ဦးစိုးမြင့် ( မေတ္တာရှင် - ရွှေပြည်သာ ) ဦးစီးတည်ထောင်သော
မေတ္တာရှင် ဖောင်ဒေးရှင်း (ရွှေပြည်သာ)
စက္ခုပါလ၊ အာယုဒါန
နတ်လူ သာဓုခေါ်စေသော်.......
%%%%%%%%%%%%%%
အရှင်ဇ၀န (မေတ္တာရှင်ရွှေပြည်သာ) ဆရာတော်၏ စက္ခုပါလ၊ အာယုဒါန အလှူတော်ကြီးကို ၂၀၀၇ ခုနှစ် မှစတင်ကာ ယခု ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ တိုင်အောင် မျက်စိ ဝေဒနာ ရှင်ပေါင်း ၁၀၀၀၀ (တစ်သောင်း)ကျော် ခွဲစိတ်ကုသ၊ အလင်းရောင်ပေါ်၊ အာယုဒါန အလှူတော်ကြီး ဖြစ်ပါတယ်။
ယနေ့ ၂၃ - ၇ - ၂၀၁၄ နေ့ ၊ပေါင်းတည်မြို့နယ် ရှိ မျက်စိဝေဒနာရှင်များအား ဦးစိုးမြင်ံ(မေတ္တာရှင်-ရွှေပြည်သာ) ၏ မျက်စိအခမဲ့ဒါနအဖြင့် ခွဲစိတ်ကုသသူ ပေါင်း ၂၉ ဦး တိတိအား အောင်မြင်စွာ ခွဲစိတ်ကုသ လှူဒါန်းခဲ့ပါသည်။
၂၀၁၄ခုနှစ်၊ ဇူလိုင်လ တစ်လ အတွင်း ဇီးကုန်းမြို့နယ်မှ ၂-၇-၂၀၁၄ နေ့ ၁၉ ယောက်၊
ကြို့ပင်ကောက်မြို့နယ်မှ ၁၆-၇-၂၀၁၄ နေ့ ၂၅ ယောက်၊ ပေါးတည်မြို့နယ်မှ ၂၃-၇-၂၀၁၄ နေ့ ၂၉ ယောက်၊ စုစုပေါင်း ၇၃ ယောက် ခွဲစိတ်ကုသ လှူဒါန်းခဲ့ပါကြောင်း၊
မေတ္တာရှင် ဖောင်ဒေရှင်း (ရွှေပြည်သာ) ၏ စက္ခုပါလ၊ အာယုဒါန အလှူတော် နတ်လူ သာဓု ခေါ်စေသော်.........
No comments:
Post a Comment