Pages




Sunday, July 20, 2014

ကိုးကွယ်ရာနှင့်မကိုးကွယ်ရာ

မြတ်ဗုဒ္ဓဟောကြားသော ကိုးကွယ်ရာနှင့် မကိုးကွယ်ရာ။

         ဗုဒ္ဓမြတ်စွာဘုရား ပွင့်ထွန်းတော်မူလာပြီးနောက် ကိုးကွယ်ရာနှင့် မကိုးကွယ်ရာကို ခွဲခြား
၍ ဟောကြားညွှန်ပြခဲ့ပါသည်။ မြတ်ဗုဒ္ဓ ဟောကြားမိန့်မှာသည်မှာ=
      *  “ ယော စ ဗုဒ္ဓဉ္စ ဓမ္မဉ္စ၊ သံဃဉ္စ သရဏံ ဂတော။
           စတ္တာရိ အရိယသစ္စာနိ၊ သမ္မပ္ပညာယ ပဿတိ။ ”
 *  “  ဒုက္ခံ ဒုက္ခသမုပ္ပါဒံ၊ ဒုက္ခဿ စ အတိက္ကမံ၊

       အရိယံ စဌင်္ဂိကံ မဂ္ဂံ၊ ဒုက္ခူပသမဂါမိနံ။  ”
         အကြင်သူသည် မြတ်စွာဘုရားကိုလည်းကောင်း၊ တရားတော်ကိုလည်းကောင်း၊ သံဃာ
တော်ကိုလည်းကောင်း ကိုးကွယ်ဆည်းကပ်၏။ ထိုသူသည် ဆင်းရဲအမှန် “ ဒုက္ခသစ္စာ ”၊ ဆင်းရဲ
ခြင်း၏ အကြောင်းရင်းအမှန် “ သမုဒယသစ္စာ ” ၊ ဆင်းရဲလွတ်မြောက်ရာအမှန် “ နိရောဓသစ္စာ ”
ဆင်းရဲငြိမ်းရာ “ နိဗ္ဗာန် ” သို့ ရောက်ကြောင်းအမှန် “ အင်္ဂါရှစ်ပါးရှိသော မြတ်သော မဂ္ဂသစ္စာ ”၊
ဤ အရိယသစ္စာ လေးပါးတို့ကို မဂ်ပညာဖြင့် ကောင်းစွာ မြင်နိုင်၏။
          မကိုးကွယ်ရာနှင့် ပတ်သက်၍လည်း မြတ်စွာဘုရားသည်==
        * “ နေတံ ခေါ သရဏံ ခေမံ၊ နေတံ သရဏ မုတ္တမံ။
             နေတံ သရဏ မာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စတိ။ ”
         ဤ တော၊ တောင်၊ အရာမ်၊ အဓိကရသစ်ပင် စသော ကိုးကွယ်ရာ ဟူသမျှကို ကိုးကွယ်
ခြင်းသည် ဘေးကင်းသော ကိုးကွယ်ခြင်းမဟုတ်။ မြတ်သော ကိုးကွယ်ခြင်းမဟုတ်။ ဤ ကိုးကွယ်
ရာ ဟူသမျှကို ကိုးကွယ်ဆည်းကပ်ခြင်းကြောင့် ဒုက္ခခပ်သိမ်းမှ မလွတ်မြောက်နိုင်ဟူ၍ဖြစ်သည်။
ဤကဲ့သို့ ရှင်းလင်းထင်ရှားစွာ ဟောကြားခဲ့သည့် တရားတော်အရ မကိုးကွယ်ရာကို သိရှိနားလည်
ရပါသည်။
{နှစ်ဖက်လှ ဦးကျော်လွင်၏ ဗုဒ္ဓဘာသာ လူထက်လူ မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
   (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။

No comments:

Post a Comment