Pages




Wednesday, July 30, 2014

A bidamar

ဒီ Android ဖုန်းဆော့ဝဲလေးရေးဖို့ တရားတွေတော်တော်နာလိုက်ရပါတယ်။
- ဒေါက်တာအရှင်နန္ဒမာလာ ၏ အဘိဓမ္မာအကျဉ်းချုပ် တရားတော် အား Android Application အနေဖြင့်ပြန်လည်ဖန်တီးရေးသားပူဇော်ပါသည်။ စာအနေနဲ့ရော တရားအသံအနေနဲ့ပါ ဖတ်ရှုနားဆင်နိုင်ပါမည်။ မြတ်စွာဘုရားက မိဘကျေးဇူးဆပ်ရန် ရည်ရွယ်၍ဟောကြားခဲ့သော တရားတော်ဖြစ်တာကြောင့် ဒီ application ကို လူကြီးမိဘတွေဖုန်းမှာသွင်းပေးထား၍အဘိဓမ္မာတရားနာစေခြင်းအားဖြင့် မိဘကျေးဇူးးကို တစ်ဖက်တစ်လမ်းကနေဆပ်ရာရောက်ပါတယ်  လူငယ်တွေရဲ့ဖုန်းတွေမှာသွင်းပြီး တရားနာခြင်းအားဖြင့်လည်းကုသိုလ်တွေရရှိမှာကြောင့် အကျိုးများပါတယ်။ အဘိဓမ္မာအကျဥ်းချုပ် For Android ကိုအောက်က link ကနေရယူနိုင်ပါတယ်။

http://apkleecher.com/?id=info.abidimar.mmas

အားလုံးပဲအဆင်ပြေကြပါစေ ။

Thet Naing Soe ( Myanmar Mobile App Store)

ကောတလမင်အိပ်မက်

  http://youtu.be/W7wmpqMPWmg

Tuesday, July 29, 2014

Blogger တွင် ZawGyi နှင်. Unicode Font များကို Embed လုပ်နည်း( ရှယ်နည်းလေးပါ)

မင်္ဂလာပါနော်  သည်နေ့ ရေးဖြစ်တာလေးကတော့  ဖုန်းတွေမှာ မြန်မာစာ မှရိတောင် ကျွန်တော် 


တို့ဘလော့မှာ ၀င်တာနဲ့ မြန်မာစာမြင်နိုင်မယ့် နည်းလမ်းကောင်းလေးပါဘဲ.. သည်နည်းလေးကိုတော့ 


ပထမ ကုဒ်နမူနာပြသလမ်းညွှန်ပေးထားသော  ကို မိုးသကြား  နဲ့  ကိုမြင့်မင်းစိုး တို့အား 


ကျေးဇူးတင်ရှိပါကြောင်း


Mobile အတော်များများတွင် မြန်မာဖောင်.သွင်းလို.ရသော်လည်း အချို.ဖုန်းများ/Jailbreak မရသေးသော 


IOS User တို.အတွက် မိမိ တို.၏ ဆိုဒ် ကိုဝင်ရောက်.ကြည်.ရှုရန် အခက်အခဲးတွေရပါလိမ်မည်။ဒီနေ.


 ကျွန်တော်. ဆိုဒ် ကို ပြု.ပြင်ရင်း  ဘလော့ကာ ညီအကို အချို.လုပ်ထားသောနည်းလမ်းကို 


စမ်းကြည့်လိုက်ရာ အောင်မြင်သွားသဖြင်. မသိသောသော ဘလော. ပိုင်ရှင်ဘော်ဘော် တို.အတွက် 


ပြန်ရှယ်ပေးလိုက်ပါတယ်......ထည်.သွင်းလိုပါက အောက်မှာဆက်ဖတ်ပေးပါ ခင်ဗျ။



အသုံးပြုရန် ကုဒ်များ


မြန်မာ Unicode Font ကို သွင်းချင်ပါက အောက်က Code ကိုသုံးပါ။


၁၀ မိနစ်အတွင်း Facebook အလွယ်ဖွင့်နည်း ( Code မတောင်းပါ )

ဒီနည်းကို မနေ့ကတည်းက ပြောပြချင်နေခဲ့တာပါ.. ကျွန်တော်လည်း ညီးလေးတစ်ယောက် ပြောပြလို့ လုပ်ကြည့်တာ. ခဏလေးပဲကြာတယ်.. လုပ်နည်း ကြည့်ရအောင်..

ပထမဆုံး ကိုယ့်မှာ Facebook Account မဖွင့်ရသေးတဲ့ Gmail သစ် တစ်ခု ရှိထားရပါမယ်..  မရှိရင် Gmail အမြန်ဖွင့်နည်း ပြောပြပါမယ်..
1. ဖုန်းမှာ Chrome Browser ရှိရပါမယ်.. အခြား Browser တွေက အချိန်ကြာပြီး အဆင်မပြေတာ များလို့ပါ.. မရှိရင် အောက်မှာ ဒေါင်းပြီး Install လုပ်လိုက်ပါ..

Chrome Browser :
2. ဖုန်း အင်တာနက်ကို ဖွင့်ပြီး Chrome Browser ရဲ့ အပေါ်ဆုံးက Address Bar ထဲမှာ https://mail.google.com လို့ရိုက်ထည့်ပြီး Go ကိုနှိပ်လိုက်ပါ..

Screenshot_2014-07-30-00-46-18

3. ပြီးရင် Create an account ကိုနှိပ်. ဖုန်းနံပတ်ကလွဲလို့ ဖြည့်စရာရှိတာ ဖြည့်ပြီး Continue ဆိုတဲ့ အပြာတန်းကြီးကိုနှိပ်လိုက်ပါ.. အဲဒီမှာ ဖုန်းနံပတ်တောင်းလိမ့်မယ်.. တစ်ခါတစ်လေ မတောင်းဘူး.. တောင်းခဲ့ရင် အကွက်လေးရဲ့ ဘေးက အလံလေးကို တစ်ချက်နှိပ်လိုက်ပြီး Myanmar +95 ကိုရှာပြီးရွေးလိုက်.. ပြီးရင် ကိုယ့်ဖုန်းနံပတ်ကို 09 ကစပြီးဖြည့်လိုက်.. ကျွန်တော် ဖြည့်ပြထားတယ်.. How do we Send you codes? ရဲ့ အောက်နားမှာ Voice Call ကိုရွေး.. ပြီးရင် Continue ကိုနှိပ်လိုက်ပါ..

Screenshot_2014-07-30-00-50-59

ဖုန်း တစ်လုံး( နံပတ်ကတော့ ဘာမဆိုဖြစ်နိုင်ပါတယ်.. ) ခေါ်လိမ့်မယ်.. သူပြောတဲ့ ဂဏန်း ၆ လုံးကို ဖြည့်ရမယ့် အကွက်ထဲဖြည့်လိုက်ပြီး Confirm ကိုနှိပ်လိုက်ပါ..
4. Profile ဖြည့်ခိုင်းမှာဖြစ်ပါတယ်.. ကျော်သွားလို့လည်း ရပါတယ်.. ပြီးရင်တော့ Gmail ထဲကိုရောက်သွားပြီး Gmail Team က ပို့တဲ့ အီးမေး တွေ တွေ့ပါမယ်.. ဒီအတိုင်းထားလိုက်ပါ..

Screenshot_2014-07-30-00-55-53

ဖုန်းရဲ့ Home Key ကိုနှိပ်ပြီး ထွက်ပါ.. ( Home Key ဆိုတာ Huawei နဲ့ HTC မှာဆိုရင် အိမ်ပုံလေး.. ဖုန်းရဲ့ အောက်နားလေးမှာရှိတယ်. Samsung မှာဆို အောက်နားက Button အကြီးကြီး. )
ဒီမှာ Gmail ဖွင့်တာ ပြီးသွားပြီ... Gmail ရှိပြီးသားဆိုရင် အဆင့် 3 နဲ့ 4 ကို လုပ်စရာမလိုဘူး.. Sign in ဝင်ထားပြီး Home နဲ့ ထွက်ထားလိုက်ပါ....

Facebook Account ဖွင့်နည်း
1. ဖုန်းမှာ UC Browser တင်ထားလိုက်ပါ.. မရှိရင် အောက်မှာ ဒေါင်းပြီး Install လုပ်ထားလိုက်ပါ..

UC Browser :
2. UC Browser ကိုဖွင့်ပါ.. သူ့မှာပါတဲ့ Facebook ကိုနှိပ်ပါ.

Screenshot_2014-07-30-00-58-06 
ပြီးရင် Create New Account ကိုနှိပ်ပါ..

Screenshot_2014-07-30-00-58-43

3. ဖြည့်ရမယ့် အကွက်တွေထဲမှာ ဖြည့်ပါ.. ဒါကိုတော့ အသေးစိတ် မပြောတော့ပါဘူး.. Email မှာ ခုနက ဖွင့်ထားတဲ့ Email ကို ဖြည့်လိုက်ပါ.. ဆက်နှိပ်သွားရင်တော့ confirm code တောင်းတဲ့အဆင့်ကို ရောက်သွားပါမယ်..
Screenshot_2014-07-30-01-13-10

 ဘာမှ မလုပ်ဘဲ ဖုန်းရဲ့ Home Key ကိုနှိပ်ပြီး ထွက်လိုက်ပါ..

4. ခုနက ပြန်ထွက်ထားခဲ့တဲ့ Chrome Browser ကိုဖွင့်လိုက်ပါ.. အီးမေးထဲမှာ Facebook က ပို့ထားတဲ့ အီးမေးတစ်စောင် ရောက်နေပါမယ်.. မတွေ့သေးရင် မျဉ်းတို သုံးချောင်းရဲ့ ညာဘက်က မျဉ်းကွေးလေးကို တစ်ချက်နှိပ်လိုက်ပါ.. Facebook က အီးမေးကို တွေ့ရင် နှိပ်လိုက်ပါ.. အဲဒီမှာ Code 5 လုံး ပို့ထားတာကို မှတ်လိုက်ပါ.. ပြီးရင် Home Key ကိုနှိပ်ပြီး ပြန်ထွက်လိုက်ပါ..

Code

5. UC Browser ကိုဖွင့်လိုက်ပါ... Code ဖြည့်ရမယ့် အကွက်ထဲမှာ ခုနက မှတ်ထားတဲ့ ဂဏန်း ၅ လုံးကိုဖြည့်ပြီး Confirm ကိုနှိပ်လိုက်ပါ..

Screenshot_2014-07-30-01-13-48

6. ဒီအဆင့်မှာ Profile Information ဖြည့်ရပါမယ်.. ကျွန်တော် ပြထားသလို ဖြည့်လိုက်ပါ.. ဒါက အလွယ် ပြောတာပါ.. အကွက်တွေထဲမှာ ကိုယ်ဖြည့်ချင်တာကို ဖြည့်လို့ရပါတယ်.. Facebook က အသိအမှတ်ပြုထားတာကိုလိုချင်ရင်တော့ မြို့နာမည်၊ ကျောင်းနာမည်တွေကို ရေးပြီး ညာဘက်က Search ကိုနှိပ်.. ပေါ်လာတဲ့ မြို့၊ ကျောင်း တွေကို ရွေးထည့်နိုင်ပါတယ်.. ပြီးရင်တော့ Save ပေါ့..
Screenshot_2014-07-30-01-15-53
7. နောက်တစ်ဆင့်ကတော့ Friend တွေကို Add ပေးရပါမယ်. အနည်းဆုံး Friend 5 ယောက်ကို Search Box ထဲမှာ ရှာပြီး Add လိုက်ပါ.. လက်ခံမယ့်သူဆို ပိုအဆင်ပြေပါတယ်.. ၂၄ နာရီအတွင်း ၅ ယောက်လုံးက Friend အဖြစ် လက်ခံရင် ပိုကောင်းပါတယ်..

Screenshot_2014-07-30-01-16-17

8. နောက်အဆင့်တွေမှာတော့ Skip တွေကိုနှိပ်ပြီး ကျော်နိုင်ပါပြီ.. အားလုံးပြီးသွားရင်တော့ Facebook Account တစ်ခု လွယ်လွယ်ကူကူ ရပြီးသွားပါပြီ...

Screenshot_2014-07-30-01-32-33

 Home Key နှိပ်ပြီး ပြန်ထွက်ကာ Facebook Application ဖွင့်ပြီး ကိုယ့်အကောင့်ကို Log in ဝင်နိုင်ပါပြီ...
ဒီ Facebook App ထဲမှာလည်း မြို့နာမည်၊ ကျောင်းနာမည်တွေ မေးပါတယ်.. အကောင့်လုပ်တုန်းကအတိုင်း ဖြည့်ပေးလိုက်ပါ.. ဒုတိယ အဆင့်နဲ့ တတိယအဆင့်ကို Skip လုပ်ပြီး ကျော်လိုက်ပါ.. ဒါဆို သုံးလို့ရပြီ.. အစ အဆုံး အကောင့်ဖွင့်တာ ၁၀ မိနစ်ပဲကြာပါတယ်.. လိုင်း စုတ်လို့ စောင့်နေရတာတော့ မသိဘူးနှော်...

Screenshot_2014-07-30-03-02-57

Screenshot_2014-07-30-03-03-18


အကောင့်ရပြီဆိုပြီး အားရဝမ်းသာ ဖြစ်မနေခင် သိထားရမယ့် စည်းကမ်းလေးတွေ ပြောပြပါအုံးမယ်..
1. ၂၄ နာရီအတွင်း Friend ၁၀ ယောက်ထက် ပိုပြီး Request မပို့ပါနဲ့
2. အကောင့်သစ်မှာ ပို့စ် အနည်းဆုံး ၃ ခု တင်ပါ.. ပို့စ်မှာ လင့်တွေ မထည့်ပါနဲ့အုံး.. နောက် သက်တမ်း ကြာလာမှ လင့်တွေပါတဲ့ စာတွေ တင်လို့ရပါပြီ..
3. သူများ ရေးထားတာတွေကို အနည်းဆုံး ၅ ခု Like လုပ်ပါ..
4. အကောင့်သစ်ကို ခု ဖုန်းနဲ့ သုံး၊ ခဏနေ ကွန်ပျူတာနဲ့သုံး မလုပ်ပါနဲ့အုံး.. အနည်းဆုံး ၂၄ နာရီတော့ ဖုန်းနဲ့ပဲ သုံးနေလိုက်ပါ...

ဒါဆိုရင်တော့ အဆင်ပြေပါပြီ.. ဘယ်တော့ ဖုန်းနံပါတ်နဲ့ ကုဒ်တောင်းမလဲဆိုတာ မသိပါဘူး....

နောက်တစ်ခုက မိတ်ဆွေတွေကို သေသေချာချာ ရှင်းပြထားပါလျက်နဲ့ Facebook အကောင့်လေး ဖွင့်ပေးပါ.. Facebook အကောင့် ဝယ်ချင်လို့ပါဆိုပြီး လာမပြောပါနဲ့.. ကျွန်တော် အဲဒီဝန်ဆောင်မှု မလုပ်ပေးပါခင်ဗျာ..

အထက်ပါနည်းအတိုင်း တစ်နေ့ကို အရေအတွက်အကန့်အသတ်မရှိ လုပ်နိုင်ပါတယ်.. ဖုန်းရဲ့ Setting> Application> Manage Application သို့မဟုတ် Setting> More> Application Manager ကိုနှိပ်.. Chrome ကိုနှိပ်.. Clear Data လုပ်.. UC Browser ကိုလည်း Clear Data လုပ်ပြီး အကောင့်သစ် နောက်တစ်ခု ထပ်ဖွင့်နိုင်ပါတယ်...
Screenshot_2014-07-29-16-23-52

Screenshot_2014-07-29-16-25-00


အဆင်ပြေပါစေ..

Screenrecorder

            Download

Monday, July 28, 2014

MMYO ရေဒီယို

App မလိုဘဲ မြန်မာဆိုဒ်တွေမှာဘလော့တွေမှာ တတ်ဆင်ထားကြတဲ့ Online Radio
ကိုမိမိဖုန်းထဲမှာတိုက်ရိုက်နားဆင်ဖို့နည်းလမ်းလေး မိတ်ဆက်ပေးပါတယ်ခင်ဗျာ အရင်ဆုံးဒီLinkလေးကို Copy
ယူလိုက်ပါ http://50.7.77.114:8612/ ပြီးရင်ပုံနဲ့ပြထားသည့်အတိုင်းဆက်လုပ်ပါ အဆင်ပြေပါစေ. ....ဲ

Friday, July 25, 2014

ဆီးချို သွေးချို သမားများ စိတ်ပူရန် မလိုတော့ပါ

ကျန်းမာရေးနှင့် အလှအပ သတင်းများ
ဆီးချို သွေးချို သမားများ စိတ်ပူရန် မလိုတော့ပါ

တကယ်ကို ကောင်းပြီး ဆေးစွမ်းထက်လို့ ပြန်လည်ကာ မျှဝေပေးလိုက် ရပါတယ်။ အဲဒါကတော့ ရုံးပတီးဖြင့် အရည်ဖြင့် ဆီးချို သွေးချိုရောဂါကို ပျောက်အောင် ကုသနိုင်ခြင်းပင် ဖြစ်ပါတယ်။

အသုံးပြုပုံလေးကို ရှင်းပြပါ့မယ်။ ရုံးပတီသီး ၄ ထောင့် (သို့) ၅ ထောင့်ကို ထိပ်ပိုင်းနှင့် အရင်ပိုင်းကို ဖြတ်လိုက်ပါ။ ပြီးနောက် ဖန်ခွက်တစ်ခုထဲသို့ ထည့်လိုက်ပါ။ ညအိပ်ခါနီး အချိန်ရောက် တာနဲ့ ထိုရုံးပတီးကို ရေစိမ်လိုက်ပါ။ နံနက်မိုးလင်း မျက်နှာသစ်ပြီး တာနဲ့သောက်ပေးပါ။

တစ်ကြိမ် နှစ်ကြိမ် သောက်လိုက်တာနဲ့ ဆီးချို သွေးချိုများ သက်သာပျောက်ကင်းစေမှာဖြစ်ပါတယ်။

ကွန်းမန့်လေး ပေးခဲ့ပေးပါ

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

Wednesday, July 23, 2014

ဦးစိုးမြင့် ( မေတ္တာရှင် - ရွှေပြည်သာ ) ဦးစီးတည်ထောင်သော မေတ္တာရှင် ဖောင်ဒေးရှင်း (ရွှေပြည်သာ) စက္ခုပါလ၊ အာယုဒါန နတ်လူ သာဓုခေါ်စေသော်.......

ဦးစိုးမြင့် ( မေတ္တာရှင် - ရွှေပြည်သာ ) ဦးစီးတည်ထောင်သော
မေတ္တာရှင် ဖောင်ဒေးရှင်း (ရွှေပြည်သာ)
စက္ခုပါလ၊ အာယုဒါန
နတ်လူ သာဓုခေါ်စေသော်.......
%%%%%%%%%%%%%%

အရှင်ဇ၀န (မေတ္တာရှင်ရွှေပြည်သာ) ဆရာတော်၏ စက္ခုပါလ၊ အာယုဒါန အလှူတော်ကြီးကို ၂၀၀၇ ခုနှစ် မှစတင်ကာ ယခု ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ တိုင်အောင် မျက်စိ ဝေဒနာ ရှင်ပေါင်း ၁၀၀၀၀ (တစ်သောင်း)ကျော် ခွဲစိတ်ကုသ၊ အလင်းရောင်ပေါ်၊ အာယုဒါန အလှူတော်ကြီး ဖြစ်ပါတယ်။
ယနေ့ ၂၃ - ၇ - ၂၀၁၄ နေ့ ၊ပေါင်းတည်မြို့နယ် ရှိ မျက်စိဝေဒနာရှင်များအား ဦးစိုးမြင်ံ(မေတ္တာရှင်-ရွှေပြည်သာ) ၏ မျက်စိအခမဲ့ဒါနအဖြင့် ခွဲစိတ်ကုသသူ ပေါင်း ၂၉ ဦး တိတိအား အောင်မြင်စွာ ခွဲစိတ်ကုသ လှူဒါန်းခဲ့ပါသည်။
၂၀၁၄ခုနှစ်၊ ဇူလိုင်လ တစ်လ အတွင်း ဇီးကုန်းမြို့နယ်မှ ၂-၇-၂၀၁၄ နေ့ ၁၉ ယောက်၊
ကြို့ပင်ကောက်မြို့နယ်မှ ၁၆-၇-၂၀၁၄ နေ့ ၂၅ ယောက်၊ ပေါးတည်မြို့နယ်မှ ၂၃-၇-၂၀၁၄ နေ့ ၂၉ ယောက်၊ စုစုပေါင်း ၇၃ ယောက် ခွဲစိတ်ကုသ လှူဒါန်းခဲ့ပါကြောင်း၊
မေတ္တာရှင် ဖောင်ဒေရှင်း (ရွှေပြည်သာ) ၏ စက္ခုပါလ၊ အာယုဒါန အလှူတော် နတ်လူ သာဓု ခေါ်စေသော်.........

Channal7

  Channal7 TVကြည့်ရန်ကလစ်ပါ

အရှင်ဇ၀န

အမေးအဖြေ
http://youtu.be/5PLVlF7AbO4

တလထော

http://youtu.be/6yrc5qYXAV4

Monday, July 21, 2014

ပိဋကတ်သုံးပုံမြန်မာပြန် APK

               Download

မြန်မာပြည်သတင်းကြားရတိုင်း

အိမ်သာထဲဝင် ရတိုင်း အမွှေးနံသာတွေပဲ ရလိမ့်မယ်လို့ မမျှော်လင့်ပါဘူး
ဒါပေမယ့်
ညစ်ပတ်နံစော်နေပြီး မသန့်မရှင်း
ဖြစ်မနေဖို့ တော့ မျှော်လင့်ပါတယ်
မြန်မာပြည် သတင်းတွေ ဖတ် ရတိုင်းလည်း ကောင်းတာတွေပဲ
ကြားရမယ်လို့ မမျှော်လင့်ပါဘူး
ဒါပေမယ့်
တတ်နိုင် သလောက် ရှေ့ကို ချီတက်နေပါတယ် ဆိုတဲ့ clean လေးတွေတော့ ဖြစ်နေပါပြီဆိုတဲ့
သတင်းလေးတွေကိုတော့ မျှော်လင့်မိပါတယ်……:

ပိဋကတ်

  ပိဋကတ်သုံးပုံဆိုဒ်သွားရန်ကလစ်ပါ

Sunday, July 20, 2014

ကိုးကွယ်ရာနှင့်မကိုးကွယ်ရာ

မြတ်ဗုဒ္ဓဟောကြားသော ကိုးကွယ်ရာနှင့် မကိုးကွယ်ရာ။

         ဗုဒ္ဓမြတ်စွာဘုရား ပွင့်ထွန်းတော်မူလာပြီးနောက် ကိုးကွယ်ရာနှင့် မကိုးကွယ်ရာကို ခွဲခြား
၍ ဟောကြားညွှန်ပြခဲ့ပါသည်။ မြတ်ဗုဒ္ဓ ဟောကြားမိန့်မှာသည်မှာ=
      *  “ ယော စ ဗုဒ္ဓဉ္စ ဓမ္မဉ္စ၊ သံဃဉ္စ သရဏံ ဂတော။
           စတ္တာရိ အရိယသစ္စာနိ၊ သမ္မပ္ပညာယ ပဿတိ။ ”
 *  “  ဒုက္ခံ ဒုက္ခသမုပ္ပါဒံ၊ ဒုက္ခဿ စ အတိက္ကမံ၊

       အရိယံ စဌင်္ဂိကံ မဂ္ဂံ၊ ဒုက္ခူပသမဂါမိနံ။  ”
         အကြင်သူသည် မြတ်စွာဘုရားကိုလည်းကောင်း၊ တရားတော်ကိုလည်းကောင်း၊ သံဃာ
တော်ကိုလည်းကောင်း ကိုးကွယ်ဆည်းကပ်၏။ ထိုသူသည် ဆင်းရဲအမှန် “ ဒုက္ခသစ္စာ ”၊ ဆင်းရဲ
ခြင်း၏ အကြောင်းရင်းအမှန် “ သမုဒယသစ္စာ ” ၊ ဆင်းရဲလွတ်မြောက်ရာအမှန် “ နိရောဓသစ္စာ ”
ဆင်းရဲငြိမ်းရာ “ နိဗ္ဗာန် ” သို့ ရောက်ကြောင်းအမှန် “ အင်္ဂါရှစ်ပါးရှိသော မြတ်သော မဂ္ဂသစ္စာ ”၊
ဤ အရိယသစ္စာ လေးပါးတို့ကို မဂ်ပညာဖြင့် ကောင်းစွာ မြင်နိုင်၏။
          မကိုးကွယ်ရာနှင့် ပတ်သက်၍လည်း မြတ်စွာဘုရားသည်==
        * “ နေတံ ခေါ သရဏံ ခေမံ၊ နေတံ သရဏ မုတ္တမံ။
             နေတံ သရဏ မာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စတိ။ ”
         ဤ တော၊ တောင်၊ အရာမ်၊ အဓိကရသစ်ပင် စသော ကိုးကွယ်ရာ ဟူသမျှကို ကိုးကွယ်
ခြင်းသည် ဘေးကင်းသော ကိုးကွယ်ခြင်းမဟုတ်။ မြတ်သော ကိုးကွယ်ခြင်းမဟုတ်။ ဤ ကိုးကွယ်
ရာ ဟူသမျှကို ကိုးကွယ်ဆည်းကပ်ခြင်းကြောင့် ဒုက္ခခပ်သိမ်းမှ မလွတ်မြောက်နိုင်ဟူ၍ဖြစ်သည်။
ဤကဲ့သို့ ရှင်းလင်းထင်ရှားစွာ ဟောကြားခဲ့သည့် တရားတော်အရ မကိုးကွယ်ရာကို သိရှိနားလည်
ရပါသည်။
{နှစ်ဖက်လှ ဦးကျော်လွင်၏ ဗုဒ္ဓဘာသာ လူထက်လူ မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
   (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။

စာအုပ်စင်

   စာအုပ်စင်သို့သွားရန်ကလစ်ပါ