဲ?

ခံစားတတ်တဲ့ စိတ်ချင်းအတူတူ ဘာကြောင့် ကိုယ့်စိတ်ထဲ မပျော်ရွှင်တာတွေ ထည့်ရမှာလဲ?

ကိုယ့်ကိုယ်ကို ရိုးသားမှုရှိလာတဲ့အခါ လောကမှာ ဘယ်သူ့မှ ကိုယ့်ကိုလိမ်ညာလို့ မရနိုင်တော့ဘူး။

အတိတ်က ကြုံတွေ့ နေရသော မအောင်မြင်မှုများ၊ ၀မ်းနည်းဖြင်းများ၊ မှားယွင်းမှုများကိုထပ်တလဲလဲ တွေးနေမည့်
အစားထိုအရာများကို သင်ခန်းစာယူပြီး လိုလားတောင့် တမှုများပြည့်ဝအောင်သာ ကြိုးစားပါ။

မိမိစွမ်းဆောင်နိုင်သောစွမ်းအားကို  ကိုယ်ကျိုးအတွက်ချည်းလည်း မသုံးသင့်ပေ။ထို့ ထက်....မကောင်းသောကိစ္စများ
တွင် ပို၍ မသုံးသင့် ပေ။

ဆိုးကျိုးကောင်းကျိုးများသည် မလိုချင်လည်း ရလာနိုင်သော်လည်း လိုချင်သော်လည်း ရလာမည်မဟုတ်ပေ။သင့်အနေ
နှင့် ကတော့ မည်သည့် ရလဒ်ကိုပဲဖြစ်စေ အကောင်းဆုံးရင်ဆိုင်နိုင်သော စိတ်ဓာတ်ကိုသာ မွေးမြူထားသင့်ပေဧ။် ။။

အပျက် သဘောဆောင်သည့် အတွေးသည် ဆိုးကျိုးကိုသာ ပေးသည်။ ထိုအတွေးကို ကောင်းသည်ဟု ထင်လျှင်တော့  အဆိုးဝါးဆုံး ဖြစ်ပေတော့ သည်။

အထက်ကို တက်တော့ မည်ဆိုလျင် လမ်းတိုသည် ရှည်သည် ကြမ်းသည်  ချောသည်  ရွေးချယ်နေမည့်အစား နှင့်သင့်
လျော်သော အမြန်ဆုံး အပေါ်ရောက်နိုင်သည့် လမ်းကိုသာရွေးချယ်ပါ။

ချစ်ခြင်းမေတ္တာသည် စိတ်ဓာတ်မခိုင်မာနှင့်  တန်ဖိုးမသိသူတို့ ထံသို့  လာလေ့မရှိပေ။ထိုသူများ ရသောမေတ္တာမှာလည်း
အစစ်အမှန် မဟုတ်ဘဲ အတုသာ ဖြစ်ပေလိမ့်မည်။

အခြားသူများအား ပြစ်တင်ဝေဖန်တော့ မည်ဆိုလျှင် ဦးစွာ မှန်တစ်ချပ်ရှေ့ ရပ်ပြီးထိုစကားလုံးများကို အရင်ရွတ်ဆိုကြည့် 
သင့်ပါသည်။
အခွင့်အရေး ဟူသည် လူတိုင်းဆီသို့  တစ်ကြိမ် မဟုတ် တစိကြိမ် ရောက်လာလေ့ရှိပါသည်။ထိုအခွင့်အရေးကို အသုံးချ
တတ်ခြင်းနှင့်ဥပေက္ခာပြုနေခြင်းကြောင့်သာ ရရှိသောရလဒ်ခြင်းမတူညီကြခြင်းဖြစ်ပါသည်။

ရွှေအစရှိသော ရတနာတို့ သည် တန်ဖိုးသတ်မှတ်ချက်များ အသီးသီးရှိကြသည်။ကိုယ်ပိုင်တွေးတောကြံဆမှုမှ ရရှိသော
စိတ်ကူးသည် တန်ဖိုးမဖြတ်နိုင်သည့်ရတနာပင် ဖြစ်ပေသည်။

သင်ဒုက္ခဆင်းရဲနှင့်  ကြုံတွေ့ နေစဉ်က ဥပေက္ခာပြုထားခဲ့သူသည် သင် ကြီးပွား ချမ်းသာ လာသောအခါ သူကရှေ့ဆုံးမှ
ရောက်လာလေ့ရှသည်။

ပျော်ရွှင်မှုရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ စိတ်ပါသည်ဖြစ်စေ စိတ်မပါသည်ဖြစ်စေဘ၀တက်လမ်းအတွက် မှန်ကန်သော
ရွေးချယ်မှုဆိုပါက သင့် အနေနှင့် ကြိုးစားသင့်ပေသည်။
အပြုသဘောဆောင်သည့် စိတ်ကနည်းလမ်းကောင်းများကို ရှာဖွေနေချိန်မှာ အဖျတ်သဘေဆောင်သည့်စိတ်က ပျက်စီး
စေနိုင်သော နည်းလမ်းများကိုသာ တွေးတောကြံဆနေလေသည်။

မည်သည့်အရာကိုမဆို စိတ်အားထက်သန်မှုနှင့် ဆောင်ရွတ်ပါက ကြောက်စိတ်နှင့် စိုးရိမ်စိတ်တို့ မှာအဝေးသို့  ဖယ်ခွာ
သွားလေ့ရှိသည်။

စာဖတ်ခြင်းသည် အသိပညာ အတွက်ဖြစ်ပြီး လက်တွေ့ လုပ်ခြင်းက အတတ်ပညာ အတွက်ဖြစ်သည်။ထိုနှစ်ခုကို ညီမျှ
အောင်လုပ်မှ ဘ၀ဟန်ချက်ညီပေမည်။
သင်အသက်ရှင်နေသမျှ ကာလပတ်လုံး မည်သို့ အသက်ရှင် နေထိုင်ရမည်ကို သင်ယူနေပါ။

သင့်ကိုသင် ထင်မြင်ထားသလို သင်ဖြစ်လာလိမ့်မည်။

“ အမှန်တရား ” ဟုထင်သော အလုပ်တစ်ခုခုကို လုပ်တော့မည်ဆိုလျှင်ထိုအလုပ်သည်ရောမှန်ရဲ့လားဟု ပြန်လည်ဆန်း
စစ် သင့်ပါတယ်။

လောကကြီး၏ သာယာမှုများမှာ စွမ်းအားကောင်းလှကြောင်း သံသယဖြစ်ဖွယ်မရှိပါချေ။ယင်းသာယာမှုများ၏ ဆွဲဆောင်
တုပ်နှောင်မှုမှာ မသိမှု (Ignorance)“ အသိညဏ် နည်းပါးခြင်း ”ဟူသော မောဟမိခင် ဖြစ်ပါသည်။

ဘ၀မှာ အခက်အခဲ တစ်ခုတွေ့တိုင်း မိမိအတွက်ရင့်ကျက်မှု တစ်ခုရစမြဲဖြစ်ရာအခက်အခဲတစ်ခုတွေ့တိုင်း စိတ်မပျက်ပါ
နှင့်အတွေ့အကြုံသစ် ဒါမှမဟုတ် မိမိအတွက် ဘ၀သင်ခန်းစာ တစ်ခုလိုသဘောထားနိုင်ရင်ဘ၀မှာနေပျော်ပါတယ်။

ဝါသနာကို ပြုစုပျိုးထောင်ရသည်မှာ သစ်ပင်တစ်ပင် စိုက်သကဲ့သို့……ဇွဲရှိရတယ်…….။စိတ်ရှည်ရတယ်………..။
ပြုစုပျိုးထောင်မှု ကောင်းရတယ်……….။သို့မှသာ…..။သစ်ပင်မှ အသီးအပွင့်ကို စားရသကဲ့သို့ ၀ါသနာဖြင့် ဆောင်
ရွက်ရသောအသက်မွေးဝမ်းကျောင်းမှရသော “ အကျိုးအမြတ် ” ကိုလည်း မလွဲမသွေ ခံစားရနိုင်ပါသည်။

နွေရာသီကို နှစ်သက်သော သင့်အတွက်မိုးရာသီနှင့်ဆောင်းရာသီကတော့ မလွဲမသွေကျော်ဖြတ်ရပါမည်။
ထို့အတူပါပဲ… အချစ်ကိုလိုချင်သူများ အတွက်လည်း.“ သောကနှင့်ဒုက္ခ ” ကိုတော့ မလွဲမသွေ လက်ခံရတတ်ပါသည်။

ချစ်သူဘ၀မှာ အလှကိုကြည့်တာထက် ဘ၀ကိုကြည့်ပါ။အိမ်ထောင်သည်ဘ၀ရောက်ကြတဲ့အခါဘ၀ကိုကြည့်တာထက်
“ စိတ်အလှ ” ကိုမြင်အောင်ကြည့်ပေးပါ။

ပျားရည်လို ချိုမြိန်သောအချစ်….ပန်းတစ်ပွင့်လိုလှပသောဘ၀ထိုနှစ်ခုကို ဆုံဆည်းဖို့  နှလုံးသားကို လမ်းခင်းပေးပါ။

လမ်းမသိတဲ့လူဟာ လမ်းမှာ တွေ့သမျှလူကို မေးသွားတာ နောက်ဆုံး သူသွားချင်တဲ့ ခရီးကို ရောက်နိုင်တယ်။ သိချင်
ယောင်ဆောင်တဲ့ လူကတော့ ဘယ်သူ့ကိုမှ မမေးဘဲသွားလို့သူလိုချင်တဲ့ခရီးကို မရောက်နိုင်တော့ဘူး အန္တာရယ်တွေ
ထဲမှာ မိမိကိုယ်ကို လိမ်ခြင်းမှာအန္တာရယ် အကြီးဆုံးပါပဲ…….။

ဘ၀တစ်ခုကို စတင်တည်ထောင်ရာတွင် သင်နှစ်သက်သော အလုပ်ကို ရသည်ထက် ရလာသော အလုပ်ကို လုပ်၍
စတင်ရပါမည်။အသင့်အတင့်ရပ်တည်နိုင်မှသင်နှစ်သက်သောအလုပ်ကို ပြောင်းလဲလုပ်ကိုင်နိုင်ပါသည်။ စကာစ၌ပင်
အလုပ်ရွေးနေလျှင်….သင့်အတွက်ဘာတစ်ခုမှ အောင်မြင်မည် မဟုတ်ပေ…….။

လောကသဘာဝက ခန္ဒာကိုယ်ကိုပဲ ဖန်ဆင်းပေးလိုက်တာပါ။အဲဒီခန္ဒာကိုယ်ကို လှုပ်ရှားပေးနိုင်မယ့် “ စိတ် ”ကိုတော့
မိမိဘာသာ မွေးမြူပျိုးထောင်ရတာပါ။

ဘ၀ရဲ့ဒဏ်ကို ကြမ်းကြမ်းတမ်းတမ်းခံခဲ့ရသူတွေမှာ ဆူးတစ်ချောင်း ရှိပါတယ်။အဲဒီဆူးဟာအရာရာကိုထိုးဖောက်ပစ်နိုင်
တယ်။

ကြီးပွားချမ်းသာတဲ့ လူတစ်ယောက်ဖြစ်ဖို့ ပထမဆုံးလိုအပ်ချက်က ကြီးပွားချင်စိတ်ဆန္ဒအား ပြင်းပြဖို့နဲ့ အမှန်တကယ်
ကြီးပွားအောင် လုပ်ကိုလုပ်ရမယ်ဆိုတဲ့ဆုံးဖြတ်ချက် ခိုင်မာစွဲမြဲဖို့ပါပဲ………….။

လူတိုင်းမှာအလှတရားကိုယ်စီရှိကြသော်လည်းအချစ်စစ်နဲ့ထိုက်တန်သော အလှတရားကတောာ့ လူတိုင်းမှာမရှိနိုင်ပေ။

သင်လိုချင်သော်လည်း အလွယ်တကူ မရရှိနိုင်သည်မှည “ပျော်ရွင်ခြင်း ” ဖြစ်၏။
သင်မလိုချင်သော်လည်း အလွယ်တကူ ရနိုင်သောအရာမှာ “ ၀မ်းနည်းခြင်း ” ပင်ဖြစ်၏။

စိတ်ထားခိုင်မာသူ တစ်ယောက်အဖို့ ဒုက္ခဆင်းရဲဟူသည် …“ ရုပ်အသွင်ဖျက်လာသော အောင်မြင်ခြင်း တမန်တော် ”
ဖြစ်ကြောင်းအလွယ်တကူသိနိုင်ကြပါသည်။

လူပျော့လူညံ့တို့၏ အလုပ်က ဘယ်အချိန်မှရမည် မသိသေးသည့် အခွင့်အလမ်းတို့ကိုအချိန်ကုန်ခံ၍ စောင့်မျှော်လေ့ရှိ
သည်။ စိတ်ဓါတ်စွမ်းအား ထက်သန်သူတို့ ကတော့ သူတို့လိုချင်သည့် အခွင့်အလမ်း ကို မရမချင်း လိုက်ရှာ လေ့ရှိကြ
သည်။

“လိမ့်နေသောကျောက်တုံးသည် ရေညှိမတင်” ဟူသောစကားအတိုင်း အမြဲလှုပ်ရှားကြိုးစားနေသူကို“ ပျင်းရိခြင်း”သည်
လာရောက်တွယ်ကပ်နိုင်မည် မဟုတ်ချေ။

လူ့စိတ်သည် သင်ယူခြင်းမရှိဘဲ မတိုးတတ်နိုင်။

လက်မထပ်ခင်က ယောက်ျားလေးများ၏ အချစ်သည် မိန်းကလေများထက် များစွာပိုပြီး လက်ထပ်ပြီးနောက်တွင် မိန်းက
လေးများအချစ်က တဖြည်းဖြည်း ပိုလာလေ့ရှိပါတယ်။

လူတွေဟာ ကြောင်းကျိုးဆင်ခြေဥာဏ် မရှိကြတဲ့အပြင်“အတ္တမာနစိတ်” ကြီးမားလွန်းကြပါတယ်။
ဒါပေမယ့် “ မေတ္တာထားလိုက်ပါ ”။

သူတစ်ပါးကကိုယ့်ကို စော်ကားမှာမကြောက်ပါနဲ့။ကိုယ်ကသူတစ်ပါကို စော်ကားမိမှာကိုပဲ ကြောက်ပါ။

ကြီးပွားလိုသောစိတ်နှင့် ကြီးပွားမည်ဟူ၍ ယုံကြည်လျက် ကြီးပွားသော အခြေအနေကိုသာထင်မြင်ပါကထိုအထင်အမြင်
အတိုင်း ဖြစ်မြောက်စေရအောင်အတွင်းစိတ်က ဖန်တီး၍ပေး၏။

လေးနက်ခိုင်မြဲသော အချစ်ဆိုတာ တဖြည်းဖြည်းချင်း ရှင်သန်လာတတ်ပါတယ်။
အချစ်စစ် အချစ်မှန်ဆိုတာကလည်း အချိန်ကာလနဲ့လေးနက်မှုရှိမှ ပေါက်ဖွားလာတတ်ပါတယ်။

ပျော်ရွှင်မှုသည် ကျွန်ုပ်တို့အပေါ်တွင် မူတည်သည်။ ကျွနိုပ်တို့ ရှာဖွေရရှိသော ငွေကြေး (သို့) ဘ၀တွင် ကျွန်ုပ်တို့၏
ရပ်တည်ချက်ဟူသည် အပေါ်မတည်မှီပါ။

ငယ်စဉ်ကာလ လမ်းလျှောက်တတ်စမှာဘေးနားမှာ အဖေါ်တစ်ယောက်လိုတယ်။
ကိုယ့်ခြေထောက်ပေါ်ရပ်တည်နိုင်တော့ မလိုတော့ဘူး….ဒါပေမယ့်……….အသက်အရွယ်အိုမင်းမစွမ်းဖြစ်လာပြန်တော့
လက်တွဲဖေါ်လိုလာပြန်ရော……….။

ဘ၀အတွေ့အကြုံ နုနယ်သေးတဲ့လူတွေဟာ အချစ်နဲ့ထိတွေ့လိုက်တာနဲ့ အရူးအမူးဖြစ်ပြီး“အချစ်ထက် ပိုပြီးအရေးကြီး
တာမရှိတော့ဘူး”လို့ ထင်တတ်ကြပါတယ်။ရင့်ကျက်လာတဲ့ အခါရောက်တော့မှ အချစ်ထက်ပိုပြီးအရေးကြီးတဲ့အရာတွေ
အများကြီးရှိမှန်းသိကြတယ်။

အနာဂတ်ကာလ၏ လျောက်လှမ်းရမည့်လမ်းကို အကောင်းဆုံးထုဆစ်ပေးနိုင်သူမှာ“အတိတ်ဘ၀၌ ကျန်ခဲ့သော မှားယွင်း
မှုများ”ပင်ဖြစ်ပါသည်……….။

ထမင်းငတ်လို့သေတဲ့ “မသာ” တော့မရှိပါဘူး။ဒါပေမယ့်…….ဆင်းရဲရင်တော့ သေတတ်ပါတယ်………..

Saturday, January 4, 2014

ပြည်နယ်နှင့်တိုင်း အသီးသီးတွင် နိုင်ငံကူးလက်မှတ် လုပ်နိုင်ပြီ Share

ပြည်နယ်နှင့်တိုင်း အသီးသီးတွင် နိုင်ငံကူးလက်မှတ် လုပ်နိုင်ပြီ
Share
Posted by mmnewshub on Thursday, January 2, 2014 · Leave a Comment 

နေပြည်တော်၊ မဇ္ဈိမ . 2January 2014   —-   မြန်မာနိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) ထုတ်ပေးသည့် ရုံးများကို နေပြည်တော် အပါအဝင် ပြည်နယ်နှင့် တိုင်း ၁၅ ခု တွင် ၂၀၁၄၊ ဇန်နဝါရီ ၂ ရက်၌ တစ်ပြိုင်တည်း ဖွင့်လှစ်လိုက်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။
ပြည်ပကိုသွားရောက်ရန် မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားလိုသူများအနေဖြင့် မှတ်ပုံတင်မူရင်း၊ သန်းခေါင်စာရင်းမူရင်း ရှိပါက
လျှောက်ထားနိုင်မည်ဖြစ်ကာ ကုန်ကျစရိတ် ၂၅,၀၀၀ ကုန်ကျမည်ဖြစ်ပြီး လျှောက်ထားသည့်နေ့မှ ၁၀ ရက်အတွင်း ရရှိမည် ဖြစ်သည်။
ပြည်နယ်နှင့်တိုင်း ပတ်စ်ပို့ရုံးခွဲများတွင် ပြည်ပသို့ အလည်သွားမည်သူများ၊ အလုပ်အကိုင်ဖြင့် သွားမည့်သူများ၊ ပညာတော်သင် သွားမည့်သူများ၊ စီးပွားရေးဖြင့် သွားမည့်သူများ၊ ဘာသာရေးဖြင့် သွားမည့်သူများ၊ မှီခိုဖြင့် သွားမည့်သူများ၊ သင်္ဘောသားများစသော အမျိုးအစား ၇ မျိုးကို ထုတ်ပေးမည် ဖြစ်သည်။
ယခင်က မြန်မာနိုင်ငံကူးလက်မှတ်များကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တွင်သာ လျှောက်ထားနိုင်သော်လည်း ဇန်နဝါရီ ၂ ရက်မှစကာ တိုင်းနှင့်ပြည်နယ် အသီးသီးတွင် စတင် လျှောက်ထားနိုင်ပြီဖြစ်ကာ ပုံစံ ၁၇၊ ၁၉လိုအပ်ချက်များကဲ့သို့ လျှောက်ထားရမည့် လုပ်ငန်းစဉ် အဆင့်များကိုလည်း လျော့ချလိုက်ပြီ ဖြစ်သည်။
Written by  မဇ္ဈိမသတင်းဌာ

Thursday, January 2, 2014

အကောင်းဆုံး Launcher တစ်ခုဖြစ်တဲ့ Next Launcher 3D Version 2.09

အားလုံးလည်းသုံးဖူးကြပြီးသားဖြစ်မှာပါ။အဲ့ဒါကြောင့်အထူးတလည်မိတ်ဆက်ပေးစရာမလိုတော့ဘူးလို့ထင်ပါတယ်။ ရုပ်ထွက်နဲ့ ဒီဇိုင်းကတော့ ပြောနေစရာမလိုလောက်အောင် အားလုံးက သိပြီးသားဖြစ်နေမှာမို့လို့ version အသစ်လေးအတိုင်းပဲ တင်ပေးလိုက်ပါတယ်။ အသုံးပြုလိုသူတွေအတွက် android version 2.2 နဲ့အထက်မှာ ရှိရုံနဲ့ ကောင်းမွန်စွာအသုံးပြုနိုင်ပါပြီဗျာ။

                Download

Wednesday, January 1, 2014

ထိုင်း ဒဿနများ

ထိုင်းဒဿနများဆိုဒ်သို့

MX Player Pro v 1.7.22 For Android (အလန်းလေးမှကြိုက်တဲ့ သူတွေအတွက် Video Player

Android ဖုန်း တွေမှာ original ပါတဲ့ Video Player က ဗီဒီယို format အများကြီး ဖွင့်လို့မရပါဘူး ။ အခုပေးမယ့် MX Player Pro v1.7.22 ကတော့ Video format ပေါင်းစုံကိုလည်း ကြည့်နိုင်သလို

 ဗီဒီယိုတွေမှာစာတန်းထိုး Subtitle ထည့်သွင်းထားတယ်ဆိုရင်လည်း ဒီ Video Player လေးက subtitle စနစ်ကိုအထောက့်အပံ့ပေးနိုင်ပါသေးတယ်။ အရမ်းလန်းတဲ့ Video Player လေးပါ။
 MX Player Pro  ကို Google Play မှာ 5.68 ဒေါ်လာပါ။။ အပေါ်မှာ သူ့ဈေးပါ ။။
ဒီမှာတော့ free ပေါ့ ။
                    Download