Pages




Friday, April 18, 2014

Yo Ko

မွန်ပြည်နယ် မော်လမြိုင်မြို့ နယ်ရှိ
ဖားအောက်တိုက်နယ် နှစ်ဆန်းတစ်ရက်နေ့ ရိုးဂိုးသင်္ကြန် အကြောင်း
===============================
ရိုးဂိုးရွာရယ်လို့ခေါ်ရတဲ့အကြောင်းအရင်းမှာ
ဟိုအရင်လွန်ခဲ့သော နှစ်ပေါင်းများစွာတွင်
ရိုးဂိုးတိုက်ကျောင်ဆရာတော်သည်
သိရိလင်္ကာနိုင်ငံမှတဆင့် သယ်ဆောင်လာသောရိုးဂိုးပင်ကို အစွဲပြုပြီးခေါ်ခြင်းဖြစ်ပါသည်၊၊
ရိုးဂိုးအပင်သည် ရိုးဂိုးဘုရားနားတွင်ရှိသောအရွတ်အများစိမ်းစိုနေသည့် အပင်ဖြစ်ပါသည်၊၊

နှစ်ဆန်းတစ်ရက်နေ့ တွင် ရိုးဂိုးသင်္ကြန်ပွဲကို စည်ကားစွာ ကျင်းပကြပါသည်၊၊ မွန်ပြည်နယ် အနယ်နယ်အရပ်ရပ်ကပင်လာရောက်သင်္ကြန်ကစားကြပါသည်၊၊

မွန်လူမျိုးတို့ ရဲ့  ရှေးရိုရာဓလေ့အရ နှစ်ဆန်းတစ်ရက်နေ့တွင် ဘုရားကျောင်းကန်သွား အသက်လွှတ် စားကုသိုလ်ယူကြပါသည်၊၊ ထိုနေ့ တွင်ငွေမထွက်အောင် ထိခိုက်ဒါဏ်ရာ မရအောင် လဲ ထိန်းသိမ်း နေထိုင်ကြရပါသည်၊၊

ဖားအောက်တိုက်နယ်ရွာသည်
လွတ်လပ်ရေးရပြီးအခါစတွင်
လယ်ယာလုပ်ငန်း ယက်ကန်းလုပ်ငန်းဖြင့် အလွန်စည်ပင်သာယာခဲ့ပါသည်၊၊
သင်္ကြန်ပွဲတော်ရောက်လျှင်
သင်္ကြန်အကြပ်နေ့  ကော့ခမယ်ရွာ သင်္ကြန်ပွဲကျင်းပပြီး သင်္ကြန်အတတ်နေ့တွင်ဖားအောက်မှတဆင့် ရေလောင်းရေပက်သင်္ကြန်ပွဲ ဆင်နွဲပြီး နောက်တစ်ရွာကိုလှည်းနဲ့သွား ရေပက်ခံလှည့် ပြီး နောက်ထပ်သာယာကုန်းရွာ တာပတွန်ရွာကော့ခိုက်ရွာ ကော့ခိုက်ရွာ ကွေ့ဝမ်းရွာ နိုင်းပြိုင်ရွာ ကျောက်တလုံးရွာ ကော့ခပုံရွာက ဘင်လှိုင်ဘုရား(ကျာ်ဘင်ဍိုင်) မှာအဆုံးသတ်ပါသည်၊၊
ထို ဘင်လှိုင်ဘုရား(ကျာ်ဘင်ဍိုင်) ကနေ ပြန်စ ပြီးရေပက်လာပြန်တယ် ရိုးဂိုးဘုရားမှာ အဆုံးသတ်တာ တစ်လတိတိ လှည်းနဲ့သွားလာ ရေပက်ကစားကြသည်၊၊

သင်္ကြန်ပွဲပြီးဆုံးပြီးခါမှပင်
လယ်တောထဲကို တစ်နှစ်လုံး စုဆောင်းထားသည့် နွားချေးနဲ့မြေဆွေး ကိုလှည်းနဲ့သယ်ယူပြီး လယ်ကွက်များတွင်သွားဖြန့် ကာ အလုပ်ဆက်လုပ်ကြပါသည်၊၊

အခုအချိန်အခါတွင် ဟို အရင်အချိန်အတိုင်း
တစ်လလုံး ရေမကစားနိုင်တော့ပါ
အချိန်ကုန်ခြင်း စရိတ်ကြီးခြင်းကြောင့်ဖြစ်သည်။ ထို့ ကြောင့်ဟိုးအရင်အတိုင်း
ရိုးဂိုးဘုရားတွင် သင်္ကြန်ပွဲ အဆုံးသတ်လိုက်သည့်အတိုင်း နှစ်ဆန်းတစ်ရက်နေ့ကို နောက်ဆုံးနေ့အနေဖြင့် သင်္ကြန်ပွဲ ရေကစားကြပါသည်၊၊ ရိုးဂိုးသင်္ကြန်ပွဲကို အနီးအနားမြို့တွင်သာမက ရပ်ဝေးကပါ လာရေက်ဆင်နွဲကြတ

Tuesday, April 8, 2014

နိုင်ငံတစ်ကာကို ဖုန်းအလကား အမြဲတမ်းပြောဖို့အတွက် Libon Apk လေး

နိုင်ငံတစ်ကာ ဖုန်းအလကားပြောချင်သူများအတွက် Libon Apk လေးတင်ပေးလိုက်ပါတယ်။
မိမိဖက်မှာ အင်တာနက်လိုင်း လိုပါတယ်...အခြားဖက်မှာတော့ အင်တာနက်လိုင်းလဲ လုံးဝမလိုပါဘူးခင်ဗျာ။
iPhone သုံးစွဲသူတွေအတွက်လဲ app ၇ှိပါတယ်နော်။
ဒီ apk ကိုလဲ မိမိ ခေါ်ဆိုမဲ့ ဖုန်းမှာ ထည့်ထားစရာမလိုပါဘူး......အတော်လေးလန်းနေပြီနော်..:D
နောက်ထပ်ထူးခြားတာက အခြား Free Call Apk တွေနဲ့ မတူပဲ သူက မိနစ်အတော်များများပြောလို့ရပါတယ်။....အနည်းဆုံး မိနစ် ၃၀ ကနေ မိနစ် ၆၀ ထိပြောလို့ရပါတယ်။
ကျနော်တို့က လူလည်ကျပြီး အမြဲတမ်း Free Call ပဲဖြစ်နေစေချင်ရင်တော့ နောက်ပြီး...မိနစ် ၆၀ မဟုတ်ဖူး
ကြိုက်သလောက် Free Call လုပ်မယ်နိုင်ငံတစ်ကာကို..အဲတာဆို လုပ်ဆောင်ချက်တွေများပါတယ်။
အကြိုက်ပြောရမယ်ဆိုရင်တော့ လုပ်ဆောင်ရမှာတန်ပါတယ်လို့ထင်ပါတယ်။
ပထမ တစ်ခုက ကျနော်တို့ ......
မြန်မာပြည်က ဖုန်း Numbers များနဲ့ Verify မလုပ်ဘူးလိုသိရပါတယ်.....
အဲမှာစတွေ့တာပြသနာက ...:D....ဖုန်းနံပါတ် အတု လုပ်ပြီး ကျနော်တို့ Verify  လုပ်မှရမယ်ဗျာ။
Libon Apk လေးကို ဖုန်းထဲ့ မှာ install လုပ်ပြီးသွားရင် အကောင့်ဖွင့်ရပါတယ်။
အဲမှာ ကျနော်တို့ကို သူက ဖုန်းနံပါတ်တောင်းပါတယ်.....FB လိုပေါ့ဗျာ...ဟဲဟဲ
Gmail တစ်ခုလဲတောင်းပါတယ်......ကျနော် ဖုန်းနံပါတ်နဲ့ Gmail  တောင်းရင် Gmail ကတော့
လွယ်လွယ်အကောင့်ဖွင်ပြီး .....ပေးလို့ရပါတယ်.....ကိုယ့်မှာရှိတဲ့ Gmail လဲ ပေးရတာပဲ..
ဖုန်းနံပါတ်ကျတော့ မြန်မာပြည်က ဖုန်းနံပါတ်က Verify လုပ်မရဘူးဆိုတော့ ကျနော်တို့က
ဖုန်းနံပါတ်အတုလုပ်ရမှာပါ ဖုန်းနံပါတ်အတုလုပ်ဖို့ကတော့ Pinger Apk နဲ့ လုပ်ရမှာဖြစ်ပါတယ်။
မြန်မာပြည်က လူတွေအတွက်နော်....ပြည်ပက သူငယ်ချင်းများကတော့ မိမိသုံးစွဲနေတဲ့ ဖုန်းနံပါတ်ပေးလို့ ရပါတယ်။ပြသနာမရှိပါဘူး။ဖုန်းနံပါတ်အတုလုပ်ပြီးရင် ခုဏက ကျနော်တို့ Libon Apk လေးမှာ
ဖုန်းနံပါတ် ပေးလိုက်ပါ။အဲတာဆို Verify လုပ်ဖို့ ကျနော်တို့ကို Center က SMS ပို့လာပါမယ်။
Verify ဖြစ်ဖို့ Code လေးပေါ့ဗျာ။
အဲကုတ်လေးကို Libon အကောင့်ဖွင့်ထားပြီးအဲမှာထည့်ပေးလိုက်ဗျာ....နည်းနည်းရူပ်သွားမယ်လို့
ထင်ပါတယ်။ကျနော်ကလဲစာအရေးအသားနည်းနည်း ညံတယ်ဗျာ.....:D
verify ဖြစ်ပြီးဆိုရင်တော့ သူငယ်ချင်းများ နိုင်ငံတစ်ကာကို ဖုန်း အလကားပြောနိုင်ပါပြီ မြန်မာပြည်
ကိုပြည်ပကနေခေါ်မယ်ဆိုရင် ငွေအတော်လေးပေးရတယ်ဗျာ....ဖုန်းခအလွန်သက်သာမယ်လို့ထင်ပါတယ်။
မိနစ် ၆၀ Free ပြောလိုကုန်သွားရင် ကျနော်တို့ ပြန်ပြီး ဖုန်းထဲ့က Uninstall ပြန်လုပ်ပြီး အသစ် install လုပ်
ရပါမယ်။ Gmail လဲ အသစ်ပြန်ပေးရမယ် ဖုန်းနံပါတ်လဲအသစ်ပြန်ပေးရမယ်....ဟဲဟဲ.
တန်ပါတယ်......မိနစ် ၃၀ ၆၀ ပြောဖို့ ဆိုတာ အလကားပြောဖို့မလွယ်ပါဘူး။
အဲပုံစံနဲ့ သာ အမြဲတမ်းပြုလုပ်သွားမယ်ဆို ဖုန်းခေါ်တာ အမြဲ နိုင်ငံတစ်ကာကို Free ဖြစ်ပြီပေါ့ဗျာ။
အဆင်မပြေရင်တော့ပြောခဲ့ပါနော်။

ဖုန်းနံပါတ်အတုလုပ်ရန် App ရယူရန် 
    Android    iPhone

ဖုန်း Free ပြောရန် App ရယူရန်              အိုင်တီအိမ်မက်    
    Android   iPhone

ဒီနေရာမှာလဲ ဖုန်းနံပါအတုသွားလုပ်လို့ရပါတယ်

ဖုန်းနံပါတ်အတုလုပ်နည်းကိုအောက်မှာကြည့်ပါ။

ဗီဒီယိုကတော့ ကို အိုင်တီမုဆိုး ဖုန်းနံပါတ်နဲ့ FB အကောင့်ပြန်ယူတော့
Pinger နဲ့ ဖုန်းနံပါအတုလုပ်ပြသွားတာကိုပဲဖြစ်ပါတယ်

လက်ငင်းအကျိုးပေးတဲ့ယတြာများ

(ကောင်း လွန်းလို့ တင်ပေးလိုက်တာ
ပါ ဖတ်ဖြစ်အောင် ဖတ်ပေးပါနော်)

၁။ ဝင်ငွေမ ကောင်းတဲ့အခါချွေတာ
သုံးစွဲတာ အ ကောင်းဆုံးယတြာ

၂။ လမ်းသွားတဲ့အခါ ကြီးမားတဲ့ဝီရိ
ယထားခြင်းဟာ အန္တရာယ်ကင်းဖို့
အတွက် အ ကောင်းဆုံးယတြာ

၃။ ရန်လိုနေတဲ့လူနဲ့ဖက်ပြိုင်ပြီးမငြင်း
တာ အ ကောင်းဆုံးယတြာ

၎။ ဒေါသထွက်စရာ ကြုံတဲ့အခါစိတ်
ဖြေသာတဲ့နေရာကို ရှောင် ထွက်သွား
ခြင်းဟာ အ ကောင်းဆုံးယတြာ

၅။ မနာလိုဝန်တိုစိတ်ကိုမ မွေးအောင်
ကံ ကံရဲ့အကျိုးကိုလက်ခံနိုင်အောင်
ကြိုးစားတာ အ ကောင်းဆုံးယတြာ

၆။ စိတ်ကောင်းထားခြင်း ရိုးသားမှု
ရှိခြင်းဟာ ကြီးပွားရာ ကြီးပွားကြောင်း
အတွက် အ ကောင်းဆုံးယတြာ

၇။ အားလပ်ချိန်မှာ စာဖတ်တဲ့အကျင့်
ကို မွေးမြူခြင်းဟာအသိအလိမ္မာတိုး
တက်စေဖို့အတွက်အ ကောင်းဆုံးယတြာ

၈။ ကံဆိုးချိန်မှာ ရတနာသုံးပါးကို
အထူးတလည် ဆည်းကပ်ကိုးကွယ်
တာသည် ကံကောင်းတွေ ရောက်
စေဖို့အတွက်အ ကောင်းဆုံးယတြာ

၉။ တစ်စုံတစ် ရာ ကျွေးမွေးပေးအပ်
သူကို ကျေးဇူးရှင် တစ်ဦးအဖြစ်
မ မေ့အပ်တာ အ ကောင်းဆုံးယတြာ

၁၀။ သူ့တာဝန် ကိုယ့်တာဝန်ကို တိ
တိကျကျ ခွဲခြားပြီး တာဝန်ကျေပွန်စွာ
လုပ်တာ အ ကောင်းဆုံးယတြာ

၁၁။ ရှေ့နောက်မြော်မြင် တတ်တဲ့
ပညာရှိ လူကြီးမိဘရဲ့ဆိုဆုံးမမှုကို
လိုက်နာတာ အ ကောင်းဆုံးယတြာ

၁၂။ မရ သေးတဲ့ဥစ္စာကိုအပူတပြင်း
မ တောင့်တ မလိုချင် တာ စိတ် ချမ်း
သာစေဖို့အတွက် အ ကောင်းဆုံးယတြာ

၁၃။ တတ်နိုင် သ လောက်စုဆောင်း
သွားတာဟာ အနာဂတ်ခရီးအတွက်
အ ကောင်းဆုံးယတြာ

၁၄။ ဘဝအ ရေးနိမ့်တဲ့ကာလမှာ
စိတ်ဓါတ်ကို ကြံ့ကြံ့ခံနိုင် အောင်
သတိထားမွေးမြူခြင်းဟာ မိမိ မပျက်
စီးဖို့အတွက်အ ကောင်းဆုံးယတြာ

၁၅။ စီးပွားဖြစ်တဲ့အခါအောက်ခြေ
မလွတ်အောင် သတိတရားနဲ့နေထိုင်
တာ အ ကောင်းဆုံးယတြာ

၁၆။ ငယ်စဉ်အခါ ပညာသင် ချိန်မှာ
ပညာတတ်ရေးတစ်ခုတည်းကို ရှေ့ရှု့
ပြီးတစိုက်မတ်မတ် ကြိုးစားခြင်း ဟာ
နောင် ရေးအတွက် အ ကောင်းဆုံး
ယတြာ

၁၇။ အခွင့်အလမ်းပေါ်လာတဲ့အခါ
လုံ့လဝီရီယကို ရှေ့တန်းတင်ပြီး
အမိအရဆုပ်ကိုင် လိုက်ခြင်းဟာ
အောင်မြင်ကြီးပွားဖို့အတွက်
အ ကောင်းဆုံးယတြာ

၁၈။ ဘာကိုမှမစဉ်းစားပဲ မလုပ်တာ
မ ပြောတာ နောင် မှနောင် တ ရ တယ်
ဆိုတဲ့အဖြစ်မျိုးကို မ ရောက်ဖို့
အတွက်အ ကောင်းဆုံးယတြာ

၁၉။ သုံးနိုင် တဲ့အ ခြေအ နေရှိရက်
နဲ့စိတ်ကိုလွှတ်ပေးပြီးအရမ်းမဲ့မသုံးစွဲ
တာဟာနောင် စိတ်ဆင်းရဲစရာ မကြုံ
ဖို့အတွက်အ ကောင်းဆုံးယတြာ

၂၀။ ဘေးရှိတဲ့စကား ကြမ်းတမ်းတဲ့
စကားကိုမဆိုခြင်းဟာ နောင် အခါ
ပြဿနာအရှုပ်အရှင်းနဲ့ ရင် မဆိုင်
ရဖို့အတွက်အ ကောင်းဆုံးယတြာ

၂၁။ သူ့ဘက် ကိုယ့်ဘက်မျှမျှတတ
ကြည့်တာ စဉ်းစားတာ လုပ်ကိုင် တာ
သည်ရေရှည်လက်တွဲဖို့အတွက်
အ ကောင်းဆုံးယတြာ

၂၂။ မနိုင် တဲ့ဝန်ကို မထမ်းတာဟာ
အသက် ရှည်ဖို့အတွက် အ ကောင်း
ဆုံးယတြာ

၂၃။ မိမိကိုယ်ကိုအမှန် ရှု့ထောင့်မှ
ဝေဖန်သုံးသပ်တာဟာ ရှေ့လျှောက်
ရမယ့်ဘဝခရီးမှာပန်းခင်းလမ်းဖြစ်ဖို့
အတွက်အ ကောင်းဆုံးယတြာ

၂၄။ ဒေါသကိုအပြင် မထွက်အောင်
ထိန်းနိုင် တာဟာ အစစအရာရာ
ပြဿနာနည်းပါးစေဖို့အတွက်
အ ကောင်းဆုံးယတြာ

၂၅။ ကျော်ဖြတ် ရတဲ့ဘဝခရီးမှအမှားများကိုဆင်ခြင်
သုံးသပ်ပြီးချက်ချင်းပြုပြင် သွား
တာ ရှေ့ခရီး ချောမောဖို့အတွက်
အ ကောင်းဆုံးယတြာ

၂၆။ အတိတ်ကို ပြန်တွေးပြီးလဲ
မပူဆွေး အနာဂတ်အ ရေးကိုလှမ်း
မျှော်ပြီးလည်းမပူပန် ပစ္စုပ္ပန်တည့်
တည့်မှာသာရပ်ပြီးလုပ်သင့်လုပ်
ထိုက်တာတွေကိုလုပ်ကိုင် သွားတာ
ဟာတိုးတက်ဖို့အတွက်အ ကောင်း
ဆုံးယတြာ

၂၇။ အ ကောင်းမြင် ဝါဒနဲ့ဘဝခရီး
ကိုဆက်ခြင်းဟာ အ ကောင်းဆုံး
ယတြာ

၂၈။ ကျန်းမာရေးယိုယွင်းစေတဲ့အ
ပျော်အပါး လိုက်စားမှု မူးယစ်ဆေး
ဝါးနဲ့အရက် သေစာကို ရှောင် ရှား
တာဟာ အသက် ရှည် ကျန်းမာစေ
ဖို့အတွက်အ ကောင်းဆုံးယတြာပါ။

နေ့စဉ်ဒီအချက်က လေးတွေနဲ့အညီ
ကျင့်ကြံနေထိုင် သွားကြမယ်ဆိုရင်
တော့ယတြာဆိုတာအထူးချေစရာ
မလိုပါဘူးလို့ပြောချင် ပါတယ် သူငယ်ချင်းတို့

ဒါ့ကြောင့်----

''အဖိုးတန်တဲ့လူသားတစ်ယောက်
ဘဝကိုရဖို့ နေ့စဉ်ယတြာချေကြ