Pages




Monday, December 30, 2013

Passport အကြောင်း

ထိုင်းရောက် မြန်မာတွေ Passport သက်တမ်းတိုးတာ ပွဲစားမလို

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ဗီဇာသက်တန်းတိုးမယ့် ကိစ္စနဲ့ ယာယီ Passport ကနေ Passport အကြီး ပြောင်းမယ့် ကိစ္စတွေဟာ အစီစဉ်အတိုင်း လုပ်ဆောင်ပေး သွားမှာဖြစ်လို့ အလုပ်သမားတွေ အနေနဲ့ ပွဲစားတွေနဲ့ ပိုက်ဆံအကုန်ခံ လုပ်စရာမလိုဘူးလို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ အလုပ်သမားရေး ဆိုင်ရာ သံအရာရှိက မဲဆောက်မြို့မှာ မနေ့က ပြောကြားသွားခဲ့ပါတယ်။

ဗီဇာသက်တမ်း ၄ နှစ် ပြည့်သွားတဲ့ ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေဟာ ဗီဇာတိုးမယ့် ကိစ္စနဲ့ လက်ရှိ ယာယီ Passport ကို Passport အကြီးနဲ့ ပြောင်းပေးမယ်ဆိုတဲ့ သတင်းတွေ ထွက်ပြီး နောက်ပိုင်းမှာ အဲဒီကိစ္စတွေအတွက် ကုန်ကျစရိတ်တွေဟာ Passport ပွဲစား ဈေးကွက်ထဲမှာ အမျိုးမျိုး ထွက်ပေါ်နေတာကြောင့် မြန်မာအလုပ်သမားတွေ ရတက်မအေး ဖြစ်နေရပါတယ်။

ဒါကြောင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အလုပ်သမား ဆိုင်ရာ သံအရာရှိ ဦးကျော်ကျော်လွင်ဟာ ဒီနေ့ မဲဆောက်ကိုလာပြီးတော့ ရှင်းပြရာမှာ Passport အပြောင်းအလဲကတော့၊ အခု MoU နဲ့ဝင်လာတဲ့ အလုပ်သမားတွေ အားလုံးကPassport အနီရောင်နဲ့ ဝင်ဖို့အတွက် ဆိုပြီး ရန်ကုန်မှာ ထုတ်ပေးတယ်လို့ ဆိုပါတယ်။

ပြီးတော့ နယ်စပ်ကနေ ပြန်ဝင်လာတယ် ၊ လေးနှစ်ပြည့်တဲ့ အလုပ်သမားတွေအတွက်က၊ အလုပ်သမားဝန်ကြီးဌာနကနေ ပို့လာတဲ့အပေါ် မူတည်ပြီးတော့ demand letter နဲ့ ဆောင်ရွက်ပေးမယ်လို့ သူက ပြောပါတယ်။ အဲဒီ အလုပ်သမားတွေဟာ ခရမ်းစာအုပ် သက်တမ်း ရှိသေးမယ်ဆိုရင် ဆက်ကိုင်ထားသင့်ပြီး ၊ ခရမ်းရောင်စာအုပ်ဟာ သက်တန်းမရှိဖြစ်မယ် ဆိုရင်တော့၊ အနီရောင် ပြောင်းပေးလို့ ရပါတယ်လို့ သူက ဆိုပါတယ်။

ဒါပေမဲ့ ခရမ်းရောင် စာအုပ်ကလည်း ကာလတခု သတ်မှတ်ထားတာ ရှိမှာပေါ့၊ အဲဒီအခါကျရင် အနီရောင် ပြောင်းရမှာပဲ၊ Passport အကြီးဟာ ရန်ကုန်မှာပဲ လုပ်လို့ရတဲ့အခါကျတော့၊ ရန်ကုန်ကဈေးကပဲ အတည်ဖြစ်ပါလိမ့်မယ်လို့ သူက ရှင်းပြပါတယ်။ ဒါ့အပြင် နယ်စပ်တွေမှာ ဘယ်လောက်ဆိုတာ သတ်မှတ်ထားတာ မရှိဘူးလို့ သူက ပြောပါတယ်။

မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အများကြီးရှိတဲ့ နယ်စပ်က မဲဆောက်မြို့ကို လာပြီး အခုလို လာပြောရတာက ဗီဇာ သက်တန်းတိုးခနဲ့ Passport အကြီး လဲလှယ်ခ ဆိုပြီးတော့၊ ပွဲစားတွေက ဘတ်ငွေ ၂ သောင်း အထိ တောင်းနေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေတာကြောင့်၊ အလုပ်သမားတွေ အလိမ်မခံရအောင် သတိပေးတာလို့ အလုပ်သမား သံအရာရှိ ဦးကျော်ကျော်လွင်က ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ သိလိုတယ်ဆိုရင်လည်း၊ မြန်မာသံရုံးက အလုပ်သမားဌာန အပြင် အလုပ်သမား အရေးဆောင်ရွက်နေတဲ့ အဖွဲ့တွေကို တိုက်ရိုက် ဆက်သွယ် မေးမြန်းနိုင်တယ်လို့ သိရပါတယ်။ BBC Burmese ပါ့စပို့ ကိစ္စ ပွဲမစားမလိုပြီလိုထင်ပါတယ်နော် ...

ကျွှန်နော် (လွမ်းဆောင်း)
ဘန်ကောက်မြန်မာသံရုံး
ဆက်သွယ်ရန် ဖုန်းနံပါတ် 086 774 6825
ဘန်ကောက်မြန်မာသံရုံးအလုပ်သမားအရာရှိ
ဦးကျော်ကျော်လွင်
ဆက်သွယ်ရန် ဖုန်းနံပါတ် 083 981 2175 ။

www.facebook.com
Lwan Saung

1 comment:

  1. အားလုံးပဲ မင်္ဂလာပါခင်ဗျာ့
    ကျွန်တော့်ကိုတစ်ခုလောက်အကြံညာဏ်ပေးကျပါခင်ဗျာ့ သိချင်တာလေရှိလို့ပါ
    ကျွန်တော့် ပတ်ပို့သက်တမ်းက ဒီနစ် 19.July.2014 မှာကုန်မှာပါ အခုလုက်ရှိအလုပ်လုပ်နေတာကတော့ ဒူဘိုင်းမှာပါ ဆိုတော့ ပတ်ပို့သက်တမ်းမကုန်ခင် တစ်ပတ်လောက်အလိုမှာ ပြန်လို့ရမယ်လိုထင်သာပဲ ဒါပေမယ့် လေဆိပ်မှာ ရစ်နေမှာစိုးလို့ သိတဲ့လူရှိရင်ပြေားပြပေးပါလာ အားကိုးပါတယ်နော်.....

    ReplyDelete