တိုင်းပြည် ရဲ့ နှလုံးသားအက္ခရာမှာ
လူသေပေမယ့် နာမည်မသေတာကို
ခေါင်းဆောင် လို့ခေါ်တယ်
တိုင်းပြည် ရဲ့ မှတ်တမ်းသမိုင်းထဲမှာ
လူမသေပေမယ့် နာမည်သေတာကို
ခေါင်းရှောင် လို့ခေါ်တယ်
တိုင်းပြည်နဲ့ ပြည်သူအတွက်
မစားပဲ စွန့်နိုင် သူကို သူရဲကောင်းလို့ခေါ်တယ်
တိုင်းပြည်နဲ့ ပြည်သူဆီက
မစွန့်ပဲ စားတတ်တဲ့သူကို
သူရဲဘောကြောင် သူလို့ခေါ်တယ်
မလွတ်လပ်သေးတဲ့
တိုင်းပြည်ကို လွတ်လပ်ဖို့ ကြိုးစားပေးသူတွေကို အာဇာနည်လို့ခေါ်တယ်
လွတ်လပ်တဲ့တိုင်းပြည်ကို
မလွတ်လပ်အောင် လုပ်နေသူတွေကို
အာဏာရှင် လို့ခေါ်တယ်…
19 ဇူလိုင် 2014 ကိုဂုဏ်ပြုလျက်
*ခိုင်(ငြိမ်းလဲ့
)
No comments:
Post a Comment