Pages




Monday, December 30, 2013

Passport အကြောင်း

ထိုင်းရောက် မြန်မာတွေ Passport သက်တမ်းတိုးတာ ပွဲစားမလို

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ဗီဇာသက်တန်းတိုးမယ့် ကိစ္စနဲ့ ယာယီ Passport ကနေ Passport အကြီး ပြောင်းမယ့် ကိစ္စတွေဟာ အစီစဉ်အတိုင်း လုပ်ဆောင်ပေး သွားမှာဖြစ်လို့ အလုပ်သမားတွေ အနေနဲ့ ပွဲစားတွေနဲ့ ပိုက်ဆံအကုန်ခံ လုပ်စရာမလိုဘူးလို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ အလုပ်သမားရေး ဆိုင်ရာ သံအရာရှိက မဲဆောက်မြို့မှာ မနေ့က ပြောကြားသွားခဲ့ပါတယ်။

ဗီဇာသက်တမ်း ၄ နှစ် ပြည့်သွားတဲ့ ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေဟာ ဗီဇာတိုးမယ့် ကိစ္စနဲ့ လက်ရှိ ယာယီ Passport ကို Passport အကြီးနဲ့ ပြောင်းပေးမယ်ဆိုတဲ့ သတင်းတွေ ထွက်ပြီး နောက်ပိုင်းမှာ အဲဒီကိစ္စတွေအတွက် ကုန်ကျစရိတ်တွေဟာ Passport ပွဲစား ဈေးကွက်ထဲမှာ အမျိုးမျိုး ထွက်ပေါ်နေတာကြောင့် မြန်မာအလုပ်သမားတွေ ရတက်မအေး ဖြစ်နေရပါတယ်။

ဒါကြောင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အလုပ်သမား ဆိုင်ရာ သံအရာရှိ ဦးကျော်ကျော်လွင်ဟာ ဒီနေ့ မဲဆောက်ကိုလာပြီးတော့ ရှင်းပြရာမှာ Passport အပြောင်းအလဲကတော့၊ အခု MoU နဲ့ဝင်လာတဲ့ အလုပ်သမားတွေ အားလုံးကPassport အနီရောင်နဲ့ ဝင်ဖို့အတွက် ဆိုပြီး ရန်ကုန်မှာ ထုတ်ပေးတယ်လို့ ဆိုပါတယ်။

ပြီးတော့ နယ်စပ်ကနေ ပြန်ဝင်လာတယ် ၊ လေးနှစ်ပြည့်တဲ့ အလုပ်သမားတွေအတွက်က၊ အလုပ်သမားဝန်ကြီးဌာနကနေ ပို့လာတဲ့အပေါ် မူတည်ပြီးတော့ demand letter နဲ့ ဆောင်ရွက်ပေးမယ်လို့ သူက ပြောပါတယ်။ အဲဒီ အလုပ်သမားတွေဟာ ခရမ်းစာအုပ် သက်တမ်း ရှိသေးမယ်ဆိုရင် ဆက်ကိုင်ထားသင့်ပြီး ၊ ခရမ်းရောင်စာအုပ်ဟာ သက်တန်းမရှိဖြစ်မယ် ဆိုရင်တော့၊ အနီရောင် ပြောင်းပေးလို့ ရပါတယ်လို့ သူက ဆိုပါတယ်။

ဒါပေမဲ့ ခရမ်းရောင် စာအုပ်ကလည်း ကာလတခု သတ်မှတ်ထားတာ ရှိမှာပေါ့၊ အဲဒီအခါကျရင် အနီရောင် ပြောင်းရမှာပဲ၊ Passport အကြီးဟာ ရန်ကုန်မှာပဲ လုပ်လို့ရတဲ့အခါကျတော့၊ ရန်ကုန်ကဈေးကပဲ အတည်ဖြစ်ပါလိမ့်မယ်လို့ သူက ရှင်းပြပါတယ်။ ဒါ့အပြင် နယ်စပ်တွေမှာ ဘယ်လောက်ဆိုတာ သတ်မှတ်ထားတာ မရှိဘူးလို့ သူက ပြောပါတယ်။

မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အများကြီးရှိတဲ့ နယ်စပ်က မဲဆောက်မြို့ကို လာပြီး အခုလို လာပြောရတာက ဗီဇာ သက်တန်းတိုးခနဲ့ Passport အကြီး လဲလှယ်ခ ဆိုပြီးတော့၊ ပွဲစားတွေက ဘတ်ငွေ ၂ သောင်း အထိ တောင်းနေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေတာကြောင့်၊ အလုပ်သမားတွေ အလိမ်မခံရအောင် သတိပေးတာလို့ အလုပ်သမား သံအရာရှိ ဦးကျော်ကျော်လွင်က ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ သိလိုတယ်ဆိုရင်လည်း၊ မြန်မာသံရုံးက အလုပ်သမားဌာန အပြင် အလုပ်သမား အရေးဆောင်ရွက်နေတဲ့ အဖွဲ့တွေကို တိုက်ရိုက် ဆက်သွယ် မေးမြန်းနိုင်တယ်လို့ သိရပါတယ်။ BBC Burmese ပါ့စပို့ ကိစ္စ ပွဲမစားမလိုပြီလိုထင်ပါတယ်နော် ...

ကျွှန်နော် (လွမ်းဆောင်း)
ဘန်ကောက်မြန်မာသံရုံး
ဆက်သွယ်ရန် ဖုန်းနံပါတ် 086 774 6825
ဘန်ကောက်မြန်မာသံရုံးအလုပ်သမားအရာရှိ
ဦးကျော်ကျော်လွင်
ဆက်သွယ်ရန် ဖုန်းနံပါတ် 083 981 2175 ။

www.facebook.com
Lwan Saung

ဦးသုမင်္ဂလ တရားတော်များ

                 ဦးသုမင်္ဂလတရားတော်များ

မြန်မာ TV

မန်မာTV ကြည့်ချင်ရင်ကလစ်ပါ

စိတ်ဓာတ်ကျနေရင် ဒါလေးဖတ်ပါ

Young Buddhist's Association
“ စိတ်ဓာတ်ကျနေရင် ဒါလေးဖတ်ပါ ”
♠♠♠ ♠♠ ♠♠ ♠♠ ♠♠ ♠♠ ♠♠ ♠♠ ♠♠ ♠♠♠
သူငယ်ချင်းတစ်ယောက်တစ်ယောက်က လုပ်သမျှတွေအဆင်မပြေလို့ စိတ်ညစ် တဲ့အကြောင်း စာရေးသူကိုလာပြောပြပါတယ်၊ ဒါနဲ့သူကိုစိတ်ဓာတ်ခွန်အား တိုးပွားစေဖို့ စကားတစ်ချို့ပြောဖြစ် ပါ တယ်၊ ခုသူငယ်ချင်းကိုပြောပြဖြစ်တဲ့ စကားလေးတစ်ချို့ကို စာ ဖတ်သူတွေကိုမျှဝေချင်တာပါ၊

လူတိုင်းစိတ်ညစ်ကြပါတယ်၊ စိတ်ဓာတ်ကျကြပါတယ်၊ လူငယ်တွေမှာအများဆုံး စိတ်ဓာတ်ကျ ရတဲ့အကြောင်းကတော့ အချစ်ရေးမပြေလည်လို့ဖြစ်တာများပါတယ်၊ လူလတ်ပိုင်းတွေကြပြန်တော့ အိမ်ထောင်ရေး၊ စီးပွားရေးအဆင်မပြေကြလို့ စိဓာတ်ကျ ရတာများပါတယ်၊ လူကြီးပိုင်းတွေကြပြန် တော့ သားသမီးကံမကောင်းလို့ ကျန်းမာရေးမ ကောင်းလို့ စတဲ့အကြောင်းတွေကြောင့် ဓိတ်ဓာတ် ကျရပါတယ်၊ တရားဝင်သုတေသန လုပ်ထားတာပေါ့မဟုတ်ပါဘူး၊ ဖြစ်လေ့ဖြစ်ထရှိတတ် တာလေး တွေကို ခန့်မှန်းခြေနဲ့ ပြောပြကြည့်တာပါ၊ မှားသွားရင်လည်း ဆောရီးပါလို့ ကြိုတင်တောင်းပန် ထားပါရစေ၊ ဘာပဲဖြစ်ဖြစ် လူတိုင်းဟာ တစ်နေ့နေ့တစ်ချိန်မှာတော့ စိတ်ဓာတ်ကျ၊ စိတ်ညစ်ကြရတာပဲ မဟုတ်လား၊

စိတ်ညစ်တဲ့အခါ ဘယ်လိုဖြေဖြောက်ကြမလဲ များသောအားဖြင့်အရက်သောက် လိုက်ကွာလို့ ပြောကြမယ်ထင်ပါတယ်၊ အရက်သောက်လို့ တကယ်စိတ်ညစ်တာတွေက ပြေပျောက်သွားပါသလား စိတ်ညစ်လို့ အရက်သောက်ဖူးသူတိုင်းသိပါတယ်၊တကယ်မ ပြေပျောက်ပါဘူး၊ အရက်သောက်တဲ့အ တွက် အမှားတွေထပ်ဆင့်ပြုလုပ်မိပြီး စိတ်ညစ်စရာတွေထပ်ဆင့်တိုးဖို့သာများပါတယ်၊ ဒါဆိုစိတ်ညစ် ရင်ဘယ်လိုလုပ်ကြမလဲ၊ ဘယ်လို ရင်ဆိုင်ကျော်လွှားကြမလဲ၊

[www.facebook.com/youngbuddhistassociation.mm]

လွယ်ပါတယ်စာဖတ်သူရယ် လွယ်တယ် ပြောလို့ဆက်မဖတ် ချင်တော့ဘူးလား၊ လွယ်ပေမဲ့ခက်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအရာက မိမိကိုယ်တိုင် လိုက်နာကျင့်သုံးရတာမို့ပါ၊ ဒါပေမဲ့အချိန်တော့ယူရမယ်နော်၊ ခုရေတွင်းတူး ခုရေကြည် သောက်ဆိုသလိုတော့မဖြစ်နိုင်ဘူးလေ၊ မြစ်ကမ်းဘေးကိုရောက်ဖူးကြတယ်မို့လား၊

ကမ်းဘေးမှာ ရေမ တက်အောင်၊ ရေမတိုက်စားအောင် မြေတွေအုတ်တွေဖို့ထားတယ်မို့လား၊ အဲဒီလိုဖို့ထားတာ ကာထား တာတွေဟာ ရေတွေမတက်ခင် ကြိုတင်လုပ်ထားရတာလေ ရေတွေတက်လာမှလုပ်နေရင် ဘယ်မှာ နိုင်တော့မှာလဲ အားလုံးစုန်းစုန်မြုပ်တော့မယ်ပေါ့၊ ဒါကြောင့် ကြိုတင်ပြင်ဆင်ထားခြင်းက တိုက်ပွဲရဲ့တစ်ဝက်ကိုနိုင်ထားခြင်းပါ စာရေးသူရယ်၊ ကောင်းပြီးလေ ဘယ်လိုပြင်ဆင်ကြမလဲ၊ ဘာနဲ့ပြင် ဆင်ကြမလဲ၊

♦ ဥပမာလေးတွေနဲ့ပြောကြည့်ချင်ပါတယ်၊ မြတ်စွာဘုရားရှင် ဘုရားမဖြစ်ခင်ကာလ လေးတစ်ခုမှာ ပါ၊ မဟာဗောဓိပင်အောက်မှာ ဘုရာဖြစ်တော်မူရန်ကျင့်ကြံနေတဲ့ အချိန်မှာ အားလုံးသိကြမယ် ထင်ပါ တယ်၊ မာန်နတ်မင်းကြီးလာရောက်နှောက်ယှက်တယ်လေ၊ စဉ်းစားကြည့်ပါ စာဖတ်သူရယ် အဲဒီအချိန် မှာ ဘုရားအလောင်းတော်နား ဘယ်သူမှ မရှိခဲ့ဘူးလေ၊ ဘုရာအလောင်းတော်တစ်ပါးတည်းပေါ့၊ မာန်နတ်မင်းကြီးဘက်ကြတော့ သူကိုယ်တိုင်ကလက်ရုန်း ပေါင်းတစ်ထောင်းနဲ့လေ၊ ပြီးတော့ နောက်လိုက်တပည့်စစ်သည်တွေကလည်းအများကြီးလေ၊ မာန်နတ်မင်းကြီးက ဂီရိမေခလာဆင်ကြီး ကိုစီးလို့လေ၊ ဘုရားအလောင်းတော်က မဟာဗောဓိပင်အောင်မှာ ကတစ်ပါးတည်းလေ၊

♦ ဒီကြားထဲ မာန်နတ်မင်းက “ သိဒ္ဓတ္ထ ပလ္လင်ပေါ်ကအမြန်ဆင်းလော့”စတဲ့ ရန်စကားတွေနဲ့ အမနာပစတာတွေ ပြောကြားသေးတာလေ၊ တွေးကြည့်ရင် ကြက်သီးသီးဖြန်းဖြန်းထချင်စရာကြီးပါ စာဖတ်သူရယ်၊ ဘာကြောင့်လဲဆိုတော့ ဘုရားအလောင်းတော်ဘက်မှာ သက်သေပြစရာ ဘာရယ်မှ မရှိဘူးလေ၊ တကယ့်တကယ်ပိုင်ဆိုင်တာမှန်ပေမဲ့ ဘယ်မှာလဲသက်သေ၊ ဘယ်မှာစာချုပ်စာတမ်း၊ ဘယ်မှာလဲဂရမ်၊ မှန်ကန်ပေမဲ့ ကြံကြံဖန်ဖန်တွေနဲ့တွေ့တော့ တစ်ခါတစ်ခါ အမှန်အကန်တွေလည်း ခံသွားရဖူးတဲ့ သာဓ ကတွေ ရှိခဲ့ဖူးတယ်မို့လား စာဖတ်သူရယ်၊

ဒါပေမဲ့ ဘုရားလောင်းမှာ တစ်ခုတည်းသောသက်သေက ဟောဒီမဟာပထ၀ီမြေကြီးပဲရှိခဲ့တယ်လေ၊ ဘုရားအလောင်းတော်ဟာ တစ်လောကလုံးကိုပို့သနေတဲ့ မေတ္တာတွေကိုလည်း မာန်နတ်မင်းဆီကိုပဲ ပို့သထားပါတယ်၊ နောက် မဟာပထ၀ီမြေကြီးကို လက်ညှိုးညွှန်ပြပြီး “ဤမဟာပထ၀ီမြေကြီးသည် ငါပြုသမျှ ကောင်းမှုအစုစုအား သက်သေအရာ၌ တည်ပါစေသား”လို့ သစ္စာဆိုလိုက်ပါတယ်၊
[www.facebook.com/youngbuddhistassociation.mm]
သစ္စာဆိုလိုက်တာနဲ့တပြိုင်နက် မဟာပထီမြေကြီးက သက်သေအရာမှာတည်တဲ့အလား သွက်သွက်ခါအောင်လှုပ်ရှားသွားပါတယ်၊ အဲဒီအချိန်ကြမှ မာန်နတ်နဲ့သူ့စစ်သည်အပေါင်းအပါတွေလည်း ထွက်ပြေးသွားကြပါတယ်၊အဲဒီလိုသစ္စာဆိုနိုင်တာက လည်း ကောင်းမှုပြုတိုင်း ဟောဒီမဟာပထ၀ီမြေကြီးကို သက်သေအရာထားပြီး ရေစက်သွန်ချခဲ့လို့ပါ၊ ပြောချင်တာကတော့ စာဖတ်သူရယ် တကယ်အရေး တကယ့်ဘေးကြတော့ ကိုယ်ပြုခဲ့တဲ့ကောင်းမှု တွေက ကိုယ်ရဲ့အားကိုးရာနဲ့ ကိုယ်ပို့တဲ့မေတ္တာတွေက ကိုယ်ရဲ့ထာဝရမိတ်ဆွေကောင်းတွေပါ၊

စာဖတ် သူကပြောမှာပေါ့ ဘုရားလောင်းမို့လို့ပါကွာလို့၊ အဲဒီလိုထင်နေရင် စာဖတ်သူကျေနပ်သွား အောင်နောက်ထပ်ဥပမာလေးတစ်ခု ထပ်ပြောပြပါဦးမယ်၊
[www.facebook.com/youngbuddhistassociation.mm]
♦ ခုပြောပြမဲ့ ဥပမာလေးက လူတောင်မဟုတ် ပါဘူး တိရစ္ဆာန်လေးတစ်ကောင်ရဲ့ တကယ့်အဖြစ်အပျက်ပါ၊ ကမ္ဘာဦးကဖြစ်ပျက်ခဲ့တာပါ၊ ဒီလိုပါ စာဖတ်သူ။ တစ်ခါက တောကြီးမျက်မည်းထဲမှာ အဖေအဖေတွေနဲ့ အတူနေတဲ့
ငုံးပေါက်စလေးတစ် ကောင်ရှိခဲ့ပါတယ်၊
ငုံပေါက်လေးက ငယ်သေးတော့ ဘယ်ကိုမှကောင်းကောင်း
မပျံနိုင်ပါဘူး၊ အစာလည်းမရှာနိုင်ပါဘူး၊

တစ်နေ့ကံဆိုးချင်တော့ တောမီးကြီးထလောင်ပါတယ်၊
ဒီအချိန်မှာ တော ကောင်တွေအားလုံး မီးလွတ်ရာကိုပြေးကြပါတယ်၊ ငုံးပေါက်စလေးရဲ့အဖေနဲ့အမေလည်း မီးလွတ်ရာ ကိုပြေးသွားပါတယ်၊ လောင်နေတဲ့မီးလျှံတွေကြားမှာ အတောင်မရှိလို့ မပျံနိုင်တဲ့ ငုံးပေါက်စလေးတစ် ကောင် ထဲ ကျန်နေခဲ့ပါတယ်၊

တွေးကြည့်ပါစာဖတ်သူရယ် အဲဒီလိုအချိန်မျိုးမှာဆိုရင် စာရေးသူရောစာဖတ်သူပါ တကယ်ရင် ဆိုင်နေ ရရင် ခိုက်ခိုက်တုန်းအောင်ကြောက်ပြီး အီးအီးတွေ၊ ရှူးရှူးတွေပါနေမှာပါ၊ မီးကတွေက ဒီလောက် အားကောင်းနေတာလေ၊ ပူလည်းတော်တော်ပူနေမှာပါ၊ ဒါပေမဲ့ ငုံးပေါက်စလေး ဘာလုပ်တယ်ထင်ပါ သလဲ စာဖတ်သူရေ၊ ဆက်မဖတ်သေးပဲနဲ့ နဖူးပေါ်လက်တင်ထားပြီး ခဏလေးတွေးကြည့်လိုက်ပါနော်၊

♦ ကဲစာဖတ်သူ ဦးနှောက်ခြောက်နေပါဦးမယ်၊ ဒီလိုပါစာဖတ်သူရယ်၊ ငုံးပေါက်စ လေးက ကြောက်နေတဲ့ စိတ်တွေ၊ ကျနေတဲ့စိတ်ဓာတ်တွေကို တခဏခြင်းစုစည်းလိုက်ပြီး၊ ခုလိုသစ္စာဆို ပါတယ်“ ငါ့မှာ အမိအဖရှိပါ၏၊ ဒီမီးမှလွတ်အောင် သူတို့မကယ်နိုင်ပါ အတောင်ရှိပါ၏ သို့သော် မပျံနိုင်ပါ၊ ဤသစ္စာစကားမှန်ကန်ပါက ဤတောမီးသည် ငြိမ်းပါစေသား” အံသြစရာကောင်းပါတယ် စာဖတ်သူရေ၊

အဲဒီလိုသစ္စာဆိုလိုက်တာနဲ့ တပြိုင်နက်တောမီးက ရေနဲ့ပက်ဖြန်းငြှိမ်းသတ်လိုက်သလို ငြိမ်းသွားပါတယ်၊ ငြိမ်းရုံတင်မက အဲဒီနေရာကို ကမ္ဘာတည်သရွေ့ မီးဘယ်တော့မှ မလောင်နိုင်ပါဘူး တဲ့၊ တခြားတန်ခိုး မဟုတ်ပါဘူးစာဖတ်သူ၊ သစ္စာတန်းခိုးပါ၊ ဒါကြောင့် မာန်လည်ဆရာတော်ကြီးက လည်း“ကတိသစ္စာ၊ တည်သောခါဝယ်၊ သြဇာလေးနက်၊ပေါ်ဆီတက်၍ ၊နွယ်မြက်သစ်ပင်၊ဆေး ဖက်ဝင်၏၊ သစ္စာနှုတ်သီးမာန္တာန်ကြီးကား သေပြီးသော်မှ ရှင်ပြန်ရ၏”လို့ ရေးဖွဲ့ထားတာပါ၊

♦ ဒါကြောင့်ပြောချင်ပါတယ် စာဖတ်သူရယ် ကိုယ်မှန်ရဲ့နဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ၊ တစ်ယောက်တည်း
ကူကယ်သူမဲ့ပြီး စိတ်ဓာတ်တွေ အတုံးလိုက်အတစ်လိုက်
ကျနေတယ်ဆိုရင် ကျန်တာတွေသွားအားမကိုးပါနဲ့
ကိုယ်လုပ်ထားတဲ့ ကိုယ်ပိုင်ကုသိုလ်ကောင်းမှုတွေကို
သစ္စာဆိုပြီး မေတ္တာသာများများပို့လိုက်ပါလို့။ ။

အော်မေ့တော့မလို့ စာဖတ်သူရေ သစ္စာဆိုလို့ ပါဠိစကားလုံးကြီး၊ တရားစကားကြီး ဆိုပြီး ကြောက်မသွားပါနဲ့ သစ္စာဆိုတာ=မှန်တာကို မှန်တဲ့အတိုင်းပြောဆိုတာပါလို့ မြန်မာလိုရိုးရိုးလေး တွေးပါနော်၊ မေတ္တာဆိုတာကတော့ ကိုယ်အတွက်အကျိုးမမျှော်ပဲ သူအကျိုးကို မျှော်ကိုးပြီး ကျန်းမာပါ စေ၊ ချမ်းသာပါစေ ပို့ဝေနေတာကို ဆိုတာပါ။ ။

စာဖတ်သူအားလုံး စိတ်ဓာတ်ကျခြင်းမှ ကင်းဝေးကြပါစေ၊
[ရွှေမန်းသား အရှင်အကုင်္ရ(ကျောက်ဆည်)]
သာသနာတက္ကသီလဓမ္မာစရိယ၊

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm

Thursday, December 26, 2013

Facebook မှစာအုပ်များ

(အပေါ်ပိုင်းတွင်
အမျိုးအစားအလိုက်ရှာနိုင်ပြီး အောက်ပိုင်းတွင် စာရေးသူအမည်အတိုင်း ကမှ အ အထိ ရှာနိုင်ပါသည်။) (On Air Andriod Apk အား http://is.gd/kNYDuN မှာယူရန်)

အမျိုးအစားအလိုက်ရှာရန်

ဘာသာပြန်စာအုပ်များ
http://is.gd/opA6Qm
English ၀တ္ထုစာပေများ
http://is.gd/rkKUiA
သမိုင်းစာအုပ်များ
http://is.gd/Yr6fFUန
မြန်မာစွယ်စုံကျမ်း၊စာပေကျမ်း၊စာတမ်း၊ကျောက်စာစာအုပ်များ
http://is.gd/4K4SFK
စာပေဟောပြောပွဲ mp3 ဖိုင်များ
http://is.gd/zy4PuA
အထွေထွေသုတစာအုပ်များ
http://is.gd/MxlUeR)
ဖက်ရှင်ဒီဇိုင်းစာအုပ်များ
http://is.gd/Efh2iD
လှို့ဝှက်သည်းဖို စုံထောက်ဝတ္ထုမျာ
http://is.gd/B3uZQn
ဘာသာစကားဆိုင်ရာ စာအုပ်များ
http://is.gd/xEB8ac
ပန်းချီဆိုင်ရာစာအုပ်များ
http://is.gd/2Gk5hh
ဗေဒင်၊အတိတ်နိမိတ်စာအုပ်များ
http://is.gd/lRLluD
ကျမ်းမာရေးနှင့်ဆေးပညာစာအုပ်မျာ
http://is.gd/a8HPjp
မဂ္ဂဇင်းစာအုပ်များ
http://is.gd/Nquuc9
သိုင်းဝတ္ထုများ
http://is.gd/X2xMoP
ဥပဒေဆိုင်ရာ စာအုပ်များ
http://is.gd/sl2gmE
တောတွင်း-မုဆိုး-စွန့်စားခန်းစာအုပ်များ
http://is.gd/nGU0qh
စီးပွားရေးစာအုပ်များ
http://is.gd/8rUUwN
မျက်လှည့် နှင့်ဥာဏ်စမ်းပဟေဠိ စာအုပ်များ
http://is.gd/NadBtx
ကာတွန်းစာအုပ်များ
(Repairing link)
နိုင်ငံရေးစာအုပ်များ
http://is.gd/wvHykd
နည်းပညာစာအုပ်များ
http://is.gd/PUuAXQ
ကဗျာ စာအုပ်များ
http://is.gd/FlMsDd
အထ္တုပ္ပတိစာအုပ်များ
http://is.gd/UamLkV
ဂီတဆိုင်ရာ စာအုပ်များ
http://is.gd/P7sAke
တိုးတက်ရေး၊အတွေးအမြင်၊ရသစာအုပ်များ
http://is.gd/MozurG
ဂမ္ဘီရ၊ဆန်းကြယ်၊အံ့ဖွယ်စာအုပ်များ
http://is.gd/mODPOQ
ဘာသာရေးနှင့်ဓမ္မရသစာအုပ်များ
http://is.gd/AeVjXP
ဟင်းချက်နည်းစာအုပ်များ
http://is.gd/hOsRLr
စိုက်ပျိုးရေးနှင့်မွေးမြူရေးစာအုပ်များ
http://is.gd/OwVbkr
အားကစားနှင့်ကိုယ်ခံပညာဆိုင်ရာစာအုပ်များ
http://is.gd/oduyFY
အင်ဂျင်နီယာဆိုင်ရာစာအုပ်များ
http://is.gd/u13t0k
ဝတ္ထုတိုပေါင်းချုပ်များ
http://is.gd/aNUKE7
ဟာသစာအုပ်များ
http://is.gd/wwDfgR
English ၀တ္ထုစာပေများ
http://is.gd/rkKUiA
█████████████
စာရေးသူအမည်rအက္ခရာစဉ်အတိုင်းရှာရန်

(က)
http://is.gd/SNQoTK
(ခ)
http://is.gd/4e1T8S
(ဂ)
http://is.gd/TMvGej
(င)
http://is.gd/KH2Nea
(စ)
http://is.gd/9lOLn8
(ဆ)
http://is.gd/2DdSLB
(ဇ)
http://is.gd/7RSzog
(ည)
http://is.gd/5sZENV
(ဌ)
http://is.gd/tjnOeN
(တ)
http://is.gd/izmKUf
(ထ)
http://is.gd/H1lgKo
(ဒ)
http://is.gd/WpnF3S
(ဓ)
http://is.gd/dZVvZQ
(န)
http://is.gd/qeuTE8
(ပ)
http://is.gd/W9lord
(ဖ)
http://is.gd/xHVyTp
(ဗ)
http://is.gd/dtsOGv
(ဘ)
http://is.gd/vbe3xu
(မ)
http://is.gd/vm3NAG
(ယ)
http://is.gd/xE83yH
(ရ)
http://is.gd/v6zwgB
(လ)
http://is.gd/iz0lfz
(၀)
http://is.gd/83a1YZ
(သ)
http://is.gd/LBYv8E
(ဟ)
http://is.gd/R26pYb
(အ)
http://is.gd/th00DS
(ဥ)
http://is.gd/YVXAw3


Wednesday, December 18, 2013

မောင်စွယ်စုံကျမ်း

မောင်(စွယ်စုံကျမ်း) 23 นาทีที่แล้ว အမျိုးသမီးဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲ အဖြစ် ဗီယက်နမ် အသင်းမှ မလေးရှားအသင်းကို ၄ ဂိုး ဂိုးမရှိ နဲ့ အနိုင်ရရှိသွားပြီဖြစ်၍ ဗိုလ်လုပွဲသို့ တက်ရောက်သွားပီဖြစ်ပါတယ်။ ဒုတိယပွဲအနေနဲ့ မြန်မာ နဲ့ ထိုင်း အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပြီး အနိုင်ရရှိတဲ့ အသင်းက ဗိုလ်လုပွဲကို တက်ရောက်နိုင်မှာ ဖြစ်ပြီး ဗီယက်နမ်အသင်းနဲ့ ဗိုလ်လုပွဲမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ မြန်မာအသင်း ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ပြီး ဗီယက်နမ်အသင်းကို အပြတ်အသတ်အနိုင်ရရှိ ဗိုလ်စွဲနိုင်ရန်အတွက် အားပေးလိုက်ကြရအောင် ခင်ဗျာ ... Fighting Myanmar Woman Team ... Go Go Final Sea Game Football Woman Cup !!! ယှဉ်ပြိုင်မှုကို For SEA Games Channel နှင့် READERS Channel မှ တိုက်ရိုက် ထုတ်လွှင့်သွားမည်ဖြစ်ပြီး ပြည်ပရောက် မြန်မာများအနေဖြင့် ၁။ www.myawady.net.mm/live ၂။ www.myanmartvchannel.com/sea-games-channel.html ၃။ www.myanmartvchannel.com/sky-net.html ၄။ www.myanmartvchannel.com/mitv.html ၅။ www.myanmartvchannel.com/mrtv.html ၆။ www.mrtv4.tv ၇။ www.myanmartvchannel.com/myawaddy.html ၈။ www.myanmartvchannel.com/hluttaw.html ၉။ http://myanmartvchannel.com/ တို့ တွင် တိုက်ရိုက်ကြည့်ရှုနိုင်မည် ဖြစ်ပါကြောင်း ကြိုတင်သတင်းကောင်းပါးလိုက်ပါတယ်။ ။ ။ Credit- မြ၀တီသတင်း

Tuesday, December 17, 2013

My blog

http://kyawkyawookawkapo.blogspot.com/2013/12/blog-post_16.html?m=1

Sunday, December 15, 2013

ရန်ညိုး

ဘုရားရှင်သည် ပါရမီရှိသူကို တရားဟောပြ ချွေချွတ်ရာ၌ ထိုတရားစကားကို အကြောင်းပြု၍ အခြားတစ်ယောက်သည် ရန်းညိုးထားကာ မုန်းစေဦးတော့။ ထိုအရာကို ဂရုမပြုဘဲ၊ ဘုရားရှင်သည် ပါရမီပြည့်သူမှန်လျှင် ကယ်တင်ခဲ့သည် သာတည်း။

ကုရုတိုင်းရှိ ရွာတရွာတွင် မာဂဏ္ဍီအမည်ရှိ ပုဏ္ဏားကြီးတဦးရှိလေသည်။ သူတို့၏ မျိုးရိုးကို အစွဲပြု၍ တဆွေလုံး တမျိုးလုံး မာဂဏ္ဍီဟူ၍ပင် အမည်တွင် ကြသည်။ ထိုပုဏ္ဏားကြီးတွင် သမီးတဦးရှိသည်။ မာဂဏ္ဍီဟူ၍ပင် ခေါ်သည်။ ထိုသမီး မာဂဏ္ဍီသည် အလွန်လှပချောမောသည်။ ထို့ကြောင့် အမျိုးကောင်း သားတို့က တောင်းရမ်းလာကြသော်လည်း ဖခင်ပုဏ္ဏားကြီးက လက်မခံခဲ့ပေ။ “သင်တို့နှင့် တန်သလော”ဟု ကြိမ်းမောင်း၍သာ လွှတ်၏။

တနေ့သ၌ ဗုဒ္ဓမြတ်စွာဘုရားသခင်သည် မာဂဏ္ဍီပုဏ္ဏားကြီးနှင့် ပုဏ္ဏေးမ တို့ ကျွတ်တမ်း ဝင်မည့်အရေးကို ရှုမြင်တော်မူသည်။ ထို့ကြောင့် ထိုရွာ၏ ပြင်ပ တွင်ရှိသော ပူဇော်ရာဌာနသို့ တပါးတည်း ကြွချီလာသည်။ မာဂဏ္ဍီ ပုဏ္ဏား ကြီးသည် ဘုရားရှင်၏ တင့်တယ်သပ္ပါယ်လှသော ရုပ်သွင်ကို မြင်သောအခါ လွန်စွာနှစ်သက်သွားသည်။

“အရှင်ရဟန်း၊ ကျွန်ုပ်၌ သမီးတယောက် ရှိပါသည်။ ကျွန်ုပ်၏သမီးသည် အရှင်ကဲ့သို့သော ယောက်ျားမြတ်နှင့်သာ ထိုက်တန်ပါသည်။ အရှင်မြတ်အား ကျွန်ုပ်၏သမီးကို ပေးဆက်လိုပါသည်။ ဤနေရာ၌ ခေတ္တစောင့်ပါ”ဟုဆိုကာ ရွာတွင်းသို့ ပြန်ဝင်သွားသည်။ သမီးကို ပြန်ခေါ်သည်။

မာဂဏ္ဍီမိသားစုတို့ ရွာမှ ထွက်လာကြသောအခါ ရွာသားများလည်း အတူ လိုက်ပါလာကြသည်။ ပုဏ္ဏားကြီး နှစ်သက်သူမှာ မည်သို့ရုပ်သွင်ရှိသည်ကို အကဲခတ်ရန်ဖြစ်သည်။ ဘုရားရှင်ကား ပုဏ္ဏားကြီးစောင့်ခိုင်းသော နေရာတွင် မနေ၊ ခြေတော်ရာကို ထင်စေလျက် အနီးရှိ အခြားတနေရာသို့ ပြောင်းရွှေ့ သီတင်းသုံးတော်မူသည်။ မာဂဏ္ဍီပုဏ္ဏေးမကြီးသည် ဘုရားရှင်၏ ခြေတော်ရာ ကို ဖူးမြင်ရသောအခါ သေချာစွာ စစ်ဆေးကြည့်ရှုသည်။ သူမသည် ဗေဒင် လည်းတတ်သည်။ လက္ခဏာခြေခဏာဖတ်နည်း အတတ်ကိုလည်း တတ် သည်။ သို့ဖြင့် ပုဏ္ဏားကြီးအား

“အမောင် ဤခြေရာရှင်သည် ကာမဂုဏ်ခံစားသူ၏ ခြေရာမဟုတ်ပါ”ဟု ဆို၏။ ပုဏ္ဏားလည်း ပုဏ္ဏေးမအား တိတ်ဆိတ်စွာနေရန် မာန်မဲပြောဆိုသည်။ ဘုရားရှင် သီးတင်းသုံးသော နေရာသို့ သွားရောက်လေသည်။

“အရှင်ရဟန်း၊ ကျွန်ူပ်၏သမီးကို အလုပ်အကျွေးအဖြစ် ပေးပါ၏” ဟု လျှောက်ထား၏။
ဘုရားရှင်က “မိမိသည် ဘုရားမဖြစ်ခင်ဝယ် မဟာဗောဓိပင်အနီး ဆိတ်ကျောင်း ညောင်ပင်အောက်၌ သီတင်းသုံးစဉ် တဏှာ၊ အရတီ၊ ရာဂါ မည်သော မာရ်နတ် မင်း၏ သမီးသုံးယောက်တို့ လာရောက်မြူ ဆွယ်ခဲ့ပုံကို” ဟောပြတော်မူသည်။ ထို့နောက် “အသင်ပုဏ္ဏား မာရ်နတ်မင်း၏ သမီး သုံးယောက်ကိုမျှ ငါဘုရား အလိုမရှိခဲ့ပါ။

ဤကျင်ကြီး ကျင်ငယ်တို့ ပြည့်နေ သော ဤမာဂဏ္ဍီသူငယ်မကို အဘယ်မှာ အလိုရှိပါမည်နည်း။ သင့်သမီး မာဂဏ္ဍီကို ခြေဖြင့်ပင် မထိလိုပါ”ဟု မိန့်ဆို၍ ငြင်းပယ်လိုက်သည်။ ပုဏ္ဏား လင်မယားကို ဆက်လက်၍ တရားဟောပြောခဲ့သည်။ ထိုတရားအဆုံး၌ မာဂဏ္ဍီပုဏ္ဏားကြီးနှင့် ပုဏ္ဏေးမတို့သည် တရားထူးရသွားကြသည်။

သမီးမာဂဏ္ဍီကား တရားမရပေ။ ‘မိမိအား ချိုးချိုးဖဲ့ဖဲ့ ပြောသည်’ဟူ၍ ဘုရားရှင်ကို ရန်ငြိုးကြီးစွာ ဖွဲ့ခဲ့လေသည်။ မကြာမီပင် ပုဏ္ဏားကြီးနှင့် ပုဏ္ဏေးမ တို့သည် သာသနာတော်၌ ရဟန်းပြုကြလေသည်။ ထို့နောက် ညီဖြစ်သူ စူဠ မာဂဏ္ဍီထံ သမီးကို အပ်နှံထားခဲ့ကြသည်။ စူဠမာဂဏ္ဍီသည် ဥတေနမင်းကြီး၏ ရှေ့တော်မှောက်သို့ ဝင်ရောက်၍ သမီးမာဂဏ္ဍီကို ဆက်သလေသည်။ ဥတေန မင်းကြီးသည် မာဂဏ္ဍီ၏ လှပတင့်တယ်သော ရုပ်သွင်ကို နှစ်သက်သွားသည်။ ဝမ်းမြောက်ဝမ်းသာ လက်ခံ၍ မိဖုရားကြီးအရာ၌ ထားလေသည်။

မာဂဏ္ဍီ၏ အကြံဆိုး
မြို့ထဲတွင်ရှိသော လူဆိုးလူမိုက် အရက်သမားတို့ကို လာဘ်ထိုးကာ မြို့တွင်းသို့ “ရဟန်းဂေါတမ ဆွမ်းခံကြွလာလျှင် ရဟန်းဂေါတမကို လူအများ ဆဲရေးအောင်ပြုပါ။ မကြည်ညိုအောင်၊ ဆွမ်းမရအောင် ပြုပါ။ ဤမြို့မှ ထွက်ပြေး ရအောင် ခြိမ်းခြောက်စေပါလော့”ဟု စေခိုင်း၏။ ရတနာသုံးပါးကို မကြည်ညိုကြ သော ထိုသူတို့သည် မာဂဏ္ဍီ၏ အလိုအတိုင်းပင် ဘုရားရှင် ဆွမ်းခံဝင်တော် မူသောအခါ အမျိုးမျိုး ဆဲရေးကြ၊ ကဲ့ရဲ့ကြ၊ ခြိမ်းခြောက်လေသည်။

ဤတွင် အရှင်အာနန္ဒာက မြတ်စွာဘုရားအား “အရှင်ဘုရား ဤမြို့သူ မြို့သားများသည် ဆဲရေးကြ၏။ ခြိမ်းခြောက်ကြ၏။ ဤမြို့မှ အခြားမြို့သို့ ပြောင်းရွှေ့သွှားသင့်ပါသည်”ဟု လျှောက်ထား၏။ ဘုရားရှင်က “အာနန္ဒာ ဤသို့ မပြုသင့်ပေ။ ဖြစ်ပေါ်လာသော အမှုအခင်းကို ဖြစ်ပေါ်ရာအရပ်၌သာ ငြိမ်းစေပြီးမှ အခြားနေရာသို့ သွားရာ၏။ အာနန္ဒာ မစိုးရိမ်လင့်၊ ထိုသူတို့သည် ခုနစ်ရက်တာမျှသာ ဆဲရေးနိုင်ကြကုနလိမ့်မည်။ ရှစ်ရက်မြောက်သောအခါ နှုတ်ဆိတ်ကြကုန်လိမ့်မည်”ဟု မိန့်ကြားတော်မူသည်။ ဘုရားရှင် မိန့်ကြားတော် မူသည့်အတိုင်းပင် ရှစ်ရက် မြောက်သောအခါ ဆဲရေး ခြိမ်းခြောက်သံများ တိတ်ဆိတ်သွားကြလေသည်။ ( သာမာဝတီဝတ္ထု)

ဤဇာတ်လမ်းကို အကြောင်းပြု၍ “ချီးမွှမ်း(၇)ရက်၊ ကဲ့ရဲ့(၇)ရက်” ဆိုသော စကားပုံ ပေါ်ပေါက်လာခြင်း ဖြစ်ပါ၏။ ထို့ပြင် ဤနေရာတွင်လည်း ဘုရားရှင်သည် ပါရမီပြည့်ပြီးသော ပုဏ္ဏားလင်မယားကိုသာ အဓိကထားကာ တရားစကား ဟောကြားတော်မူခြင်းဖြစ်ပါ၏။ ဤသို့သော တရားစကားကို ဆိုလျှင် ပုဏ္ဏားလင်မယားသည် တရားထူးရလိမ့်မည်။ သူ့သမီး မာဂဏ္ဍီမှာမူ အမုန်းပွါးကာ ရန်ညိုးထားလိမ့်မည် ဆိုသည်ကို ကြိုတင်၍ သိတော်မူခဲ့သည် သာ။ သို့သော် အများအကျိုးရှိမည်ဆိုလျှင် တစ်စုံတစ်ယောက်သည် မုန်းချင် မုန်းပါစေ၊ ရန်ညိုးထားချင် ထားပါစေ။ အများအကျိုးကို အဓိကထားပြီး ဘုရားရှင်သည် ထိုတရားစကားမျိုးကို ပြောသည်သာတည်း။ ဤနေရာတွင် လည်း ပါရမီသည် မည်မျှအထိ အရေးကြီးကြောင်း တွေ့မြင်နိုင်ပါသည်။

ဘုရားရှင်ပြောသော စကားနှစ်ခွန်း
“စကားခြောက်ခွန်း၊ လူ၌ထွန်းလည်း၊ လေးခွန်းကိုပယ်၊ နှစ်ခွန်းတည်” ဆိုသည့်အတိုင်း လောကထဲတွင် လူတို့ပြောလေ့ရှိသော စကားခြောက်မျိုးရှိ ရာတွင် ဘုရားရှင်သည် အကျိုးတရားကို ဖြစ်ထွန်းစေသော စကားနှစ်မျိုးကိုသာ ပြောဆိုလေ့ရှိပါသည်။ (အဘယရာဇကုမာရသုတ်)

စကားခြောက်မျိုးမှာ
( ၁ ) မှန်ကန်၍၊ အကျိုးလည်းရှိပြီး၊ ကြားရသူ နှစ်သက်သောစကား။
( ၂ ) မှန်ကန်၍၊ အကျိုးလည်းရှိပြီး၊ ကြားရသူ မနှစ်သက်သောစကား။
( ၃ ) မှန်ကန်၍၊ အကျိုးကား မရှိ၊ ကြားရသူ နှစ်သက်သောစကား။
( ၄ ) မှန်ကန်၍၊ အကျိုးကား မရှိ၊ ကြားရသူ မနှစ်သက်သောစကား။
( ၅ ) မှန်လည်း မမှန်ကန်၊ အကျိုးလည်း မရှိ၊ ကြားရသူ နှစ်သက်သောစကား။
( ၆ ) မှန်လည်း မမှန်ကန်၊ အကျိုးလည်း မရှိ၊ ကြားရသူ မနှစ်သက်သောစကား။ တို့ဖြစ်ပါသည်။

ထိုခြောက်မျိုးတွင် မြတ်စွာဘုရားသည် နံပါတ် (၁)နှင့် (၂)စကားမျိုး ကိုသာ ပြောဆိုလေ့ ရှိပါသည်။ ထိုတွင် မာဂဏ္ဍီ ပုဏ္ဏားမိသားစုကို ဘုရားရှင် ပြောဆိုခဲ့သော စကားသည် မှန်လည်းမှန်ကန်၊ တကယ်လည်း အကျိုးရှိပါ၏။ သို့သော် သမီးမာဂဏ္ဍီကမူ သဘောလည်း မကျခဲ့သလို အမုန်းပင်ပွါးခဲ့ပါသည်။

http://yatanavasatemple.ning.com/http:// မှတဆင့်ခံစားတင်ပြသည်