Pages




Monday, June 30, 2014

Dhamma apk

အစကမြန်မာစာမပေါ်လို့ ပြန်လည်ပြုပြင်ထားတယ်

              Download

Huawei G730 မှာ မြန်မာလို မမြင်ရတဲ့ မြန်မာ apk တွေကို ပြုပြင်နည်း

အခက်အခဲဖြစ်နေသူများ အဆင်ပြေစေလိုသော ရည်ရွယ်ချက်သာ ရှိပါတယ်။
==========*******=========
Huawei G730 မှာ မြန်မာဖောင့်က တော်တော်ကို ဒုက္ခပေးပါတယ်။ Font Changer တော်တော်များများနဲ့လည်း အဆင်မပြေပါဘူး။ Huawei G730 MMFont ဆိုတဲ့ font changer တစ်ခုတည်းနဲ့သာ အဆင်ပြေပါတယ်။ (မရှိသေးရင် ဒီမှာ ဒေါင်းပါ။) ဒါတောင် ရာနှုန်းပြည့်မဟုတ်သေးပါဘူး။ သုံးလို့ရတယ်ဆိုတဲ့အနေအထားမျိုးကို ရောက်လာတာပါ။ အပေါ်က font changer ကိုသုံးပြီးတာတောင် တစ်ချို့ မြန်မာ apk တွေမှာ မြန်မာလို မပေါ်သေးပါဘူး။ အခုပြောမယ့် နည်းလမ်းလေးကတော့ မြန်မာလိုမပေါ်တဲ့ apk တွေကို ပေါ်အောင် ပြုပြင်တဲ့နည်းလေးပါ။
 

လိုအပ်သော ဆော့စ်ဝဲများ

  1. Winrar
  2. Myanmar Font for G730
  3. APK Multi-Tool

လိုအပ်တဲ့ဆော့ဝဲတွေအားလုံးကို အောက်ဆုံးမှာ အရင်ဆုံး ဒေါင်းယူထားပါနော်..

ကဲ စလိုက်ရအောင်......
Step 1. winrar မရှိသေးတဲ့လူတွေအတွက် winrar ကို အရင်ဆုံး install လုပ်ပါ။ ရှိပြီးသားဆိုရင်တော့ ဒီအဆင့်ကို ကျော်လိုက်ပါ။
Step 2. မြန်မာလိုမပေါ်တဲ့ apk ကို Right click >>> Open with >>> WinRar Archiver နဲ့ ဖွင့်လိုက်ပါ။ (ကျွန်တော်က Shwebook dictionary နဲ့ ဥပမာလုပ်ပြထားပါတယ်။ )

assets ဆိုတဲ့ folder ကိုတွေ့ပါမယ်။

double click နဲ့ ဝင်လိုက်ပါ။ fonts ဆိုတာ ထပ်တွေ့ပါမယ်။ ထပ်ဝင်လိုက်ပါ။ အထဲမှာ zawgyi.ttf , zg1.ttf ကဲ့သို့သော ဖောင့်တစ်ခုခု တွေ့ပါမယ်။

သူရေးထားတဲ့ နာမည်ကို သေချာမှတ်ပါ။ ကျွန်တော်တင်ပေးထားတဲ့ ဖောင့်ကို အထဲမှာ ပါတဲ့ဖောင့်နာမည်နဲ့တူအောင် rename လုပ်ပါ။
rename လုပ်ပြီးသားဖောင့်ကို winrar ထဲကို drag ဆွဲထည့်ပါ။ ပြီးရင်တော့ winrar ကို ပိတ်လို့ရပါပြီ။
Step 3. ဒီအဆင့်မှာတော့ ပြင်ပြီးသား apk ကို sign ပြန်လုပ်ရမှာပါ။ APK Multi-tool ကို zip ဖြည်ပါ။
setup.bat ဆိုတဲ့ဖိုင်ကို ဖွင့်လိုက်ပါ။
3 ကို ရိုက်ထည့်ပြီး enter တစ်ချက်ခေါက်ပါ။
ပြီးရင် ကြိုက်တဲ့ key တစ်ခုနှိပ်ပါ။ ပြီးရင်တော့ setup.bat ကို ပိတ်လို့ရပါပြီ။

APK Multi-tool ဆိုတဲ့ folder ထဲမှာ folder အသစ်တွေရောက်နေတာ တွေ့ပါလိမ့်မယ်။ ကျွန်တော်တို့သုံးမှာက place-apk-here-for-signing ဆိုတဲ့ folder ပဲ သုံးပါမယ်။

Step 4. place-apk-here-for-signing ဆိုတဲ့ folder ထဲကို ခုနက ပြုပြင်ပြီးသား apk ကို ကော်ပီကူးထည့်ပါ။
Step 5. script.bat ဖိုင်ကို ဖွင့်ပါ။ ကြိုက်ရာ key တစ်ခုခုနှိပ်ပါ။

18 လို့ ရိုက်ထည့်ပြီး enter ခေါက်ပါ။ Signing .... ဆိုပြီး sign လုပ်ပြီးတာနဲ့ သူ့အလိုလိုပိတ်သွားပါလိမ့်မယ်။ ပြီးသွားရင်တော့ place-apk-here-for-signing ဆိုတဲ့ folder ထဲမှာ sign လုပ်ပြီးသား မြန်မာလိုပေါ်မယ့် apk လေး ရပါပြီ။
========*********========
ကျွန်တော် ပြင်ထားပြီးသား Shwebook dictionary နဲ့ NWCalendar ကိုပါ တလက်စတည်း တင်ပေးလိုက်ပါတယ်။
Shwebook dictionary for G730
NWCalendar for G730
အဆင်ပြေပါစေ.....
Myanmar Font for G730
APK Multi-tool


         

Saturday, June 28, 2014

အကဲ့ရဲ့မလွတ်သော လောက

အကဲ့ရဲ့ မလွတ်သော လောက
********************
မြတ်စွာဘုရားသခင် ဇေတ၀န်ကျောင်းတော်တွင် သီတင်းသုံးတော်မူစဉ် တနေပ၌ အတုလဥပါသကာ ခေါင်းဆောင်သော သူ၏အပေါင်းအဖော် ငါးရာတို့သည် တရားနာရန် ရောက်လာကြ၏။
ရှေးဦးစွာ ရှင်ရေ၀တ-ထံ ချဉ်းကပ်ကြ၏၊ ရှင်ရေ၀တ-သည် အနည်းငယ် နှုတ်ဆက်စကားပြောပြီး တိတ်ဆိတ်စွာ တရားထိုင်နေလေရာ ရှင်သာရတပုတ္တရာထံ သွားကြ၏။
ရှင်သာရိပုတ္တရာက ခက်ခဲနက်နဲသော အဘိဓမ္မာတရားသဘောများကို ကျယ်ဝန်းစွာ ဟောပြောရာ ငြီးငွေ့လာကြ၏။
သင့်တော်သောတရားကို နာယူမည်ဟု အရှင်အာနန္ဒာထံ သွားကြပြန်သည်၊ အရှင်မြတ်က အခြေခံတရားမျာ၏ လိုရင်းသဘောတို့ကို တိုတိုတုတ်တုတ် ဟောပြောရာ နားမရှင်းဖြစ်ကြပြန်၏၊
ထို့နောက် မြတ်စွာဘုရား၏ ရှေ့မှောက်ရောက်သွားကြပြီး လျှောက်ထားကြ၏။
အရှင်ဘုရား၊ အရှင်ရေ၀တ-က တရားမဟောပါ၊ သူ့ဘာသာ နှုတ်ဆိတ်နေပါသည်။ ရှင်သာရိပုတ္တရာ-က ကျယ်ဝန်းစွာဟော၍ ငြီးငွေ့ကြပါသည်။ အရှင်အာနန္ဒာ တရားဟောပုံမှာ တိုတိုကျဉ်းကျဉ်းဖြစ်၍ နားလည်ရန်ခက်ပါသည်၊ ဘယ်တရားနှင့်မှ အဆင်မပြေ၍ အရှင်ဘုရားထံ တရားနာရန် လာရောက်ကြပါသည်-ဟု လျှောက်ထားရာ ဘုရားရှင်က အောက်ပါဂါထာကို ဟောတော်မူသည်။

ပေါရာဏမေတံ အတုလ ၊ နေတံ အဇ္ဇတနာမိဝ ။
နိန္ဒန္တိ တုဏှိမာသီနံ ၊ နိန္ဒန္တိ ဗဟုဗာဏိနံ ။
မိတ ဘာဏိမ္ပိ နိန္ဒန္တိ ၊ နတ္ထိ လောကေ အနိန္ဒိတော ။

အို-အတုလ၊ ကဲ့ရဲ့ခြင်းသည် ရှေးရိုးစဉ်လာပေတည်း။
ဤကဲ့ရဲ့ခြင်းသည် ယခုမှဖြစ်သည်မဟုတ်၊
ဆိတ်ဆိတ်နေသူကိုလဲ ကဲ့ရဲ့ကုန်၏။
များစွာပြောသောသူကိုလဲ ကဲ့ရဲ့ကုန်၏။
နှိုင်းချိန်၍ပြောသောသူကိုလဲ ကဲ့ရဲ့ကုန်၏။
လောက၌ အကဲ့ရဲ့လွတ်သောသူ မည်သည် မရှိပေ။

လောကလူများ, စိတ်အထားကား, စကားများလျှင်, အပြစ်တင်၏။
နည်းလျှင်ကဲ့ရဲ့, ရှုံ့ ချမဲ့၏။
မချဲ့လိုရင်း, သင့်ရုံရှင်းလဲ, စိတ်တွင်းမကြိုက်, ကဲ့ရဲ့လိုက်၏။
နှစ်ချိုက်မှုကွာ, ဘာပဲ မြင်မြင်, အပြစ်တင်သည်, ဤလျှင် လူ့သဘောပေတည်း။

( ဓမ္မပဒ ကောဓ၀ဂ်၊ အတုလဥပါသကာဝတ္ထု

RAR apk

                 Download

ဓမ္မစာစုများ

ဓမ္မစာစုပေါင်း 204 စုစည်းထားပါသည်
                 Download

Friday, June 27, 2014

ဒမုဒ္ဒ၀ါဏိဇဇာတ်

သမုဒ္ဒ၀ါဏိဇဇာတ်
*************
အို...ဗုဒ္ဓဘာသာဝင် အပေါင်းတို့၊ ငါတို့ လေးမြတ် ကိုးကွယ်အပ်သော ဗုဒ္ဓရှင်တော်ဘုရားဟူသည် ဘာသာခြား ဘုရားကဲ့သို့ အရေးပေါ်မှ ကိုယ်တော်တိုင် ကယ်ဆယ်မည်ဟု တာဝန်ခံထားသော ဘုရားမဟုတ်၊ စောစောစီးစီးက ကိုယ်စီကိုယ်င၊ ကျင့်ကြဖို့ရန် လမ်းမှန် ကမ်းမှန် ညွှန်ပြတော်မူသော ဘုရားဖြစ်သည်။ ထိုသို့ ညွှန်ပြတော်မူသဖြင့် အားရသင့်သော အချက်ကို အမြွက်မျှ ပြဦးအံ့။

ရှေးတုန်းက ကုန်သည်တစ်ထောင်ကို ခေါင်းဆောင်နှစ်ယောက်ခွဲ၍ ငါးရာစီ အုပ်ချုပ်ပြီးလျှင် သမုဒ္ဒရာအလယ် ကျွန်းငယ်တစ်ခုကိုတွေ့၍ ပျော်မွေ့စွာ နေထိုင်စဉ် အတော်ကြာလျှင် ကျွန်းပေါ်မှာ အညစ်အကြေးတွေ ပြန့်နှံ့လျက် မသန့်မရှင်း နေထိုင်ကြခြင်းကြောင့် ကျွန်းစောင့်နတ်တို့ အမျက်ထွက်သဖြင့် စည်းဝေးတိုင်ပင်သောအခါ ပင်လယ်ရေကို လွှမ်းမိုးစေပြီးလျှင် တစ်ကျွန်းလုံး ဆေးကြောလျက် လူတွေကို မျှောပစ်ဖို့ ဆုံးဖြတ်ကြလေသည်။

ထို့ကြောင့် တရားစောင့်သော ဓမ္မနတ်သားက မြောက်ဘက်ကောင်းကင်က ကိုယ်ထင်ပြ၍ " နောက် ၁၅ ရက် လောက် ကြာလျှင် ပင်လယ်ရေလွှမ်းသဖြင့် နစ်မွန်းမျောပါကုန်လိမ့်မည်။ စောစောက တင်ကြိုလျက် လှေများ တက်များကို အဆင်သင့်ပြင်ထားကြကုန်လော့ " ဟု ပြောဆို၍ ကွယ်သွားပြီးနောက် လူအများလည်း ညှိုးငယ်စွာ ကျန်ရစ်ကြလေသည်။

ထို့နောက် အဓမ္မနတ်သားက တောင်အရပ်၌ ကိုယ်ထင်ပြ၍ " ယခင်နတ်သား ပြောသွားတဲ့စကားဟာ မဟုတ်ဘူး အသင်တို့ ပျော်ပျော်ပါးပါး နေမြဲတိုင်းသာ နေကြပါ " ဟု ပြောဆိုပြီး နောက် ပျောက်ကွယ်သွားလေသော် ခေါင်းဆောင် လူကြီးနှစ်ယောက်တွင် တစ်ယောက်က " ပထမ နတ်သားသည် ငါတို့ကို သက်သက်လာ၍ ခြောက်လှန့်ခြင်းဖြစ်သည်၊ သင်တို့ ပျော်ပျော်ပါးပါးသာ နေကြ " ဟု ပြောဆိုလျက် မည်သည့်ကိစ္စကိုမျှ မဆောင်ရွက်ဘဲ နောက်လိုက် ငါးရာနှင့်အတူ နေမြဲတိုင်း နေလေသည်။

ခေါင်းဆောင်တစ်ယောက်ကမူ မိမိနောက်လိုက်များကို ပြောဆိုသည်မှာ " အမောင်တို့ လှေများတက်များကို အဆင်သင့် ရှာထားကြစို့ရဲ့၊ ဒုတိယ နတ်သား၏စကား မှန်လျှင်လည်း လှေတက်များကို ရှာရသည့်အတွက် ငါတို့မှာ တာဝန်မတက်လှပါ ၊ အလိုရှိသောအခါ အသုံးချစရာ ဖြစ်ပါလိမ့်မည်၊ ပထမ နတ်သား၏ စကားမှန်လျှင် ပြင်ဆင်ထားသော လှေ , တက်များဖြင့် အဆင်သင့် ထွက်သွားကြရပါလိမ့်မည်။"
ဤသို့ ပြောဆိုပြီလျှင် လပြည့်နေ့အချိန်ခါဝယ် ခါတိုင်ထက် ပို၍ ရေတက်လာကတည်းက အသင့်ရှာထားသော လှေပေါ်သို့ တက်ကြပြီလျှင် ရေလွှမ်း၍အလာတွင်လွတ်ရာသို့ထွက်သွားကြလေသည်။ အခြားခေါင်းဆောင်နှင့် နောက်လိုက် ငါးရာတို့ကား ရေပို၍တက်အလာတွင် မျက်လုံးပြူးကာ ကိုးကွယ်ရာမရဘဲ သမုဒ္ဒရာထဲသို့ မျောရှာ ကြလေသည်။

ွှဤဇာတ်တော်၌ ဓမ္မနတ်သားက လမ်းမှန်ကို ညွှန်ပြမှု အတွက် မည်မျှ ချမ်းသာခွင့်ရ၍ အဓမ္မနတ်သား၏ လမ်းမှားညွှန်ပြမှု အတွက် မည်မျှအသက်ဆုံးရှုံးရပုံကို စဉ်းစားပြီးလျှင် ဘာသာခြားတို့ ဘုရားက "ကယ်တင်မည်" ဟု ၀န်ခံရာ ၀န်ခံသည့်အတိုင်း ကယ်တင်မည် မှန်ပါလျှင် တော်တန်ဖို့ ရှိပါသေး၏။ အချက်ကျမှ မကယ်နိုင်လျှင် အားလုံးပင် ခက်ရှာကြတော့မည်။

ငါတို့ဘုရားကား " ကယ်တင်မည် " ဟု ၀န်မခံပေ။ ကိုယ်တိုင် ကျင့်လျှင် ရနိုင်သော အကျိုးများကို အဆင့်ဆင့် ညွှန်ပြတော်မူ၏ ။ လူချမ်းသာ , နတ်ချမ်းသာ , ဗြဟ္မာချမ်းသာတို့အပြင် နိဗ္ဗာန်ကိုပင် လိုချင်သော ဆုထူးဖြင့် ရနိုင်သော လမ်းစဉ်ကို ညွှန်ပြတော်မူသည်။ အပါယ်လေးပါး သွားရမည့် လမ်းဆိုးများကိုလည်း မသွားမိအောင် ညွှန်ပြတော်မူ၏ ။ ကယ်တင်မည်ဟု ၀န်ခံထားသောဘုရား ကယ်တင်နိုင်တယ် ဆိုပါဦးတော့၊ သူနှင့် အလားတူဖြစ်အောင် ဘယ်တော့မှ မကယ်၊ သူ့အောက်ရောက်ရုံသာ ကယ်တင်မည်။ ငါတို့ဘုရားကား တကယ်ကျင့်နိုင်လျှင် ကိုယ်တော်နှင့် အလားတူ ဘုရားတစ်ဆူ ဖြစ်အောင်ပင် ညွှန်ပြတော်မူ၏ ။ ထိုမျှလောက် အဆိုးအကောင်းကို အကျိုးအကြောင်းကို စုံစွာဖြင့် ညွှန်ပြတော်မူခြင်းထက် သာလွန်လုံလောက်သောအချက် ရှိဦးမည်လော။

ယခုကာလ၌ သေမည့်ဘေးမှ တစ်ခါလောက် ကယ်ဆယ်ဖူးလျှင် " အင်မတန် အသက်သခင်ကျေးဇူးရှင်ကြီးပေ " ဟု ပြောဆိုကာ လွန်စွာ အားထားကြ , မြတ်နိုးကြ , အသက်ကိုပင် အပ်နိုင်ကြ၏ ။ ဘုရားရှင်ကား တစ်သက် တစ်ဘ၀လောက်ကိုသာ ကယ်ဆယ်သည် မဟုတ်သေး။ ဘ၀ပေါင်းများစွာ၊ တစ်သံသရာလုံး ကယ်မ၍ နိဗ္ဗာန်ရသည့် ဘ၀တိုင်အောင် စောင့်ရှောက်ရာကျသဖြင့် အသက်ပေါင်း များစွာ၏ ကျေးဇူးရှင်ကြီးပေတည်း။

ဤနေရာ၌" ကယ်တင်မည် " ဆိုသည့်စကား နှင့် " ကိုယ်တိုင်ကျင့် " ဟူသော စကားနှစ်ရပ်ကို လေးနက်စွာ စဉ်းစားပြန်လျှင် ကယ်တင်မည်ဆိုသော စကားက အဓမ္မနတ်သား၏ " အေးအေးနေကြ " ဟူသော စကားမျိုး ဖြစ်၍ ကိုယ်တိုင်ကျင့်ခြင်းသည် လှေ , တက်များကို အဆင်သင့်ရှာထားခြင်းနှင့် တူ၏ ။ ထိုကဲ့သို့ ကိုယ်တိုင် ကျင့်ကြရသည့်အတွက် တာဝန်လည်း မတက်လှပါ။

လှေ , တက် များကို ရှာကြရသကဲ့သို့ မကောင်းမှုတို့မှ ရှောင်ရ၊ ကောင်းမှုတို့ကို ပြုကျင့်နေရသောကြောင့် အနည်းငယ် တာဝန်တက်သည်မှာ မှန်ပါ၏ ။ သို့သော် ထိုတာဝန်တက်မှုသည်ကား ဤဘ၀အတွက် လူကောင်း သူကောင်းဖြစ်ဖို့ အချက်သာဖြစ်၍ အချည်းနှီး အကျိုးမဲ့ မဖြစ်ဘဲ ကောင်းကျိုးရဖို့ အကြောင်းသာ ဖြစ်ပါပေသည်။ ထို့ကြောင့် ဘုရားရှင်၏ အလိုတော်ကျ ဤကျမ်းက ညွှန်ပြချက်ကို ဦးထိပ်ရွက်ပန်ဆင်ကာ မိမိလိုရာဆုထူးဖြင့် နိဗ္ဗာန်ကူးလိုလျှင် ကယ်တင်မည့်သူကို အားမကိုးဘဲ အဖိုးတန်ပါရမီတရား သင်္ဘော၊ လှေ ၊တက်များကိုသာ သားနားသည်ထက် သားနားအောင် အပြီးအစီး တည်ထောင်ထားနှင့်ကြစေခလို။

မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ရတနာ့ဂုဏ်ရည်ကျမ်း မှ.....

တလထော

https://www.youtube.com/watch?v=6yrc5qYXAV4&feature=youtube_gdata_player

Thursday, June 26, 2014

အာဠ၀ကသုတ္တန်

အာဠ၀ကဘီလူးကမေးပြီး ဂေါတမမြတ်စွာဘုရား ဖြေကြားခဲ့သော (အာဠ၀ကသုတ္တန်)။
=======================
(၁)လောကမှာ အကောင်းဆုံး ဥစ္စာက ဘာလဲ။
အဖြေ=သဒ္ဓါသည်အကောင်းဆုံး ဥစ္စာ။(သဒ္ဓိဓ ၀ိတ္တံပူရိသဿ သေဌံ)
(၂)လောကမှာ ဘာလုပ်ရင်ချမ်းသာ မှာလဲ။
အဖြေ=ဓမ္မကိုကျင့်သုံးရင် ချမ်းသာမယ်။(ဓမ္မော သုစိဏ္ဏော သုခမာဝဟတိ)
(၃)လောကမှာ အကောင်းဆုံးအရသာ ဘာလဲ။
အဖြေ=အကောင်းဆုံး အရသာဟာ သစ္စာ။(သစ္စံ သာဓုတရံ ရသာနံ)
(၄)လောကမှာ အကောင်းဆုံးသော အသက်ရှင်နည်းက ဘာလဲ။
အဖြေ=အသိပညာနဲ့ အသက်ရှင်တာ အသက်မွေးတာ အကောင်းဆုံး။(ပညာဇီဝိံ ဇီဝိတ မာဟု သေဌံ)
(၅)အခက်အခဲကို ဘာနဲ့ ဖြတ်ကျော်ရမှာလဲ။
အဖြေ=သဒ္ဓါနဲ့ ဖြတ်ကျော်ရမယ်။(သဒ္ဓါယ တရဟိ သြဃံ)
(၆)ကျယ်ပြောသောဘ၀ကြီးကို ဘာနဲ့ဖြတ်ကူးရမှာလဲ။
အဖြေ=သတိနဲ့ ဖြတ်ကူးရမယ်။(အပ္ပမာဒေန အဏ္ဏ၀ံ)
(၇)ဆင်းရဲဒုက္ခကို ဘာနဲ့ဖယ်ရှားမှာလဲ။
အဖြေ=ကြိုးပမ်းအားထုတ်မှု ၀ိရိယဖြင့်ဖယ်ရှားနိုင်မယ်။(၀ီရိယေန ဒုက္ခမစ္စေတိ)
(၈)စိတ်ဖြူစင်အောင် ဘယ်လိုလုပ်ရမှာလဲ။
အဖြေ=ပညာ ဖြင့်သာဆေးကြောရမယ်။(ပညာယ ပရိသုဇျွတိ)
(၉)ပညာကို ဘယ်လိုရအောင်ယူရမှာလဲ။
အဖြေ=နားလည်ချင်တဲ့စိတ် နားထောင်ချင်တဲ့စိတ် မှတ်သားချင်တဲ့ဆန္ဒရှိရင်ပညာရပါတယ်။
(သုဿုသာ လဘတေ ပညံ)
(၁၀)ဥစ္စာကို ဘယ်လို ရှာမှာလဲ။
အဖြေ=လုံလ၀ီရိယရှိပြီး တက်တက်ကြွကြွ ကြိုးစားအားထုတ်ရမယ်။
(ပတိရူပ ကာရီ ဓုရ၀ါ၊ ဥဌာတာ ၀ိန္ဒတေ ဓနံ)
(၁၁)အကျော်အစောရှိရန် ဘယ်လိုလုပ်ရမှာလဲ။
အဖြေ=သစ္စာရှိ ဂတိတည် မှန်ကန်ရန်လိုတယ်။(သစ္စေန ကိတ္တိံ ပပ္ပေါတိ)
(၁၂)မိတ်ဆွေတွေ ရချင်ရင်ဘယ်လိုလုပ်ရမှာလဲ။
အဖြေ=ပေးကမ်းပါ။(ဒဒံ မိတ္တနိ ဂန္ထတိ)
(၁၃)ဘယ်တရားတွေကျင့်သုံးမှ နောက်ဘ၀အရေးစိတ်အေးရမှာလဲ။
အဖြေ=အမှန်တရား၊အသိပညာ၊လုံလ၀ီရိယ၊စွန့်ကြဲပေးကမ်းမှု၊ရှိရမယ်။(သစ္စံ ဒမ္မော ဓိတိ စာဂေါ)
(၁၃၇၀ ပြည့်နှစ်၊တပို့တွဲလပြည့်ကျော် ၄ ရက် တာမွေမြို့ နယ် သူဌေးလမ်းမိသားစု ဓမ္မသဘင်
အခန်းအနားဝယ်ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ဟောကြားသော
ဘ၀အရေးစိတ်အေးရလေအောင် တရားတော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။)
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။

Tuesday, June 24, 2014

ဆရာတော်ကြီးတွေရဲ့ဖုန်းနံပါတ်များ

ဆရာတော်ကြီးတွေရဲ့ဖုန်းနံပါတ်တွေ တရားပွဲတွေလုပ်ချင်ရင်အဆင်ပြေတာပေါ့

၁။သပိတ်အိုင် သီတဂူ ၀၉၅၁၉၉၉၉၁

၂။ဗန်းမော်ဆရာတော် ၀၉၄၃၀၅၉၄၄၅

၃။ ဒေါက်တာနန္ဒမာလာဘိဝံသ ၀၁၆၅၀၇၀၅

၎။မဇ္ဈိမဂုဏ်ရည် ဒေါက်တာကောဝိဒ ၀၁၅၄၇၁၃၁ ၀၉၅၀၂၂၉၈၆

၅။သီတဂူကြယ်တစ်ပွင့် ၀၉၂၀၁၁၁၅၃ ၀၉၆၈၁၂၈၉၆

၆။ဦးအဂ္ဂ ၀၉၅၀၅၅၈၃၈

၇။ဓမ္မစေတီ ဦးကောသလ ၀၁၅၈၄၃၁၇

၈။အရှင်ဇ၀န မေတ္တာရှင် ၀၉၅၁၉၃၁၃၄ ၀၉၈၆၁၂၈၃၉

၉။ဇလွန် ဦးကောသလ္လ ၀၉၅၀၅၉၆၂၆

၁၀။အရှင်ဒေ၀ိန္ဒာလင်္ကာရ ၀၉၈၆၁၆၂၂၆

၁၁။အရှင်သောမ ၀၉၈၇၄၀၇၃၃

၁၂။အရှင်ရဝေနွယ်(အင်းမ) ၀၉၅၁၂၈၅၈၇

၁၃။ရွှေပြည်ဟိန်း ဆရာတော် ၀၉၅၄၁၄၉၃

၁၄။ဆင်ဖြူတောင် ဆရာတော် ၀၁၅၄၀၈၅၀ ၀၁၅၁၄၂၄၆၁

၁၅။FMIအရှင်ဝါသ၀ ၀၁၅၈၇၆၃၀

၁၆။ပြည်တော်ဦးအရှင်ပဏ္ဍိစ္စ ၀၉၉၉၂၄၃၄၃

၁၇။ဓမ္မဒူတဦးပညာဝရ ၀၉၈၇၂၀၂၀၈

၁၈။ဒေါက်တာစန္ဒာဝရ ၀၉၈၅၈၁၆၇၅

၁၉။ဓမ္မဒူတအရှင်ဆေကိန္ဒ ၀၉၅၀၁၅၀၂၄

၂၀။ဦးတေဇနိယ ၀၉၅၁၄၃၃၂၇

၂၁။ဓမ္မဘေရီဆရာတော် ၀၉၂၀၂၆၀၃၁

၂၂။ဦးတေဇောသာရ ၀၉၅၃၀၁၄၆၅

၂၃။ဦးသုမင်္ဂလ ဒယ်အိုး ၀၉၈၇၃၀၁၄၀

၂၄။ဦးဝိစာရ ၀၉၂၀၂၅၈၃၄

၂၅။ဦးသုမင်္ဂလ(ဝေါ) ၀၉၅၀၄၄၂၂၆

၂၆။ဦးသုန္ဒရ(ဇေယျဝတီ) ၀၁၅၁၇၈၇၇

၂၇။ဦးဝါသေဌ ၀၁၇၂၄၂၄၉

၂၈။ကော့သောင်းဦးဝါယမ ၀၁၅၆၄၅၁၆၁

၂၉။ဓမ္မဒူတ ဦးဝိမလ ၀၉၈၆၂၂၈၅၈

၃၀။ဖြူးဦးအဂ္ဂ ၀၉၅၃၉၀၄၁၇

၃၁။ဦးဣန္နက ၀၉၅၀၁၈၀၈၅

၃၂။သီတဂူဦးဣန္နက ၀၉၄၉၂၂၉၀၂

၃၃။ဦးဣန္ဒြာစရိယ ၀၁၅၀၅၉၄၁

၃၄။သီတဂူ ဦးကတ္တိ ၀၉၂၀၂၄၂၀၁

၃၅။ဦးသ၀ိဓဇာလင်္ကာရ(မျိုးသာကီ) ၀၉၂၁၁၀၄၈၇

၃၆။မေတ္တရှင်ဖောင်ဒေးရှင်း ဦးကောဝိဒ စစ်ကိုင်း ၀၉၂၁၁၀၂၀၂

၃၇။ခင်မကန် ဦးခေမိန္ဒ ၀၉၅၀၆၃၈၁၆

၃၈။အောင်လံ ဦးကုသလ ၀၉၄၃၀၄၉၃၈၁

၃၉။ဦးမန္ဒလ ၀၉၄၉၇၆၁၀၅၉

၄၀။ဦးနန္ဒမဉ္ဇူ ၀၉၄၉၃၀၀၅၆၃

၄၁။သစ္စာရွှေစည် ဦးဥတ္တမ ၀၉၇၃၅၀၂၁၅၀

၄၂။ဦးသုနန္ဒ ၀၂၅၅၂၅၅

၄၃။ဦးဇာဂရ ၀၉၄၉၂၅၂၉၈၈၃

၄၄။ရွှေကျင်သာသနာပိုင် ဘဒ္ဒန္တအဂ္ဂိယ ၀၂၃၉၇၀၇

၄၅။ရွှေတိဂုံ သြ၀ါဒစရိယ ဘဒ္ဒန္တသောဘဏ ၀၉၅၁၃၄၅၉၈

၄၆။ဘဒ္ဒန္တသြ၀ဓါဘိဝံသ ၀၉၈၅၄၀၃၈၉

၄၇။မြသိန်းတန် ဘဒ္ဒန္တသောဘဏ ၀၁၂၉၁၈၀၁

၄၈။မြတောင်ကျောင်းဘဒ္ဒန္တသောဘဏာဘိဝံသ ၀၂၃၉၇၀၇

၄၉။ပေါက်မြိုင်ကျောင်းတိုက်ဘဒ္ဒန္တအဂ္ဂ၀ံသဘိဝံသ ၀၂၆၃၁၀၁

၅၀။ကသာဦးပညာသာမိ ၀၉၆၈၁၅၅၂၆
 — 

မွန်သမိုင်းအကျဉ်း

မင်းတို့ ရေးတာ ဘာစာလဲဆိုပြီး အသံကောင်းဟစ်နေတဲ့မောတွေ သေသေချာချာမှတ်ထားနော်

မွန်စာ နှင့် မြန်မာစာ (မွန်လူမျိုးတို့အတွက် ဂုဏ်ယူစရာ သမိုင်းနောက်ခံ)

မွန်စာ နဲ့  မြန်မာစာ ဟာ စာဖတ်တဲ့ အသံထွက် ချင်းမတူ ၊ စာလုံး ပေါင်းပုံခြင်း မတူကြပေမဲ့ ၊ စာအရေးအသားမှာ အသုံးပြုတဲ့ ဗျည်း များ အားလုံး နီးပါး တူညီ နေကြတဲ့ အတွက် အမြင်မှာတော့ အတော်လေး ဆင်တူကြတယ် ။ မွန်စာမှာ ဗျည်း (၃၅) လုံး ရှိပြီး မြန်မာစာမှာ ဗျည်း (၃၃) လုံး ရှိပါတယ် ။ တိုင်းရင်းသား ပေါင်းစုံစုပေါင်း နေထိုင်ကြတဲ့ မြန်မာပြည် လို့ လက်ရှိ ခေါ်ဆို နေ ကြတဲ့ နယ်မြေအတွင်းကို မွန်လူမျိုးများဟာ အခြားသော လူမျိုးစု တွေထက် နှစ်ပေါင်းများစွာ စောပြီး ရောက်ရှိ အခြေချ နေထိုင်ခဲ့ ကြတာပါ ။ မွန်လူမျိုး များဟာ ပင်လယ်ပြင်ကို ဖြတ်သန်း ကုန်ကူးရင်း အိန္ဒိယ လူမျိုးများ ထံမှ ဗုဒ္ဓဘာသာ ကိုးကွယ်မှု ၊ စာပေ အရေးအသား ပညာရပ်များ နှင့် ယဉ်ကျေးမှု များ ကို ရရှိပြီး မိမိတို့  ကိုယ်ပိုင် ယဉ်ကျေးမှု များနှင့် သင့်တော်သလို ပြင်ဆင်၍ ကိုယ်ပိုင် ယဉ်ကျေးမှုများ အဖြစ်ပြောင်းလဲ ခဲ့ကြတယ် ။

မွန်လူမျိုးများဟာ အခြားသောတိုင်းရင်းသား တွေထက် ဗုဒ္ဓဘာသာ ကို နှစ်ပေါင်းများစွာ စောပြီး ကိုးကွယ်ခဲ့ ကြသလို ၊ မွန်စာပေ ဟာလဲ အခြားသော တိုင်းရင်းသား စာပေတွေ ထက်နှစ်ပေါင်း များစွာ စောပြီး ပေါ်ပေါက်ခဲ့တဲ့ စာပေ ဖြစ်တယ် ။

ဗမာဘုရင် အနော်ရထာ ဟာ မွန်ဘုရင် မနူဟာမင်း လက်ထက်မှာ မွန်တို့  တိုင်းပြည် သုဝဏ္ဏဘူမိ ကိုစစ်နိုင်ပြီး မွန်ဘာသာနှင့် ရေးသားထားသော ထေရ၀ါဒ ဗုဒ္ဓဘာသာ စာပေများ ၊ မွန်ရဟန်းတော်များ ၊ မွန်ရိုးရာ ယဉ်ကျေးမှု ဗိသုကာ ပညာရှင်များ ၊ မွန်စာပေ ပုရပိုဒ် များကို ဖမ်းဆီး သယ်ဆောင်သွားခဲ့တယ် ။

မွန်တို့ ရဲ့  ဗုဒ္ဓဘာသာ ကိုးကွယ်မှုကို ကူးယူပြီး ဗမာနိုင်ငံဟာ ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ နိုင်ငံ ဖြစ်လာတယ် ။ မွန်ဗိသုကာ ပညာရှင်များ ဆောက်လုပ် ပေးခဲ့တဲ့ စေတီ များ အဆောက်အဦး များဟာ မြန်မာပြည် အနှံ့ အပြားမှာ ယနေ့  တိုင် ရှိနေသေးတယ် ။ ပုဂံမှာ ရှိတဲ့ ရှေးဟောင်း ဘုရားများဟာ ထင်ရှားတဲ့ သက်သေတွေ ဖြစ်တယ် ။ မွန်စာပေ ဟာလဲ ဗမာစာ တိုးတက်ပြောင်းလဲ ရေးမှာ အဓိက အထောက်အကူ ပြုခဲ့တယ် ။ ဗမာစာပေ အရေးအသား ကို မွန်စာပေ အရေးအသားအပေါ် မှီငြမ်းပြီး ပြုပြင်ပြောင်းလဲ ခဲ့ကြတယ် ။ ဗမာစာပေ အရေးအသားမှာ အသုံးပြုတဲ့ ဗျည်းများနဲ့ နှစ်ပေါင်းများစွာ စောပြီး ရှိခဲ့တဲ့ မွန်စာပေ အရေးအသားမှာ အသုံးပြုတဲ့ ဗျည်းများ အားလုံး နီးပါး တူညီနေတာဟာ ထင်ရှားတဲ့ သက်သေတွေ ဖြစ်တယ် ။

သူငယ်ချင်း အချို့ က မွန်စာကို မြင်ရင် မင်းတို့ မွန်စာက မြန်မာစာ နဲ့  တော်တော်တူတာပဲ ၊ မြန်မာစာကို မှီငြမ်းပြီး လုပ်ထား တာလားလို့  မေးတတ်ကြတယ် ။ မြန်မာစာ ဘယ်က စခဲ့တယ် ဆိုတာ သမိုင်း အထောက်အထားတွေ ခိုင်ခိုင်လုံလုံ ရှိပေမဲ့ ကျောင်းသုံးစာအုပ် တွေထဲမှာ မတွေ့  ရတော့ သမိုင်းကြောင်းကို စိတ်ဝင်တစား လေ့လာသူတွေ ကလွဲလို့  ကျန်တဲ့သူတွေ မသိတာ အံ့သြ စရာတော့ မဟုတ်ပါဘူး ။

မွန်စာ ဟာ မြန်မာစာ ကိုမှီငြမ်းပြီး လုပ်ထားတာလား ဆိုရင် လုံးဝ မဟုတ်ပါဘူး ။ မွန်စာ ဟာ မြန်မာစာထက် နှစ်ပေါင်းများစွာ စောပြီးရှိခဲ့တာပါ ။ မွန်စာ ဟာ မြန်မာစာ အပေါ်မှာ မှီငြမ်းမှု တွေ ရှိလားဆိုရင်တော့ ရှိပါတယ် ။ ဗမာစာပေ စတင်တိုးတက် ပြောင်းလဲမှုမှာ မွန်စာပေ ကိုမှီငြမ်းခဲ့ ကြတယ်ဆိုပေမဲ့ နောက်ပိုင်း ပေါ်ပေါက်လာတဲ့ ဝေါဟာရ အခေါ်အဝေါ် အသစ်တွေ ၊ စကားလုံး အသစ်တွေ အတွက် မွန်စာ ဟာ မြန်မာစာ အပေါ်မှာ မှီငြမ်းမှုတွေ ရှိပါတယ် ။ မကြာသေးခင်က မွန်စာပေနဲ့  စာတမ်းဖတ်ပွဲ အကြောင်း သတင်းတစ်ပုဒ် ကျွန်တော်ဖတ် လိုက်ရတယ် ။ စိတ်ဝင်စားစရာ ကောင်းတာက အဲဒီ အခမ်းအနား မှာ “စာတမ်း” ဆိုတဲ့ စကားလုံး မွန်စာမှာ မရှိတဲ့ အတွက် ၀ိုင်းဝန်း ညှိနှိုင်းပြီး စကားလုံး တစ်ခုအား ယာယီ သက်မှတ်ခဲ့ ကြတယ်ဆိုတဲ့ အကြောင်းပါ ။ ဒါဟာ မွန်စာပေ ဟာ မြန်မာစာ အပေါ်မှာ ပြန်လည်မှီငြမ်း မှုတွေရှိ တယ်ဆိုတဲ့ သာဓက တစ်ခုပါ ။

ကျွန်တော်တို့  တိုင်းရင်းသားတွေဟာ တစ်မြေထဲပေါ်မှာ တစ်ရေထဲ သောက်ပြီး နှစ်ပေါင်းများစွာ ကိုင်းကျွန်းမှီ ၊ ကျွန်းကိုင်းမှီ အတူတကွ နေထိုင်ခဲ့ ကြတဲ့သူတွေပါ ။ သမိုင်းစဉ် တလျှောက်မှာ တစ်ဦးကို တစ်ဦး စစ်မက်ပြုခဲ့ ကြသလို ၊ တစ်ဦးရဲ့  ရန်ကိုလဲ တစ်ဦးက ၀ိုင်းဝန်းရင်ဆိုင် ဖြေရှင်းပေးခဲ့ ကြဖူးပါတယ် ။ တစ်ဦးနဲ့  တစ်ဦး အားပြိုင်မှုတွေ ရှိခဲ့သလို တစ်ဦး ကို တစ်ဦး ၀ိုင်းဝန်း ကူညီဖေးမ ခဲ့ကြ ဖူးပါတယ် ။

လူမျိုးကို ချစ်သောသူတိုင်း ၊ မိမိလူမျိုး၏ သမိုင်း ၊ စာပေ နှင့် ရိုးရာ ယဉ်ကျေးမှု များ အကြောင်း ကိုသိထား သင့်တယ် ။ မိမိလူမျိုး၏ စာပေ ကို အထင်ကြီး ဂုဏ်ယူ သလို ၊ အခြားလူမျိုးစု များရဲ့  စာပေ ကိုလဲ လေးစားပါ ။ မိမိလူမျိုးရဲ့  သမိုင်းကို မပျောက် ကွယ်စေချင် သလို အခြားမျိုးနွယ်စုများရဲ့  သမိုင်း ကိုလဲ မဖျက်စီးသင့်ပါ ။ ။

by==>>မွန်အမျိုးသား အမျိုးသမီးများစည်းလုံးညီညာအောင်ကြောင်းဖြာ<<