Pages




Thursday, October 16, 2014

လောကမှာငွေရှိရင်ဘာမဆိုဖြစ်တယ် လို့ ထင်နေကြသူတွေ ဖတ်ကြည့်ပေးပါ……။

၁။ပိုက်ဆံပေးပြီး အစား အသောက်တွေ(Food) ကို မင်းဝယ်
လို့ ရလိမ့်မယ်၊ စားချင်စိတ် (Appetite) ကို ဝယ်လို့ မရဘူး။
၂။ ပိုက်ဆံပေးပြီး ဟာသတွေ (Fun) ကို မင်း ဝယ်လို့ ရလိမ့်
မယ် ၊ပျော်ရွှင်ခြင်း (Joy) ကို ဝယ်လို့ မရဘူး။
၃။ပိုက်ဆံပေးပြီး အပေါစား မိန်းမတွေ အများကြီး ကို မင်း
ဝယ်နိုင်လိမ့်မယ်၊ မေတ္တာတရား (Love) ကို ဝယ်လို့မရဘူး။
၎။ပိုက်ဆံပေးပြီး ဆေးဝါး ပစ္စည်းတွေ (Medicine) ကို မင်း
ဝယ်လို့ရ လိမ့်မယ်၊ ကျန်းမာခြင်း (Health) ကို ဝယ်လို့ မရဘူး။
၅။ပိုက်ဆံပေးပြီး စာအုပ်တွေ အများကြီး (Books) ကို မင်း ဝယ်
လို့ ရလိမ့်မယ်၊ အသိပညာ (Knowledge) ကို ဝယ်လို မရဘူး။
၆။ပိုက်ဆံပေးပြီး အိမ် ဆိုတဲ့ အဆောက်အဦး (House)ကိုမင်း
ဝယ်လို့ ရလိမ့်မယ်၊ ကိုယ့်မြေ ကိုယ့်ရေနဲ့ ရှင်သန်ရာ ဘဝ အိမ်
(Home)ကို ဝယ်လို့ မရဘူး။

၇။ပိုက်ဆံပေးပြီး အိပ်ယာ အကောင်းစားတွေ (Bed) ကို မင်း
ဝယ်နိုင်လိမ့်မယ်၊ ချိုမြိန်စွာ အိပ်စက်ခြင်း (Sleep) ကို ဝယ်လို့
မရဘူး။
၈။ပိုက်ဆံပေးပြီး အရေး ပါတဲ့ နေရာ တစ်နေရာ (Position)
ကို မင်း ဝယ်လို့ ရလိမ့်မယ်၊ လေးစားမှု (Respect) ကို ဝယ်
လို့မရဘူး။
၉။ပိုက်ဆံပေးပြီး ဖိတ်ဖိတ်တောက်နေ တဲ့ အဖိုးတန် ပစ္စည်း
တွေ(Glitter)ကို မင်း ဝယ်လို့ရလိမ့်မယ်၊ လှပ တင့်တယ် မှု
(Beauty) ကို ဝယ်လို့ မရဘူး။
၁၀။ပိုက်ဆံပေးပြီး နာရီ (Clock) ကို မင်း ဝယ်လို့ ရလိမ့်မယ်၊
အချိန် (Time) ကို ဝယ်လို့ မရဘူး။
၁၁။ပိုက်ဆံပေးပြီး ဂြိုဟ်တု တစ်လုံး (Satellite) ကို မင်း ဝယ်
လို့ ရလိမ့်မယ်၊ နည်းပညာ (Technique) ကို ဝယ်လို့ မရဘူး။
၁၂။ ငွေကြောင့် အသိ အကျွမ်းတွေအများကြီး (Acquaintances)
မင်း ဖန်တီးနိုင် လိမ့်မယ်၊မိတ်ဆွေ စစ်တွေ (Friends) ကို ဝယ်လို့
မရဘူး။
၁၃။ ငွေကြောင့် အချွေ အရံတွေ အများကြီး (Servant) မင်း ထား
နိုင်လိမ့်မယ်။ သစ္စာ ရှိမှု (Faithfulness) ကို ဝယ်လို့ မရဘူး။
၁၄။အနား ယူချိန်တွေ၊ အားလပ်ချိန်တွေ (Leisure) ကို မင်း ဝယ်လို့
ရချင်ရလိမ့်မယ်။ ငြိမ်းချမ်းခြင်း (Peace) ကို ဝယ်လို့ မရဘူး။
၁၅။အဖြစ်ပျက် ဟောင်းတွေကို သတိ မရအောင် ခေတ်သစ် တစ်ခု
(New Age) ကိုမင်းဝယ်နိုင်လိမ့်မယ်၊လုံးဝ မေ့ပျောက်ခြင်း (forgets)
ကို ဝယ်လို့ မရဘူး။
၁၆။ ငွေပုံပေးပြီး လူ သတ်ခိုင်းလို့ ရတယ်၊ အသက် တစ်ချောင်း
ကိုငွေ ပုံပေးပြီး ပြန် ရှင်အောင်လုပ်လို့ မရဘူး။
၁၇။ ငွေပုံပေးပြီး အရှက် ကွဲအောင် လုပ်လို့ ရတယ်၊ အရှက်တကွဲ
အကျိုး နည်းဖြစ် သွားပြီးရင်တော့ ငွေ ပုံပေးပြီးသိက္ခာ ဆည်လို့မရ
ဘူး။
၁၈။ ငွေပုံပေးပြီး မလုပ်ဖြစ်အောင် မင်း တားနိုင် လိမ့်မယ်၊ လုပ်ပြီး
သွားရင်တော့ ပကတိ အတိုင်းဖြစ်အောင်ပြန် ကာလို့မရဘူး။
၁၉။ ငွေပုံပေးပြီး အကောင်းပြော ခိုင်းလို့ ရလိမ့်မယ်၊ အကောင်းမြင်ခိုင်း
လို့မရဘူး

Sunday, October 12, 2014

အခက်အခဲကိုယ်စီနဲ့ ကိုယ်ပိုင်ဘ၀များ

ကိုယ့်မှာဘဲ အခက်အခဲတွေရှိတယ်မထင်နဲ့ ၊ သောကတွေရှိတယ်မထင်နဲ့ ၊ ဆင်းရဲမှူတွေရှိတယ်မထင်နဲ့ ။
တစ်လောကလုံးမှာ ကိုယ့်လိုလူတွေအများကြီးဆိုတာ တွေးထားပါ။ အရင်ရှိခဲ့ဖူးတာ၊ ယခုရှိနေတာနဲ့ နောင်
ရှိလာတော့မယ်ဆိုတဲ့ အချိန်သာကွာခြားပါတယ်။

ပြီးပြည့်စုံတဲ့ဘ၀မျိုး သိပ်ရှာရခက်လိမ့်မယ်။ ကိုယ့်ပတ်ဝန်းကျင်က လူတွေက အပူရုပ်ကို ဟန်လုပ်နေကြ
တဲ့ လူတွေများတယ်။ ဘ၀ပေးအခြေအနေနဲ့ လိုက်ပြီး အမျိုးမျိုးရင်ဆိုင်ဖြေရှင်းနေကြရတယ်။ အခက်အခဲ
ဆိုတာချည်းကို ခံစားနေဖို့ အချိန် ဘ၀မှာသိပ်နည်းပါတယ်။

အချိန်နဲ့ ဘ၀က သူ့ ဟာသူ ဟန်ချက်ညီအောင်ရှိနေပါစေ၊ မိမိကအခက်အခဲကြီးကိုကိုင် ခံစားမှုကြီးကိုပိုက်ပြီး
သွားအလုပ်မပေးသင့်ဘူး။ လက်ရှိထက် နှစ်ဆပိုပန်းသွားနိုင်တယ်။ အောင်မြင်မှုတွေဟာ အခက်အခဲတွေအဖြစ်
အယောင်ဆောင်လာတတ်တာကို သိထားရမယ်။

လူဆင်းရဲတစ်ယောက်ဟာ လက်ထဲမှာ ၂၉ ဒေါ်လာကို ကိုင်ပြီး သေလောက်အောင်စိတ်ညစ်နေတယ်။ သူ့ 
ဘ၀က မိသားစုကတောင်ပစ်သွားတဲ့အထိ ဆိုးရွားခဲ့တာပါ။ သိပ်အေးတဲ့ရေခဲနှင်းတွေကြားမှာ အင်္ကျီအစုတ်
ကြီးကိုဝတ် လက်တစ်ဖက်က အပေါစားအရက်ကြမ်း ပုလင်းတစ်ဝက်လောက်သာသာကိုကိုင်ပြီး အေးမှန်း
တောင် သူက သိပုံမရပါဘူး။

သေနတ်ရောင်းတဲ့ဆိုင်ရှေ့ ကိုရောက်တဲ့အခါ ၂၉ ဒေါ်လာတန် တစ်လက်ဝယ်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဓိပ္ပာယ်
မဲ့တဲ့သူ့ ဘ၀ကို သက်သေဖို့ အထိတွေးထားလိုက်တာပါ။ ဒါပေမယ့် သူမ၀ယ်ဖြစ်ပါဘူး။ လက်ထဲက ၂၉ ဒေါ်လာ
ကိုကိုင်ပြီး ပြန်ထွက်လာခဲ့တယ်။

ပြီးတော့ ဆက်လျှောက်လာရင်းနဲ့ စာအုပ်ဆိုင်ရှေ့ ရောက်တော့ သူ့ ဘ၀ရဲ့အနှစ်သက်ဆုံးစာအုပ်တစ်အုပ်ကို ၂၉ ဒေါ်
လာနဲ့ ပေးဝယ်လိုက်တယ်။ သူနဲ့ အသင့်တော်ဆုံးလို့ ရွေးချယ်လိုက်တဲ့ ဒီစာအုပ်တစ်အုပ်ဟာ သူ့ ဘ၀ကိုလုံးဝပြောင်း
လဲပေးနိုင်ခဲ့တယ်။ အဲ့ဒီဆင်းရဲသားကတော့ အော်မန်ဒီနိုဆိုတဲ့ ကမ္ဘာကျော်စာရေးဆရာ၊ ဟောပြောမှုကောင်းတဲ့
ပညာရှင်တစ်ယောက်ဖြစ်လာတာပါပဲ။

အော်မန်ဒီနိုက သေနတ်ကို ဘာလို့ မ၀ယ်ဖြစ်ခဲ့တာလဲဆိုတော့ သူ့ မှာ အတွေးကောင်းလေးတစ်ခုရလိုက်လို့ ပါ။
ဒါကတော့ တစ်လောကလုံးမှာ ငါတစ်ယောက်ပဲ ခုလိုအခက်အခဲတွေရှိနေတာလား။ အခြားသူတွေကရော မရှိကြ
ဘူးတဲ့လား။ လူတိုင်းအခက်အခဲ ပြဿနာတွေကိုယ်စီရှိနေနိုင်တယ်လို့ တွေးမိလို့ ပါပဲ။

ဒီတွက်ကြောင့် ကိုယ်ပဲဒုက္ခတွေရောက်နေတယ်၊ ဆင်းရဲတွင်းနက်နေတယ်လို့ မထင်ကြပါနဲ့ ။ ဆင်လည်း ဆင်အခက်
အခဲ၊ ပုရွက်ဆိတ်လည်း ပုရွက်ဆိတ်အခက်အခဲပေါ့လေ။ ကိုယ့်ခွန်အားနဲ့ ကိုယ် ဖြေရှင်းနေကြသူချည်းပါ။ ကိုယ့်ဟာ
ကိုယ် အလုပ်ရှုပ်ခံ ခံစားမနေနဲ့ တော့။ စိတ်ကြောင့် နာကျင်မှုရှိတဲ့အခါ စိတ်ရဲ့ပျော်ရွှင်မှုတွေရှာပြီး ဖြေဖျောက်နိုင်အောင်
ကြိုးစားပါ။ ကိုယ့်ဘ၀မှာ ကိုယ်ဟာပညာရှင်ပဲ၊ ကိုယ်ကိုတိုင်ပဲ ဖြေရှင်းမှုတွေလုပ်ကြရမှာ ဖြစ်ပါတယ်။

ဟန်ချက်ညီညီရှိနေရမယ်

ဘ၀ကတိုးတောင်းပေမယ့် ရှည်လျားတဲ့ဖြတ်သန်းမှုတွေကြားမှာ ရေရှည်စီမံကိန်းတစ်ခုတော့ ချမှတ်အကောင်အထည်
ဖော်ရပါတယ်။ ရရှိလာတဲ့ အောင်မြင်မှုကလည်း တိုးတောင်းပါတယ်။ ဒါကြောင့် အောင်မြင်မှုကိုလည်း ရေရှည်မှာရပ်
တည်နိုင်အောင် စီမံကိန်းထပ်ချရပါတယ်။ လေထဲကရဲတိုက်ကို အလဟသမဖြစ်ဖို့ အုတ်မြစ်ချပေးရသလိုမျိုးပေါ့။

အောင်မြင်မှုကို စီမံတဲ့နေရမှာ မိသားစုကို အဓိကထားရပါတယ်။ လူများစွာကို ဘယ်လောက်ကြင်နာမှုပေးပေး၊ မိသားစု
ကို ကြင်နာမှုမပေးနိုင်ရင် ပြီးပြည့်စုံတဲ့အောင်မြင်မှုလို့ မဆိုလိုနိုင်ပါ။ အပြင်လောကမှာ သူရဲကောင်းဖြစ်သလို၊ မိသားစု
အတွင်းမှာလည်း သူရဲကောင်းဖြစ်နေဖို့ လိုပါတယ်။

အောင်မြင်မှုအတွက် အလုပ်နဲ့ ပျော်ရွှင်မှုအတွက် ဘ၀ဟာ ဟန်ချက်ညီညီရှိနေရမယ်။ တစ်ဖက်မှာ ဟန်ချက်မညီတဲ့အခါ
ယိုင်လဲသွားနိုင်ပါတယ်။ ဘ၀တစ်လျှောက် မိသားစုကိုငြိမ်းချမ်းမှု၊ ပျော်ရွှင်မှုပေးနေတာကလည်း လူသားတစ်ယောက်ရဲ့
အောင်မြင်မှုပါပဲ။ အောင်မြင်မှုနဲ့ အတူ ပျော်ရွှင်မှုကို တွဲယူသွားဖို့ တော့လိုပါတယ်။