Pages




Wednesday, July 2, 2014

ငြိမ်းလဲ့ရဲ့စာစု

နောက်ကို လှည့်ကြည့်လို့
အမှားပြင် နိုင် မယ်ဆိုရင်
လှည့်ကြည့် လိုက်ပါ

ရှေ့ ကိုမျှော်ကြည့်လို့
အားအင် တွေ ရှိလာမယ်ဆိုရင်
အရှေ့ ကို မြင် အောင် ကြည့်လိုက်ပါ

အောက်ကို ငုံ့ ကြည့်လို့
ကြိုးစားလိုစိတ် ပေါ်လာမယ် ဆိုရင်
အောက် ကိုငုံကြည့် လိုက်ပါ

အပေါ်ကိုမော့ကြည့်လို့
မလျှော့ တဲ့ ဇွဲလုံ့လ တွေ ပေါ်လာမယ် ဆိုရင်
အပေါ်ကို မော့ကြည့်လိုက်ပါ

ဒီလိုမှ မဟုတ်ပဲ
ရှေ့ ကို မျှော် ကြည့်လို့
နောင် တ တွေ ထွေးပွေ့ရ မယ် ဆိုရင်……
နောက် ကို လှည့်ကြည့် လို့
စိတ် ပျက် အားလျှော့ နေမယ် ဆိုရင်…
အောက်ကို ငုံ့ ကြည့် လို့
မာန တွေ ခက် ထန်နေမယ် ဆိုရင်……
အ ပေါ်ကို မော့ကြည့်လို့
မနာလို ဝန်တိုစိတ်တွေ ဖြစ်ပေါ်လာမယ်ဆိုရင်
………………………………
မကြည့်ပဲ နေတာက ပိုကောင်းပါလိမ့်မယ်..

No comments:

Post a Comment