Pages




Sunday, October 12, 2014

ဟန်ချက်ညီညီရှိနေရမယ်

ဘ၀ကတိုးတောင်းပေမယ့် ရှည်လျားတဲ့ဖြတ်သန်းမှုတွေကြားမှာ ရေရှည်စီမံကိန်းတစ်ခုတော့ ချမှတ်အကောင်အထည်
ဖော်ရပါတယ်။ ရရှိလာတဲ့ အောင်မြင်မှုကလည်း တိုးတောင်းပါတယ်။ ဒါကြောင့် အောင်မြင်မှုကိုလည်း ရေရှည်မှာရပ်
တည်နိုင်အောင် စီမံကိန်းထပ်ချရပါတယ်။ လေထဲကရဲတိုက်ကို အလဟသမဖြစ်ဖို့ အုတ်မြစ်ချပေးရသလိုမျိုးပေါ့။

အောင်မြင်မှုကို စီမံတဲ့နေရမှာ မိသားစုကို အဓိကထားရပါတယ်။ လူများစွာကို ဘယ်လောက်ကြင်နာမှုပေးပေး၊ မိသားစု
ကို ကြင်နာမှုမပေးနိုင်ရင် ပြီးပြည့်စုံတဲ့အောင်မြင်မှုလို့ မဆိုလိုနိုင်ပါ။ အပြင်လောကမှာ သူရဲကောင်းဖြစ်သလို၊ မိသားစု
အတွင်းမှာလည်း သူရဲကောင်းဖြစ်နေဖို့ လိုပါတယ်။

အောင်မြင်မှုအတွက် အလုပ်နဲ့ ပျော်ရွှင်မှုအတွက် ဘ၀ဟာ ဟန်ချက်ညီညီရှိနေရမယ်။ တစ်ဖက်မှာ ဟန်ချက်မညီတဲ့အခါ
ယိုင်လဲသွားနိုင်ပါတယ်။ ဘ၀တစ်လျှောက် မိသားစုကိုငြိမ်းချမ်းမှု၊ ပျော်ရွှင်မှုပေးနေတာကလည်း လူသားတစ်ယောက်ရဲ့
အောင်မြင်မှုပါပဲ။ အောင်မြင်မှုနဲ့ အတူ ပျော်ရွှင်မှုကို တွဲယူသွားဖို့ တော့လိုပါတယ်။

No comments:

Post a Comment