Pages




Friday, April 18, 2014

Yo Ko

မွန်ပြည်နယ် မော်လမြိုင်မြို့ နယ်ရှိ
ဖားအောက်တိုက်နယ် နှစ်ဆန်းတစ်ရက်နေ့ ရိုးဂိုးသင်္ကြန် အကြောင်း
===============================
ရိုးဂိုးရွာရယ်လို့ခေါ်ရတဲ့အကြောင်းအရင်းမှာ
ဟိုအရင်လွန်ခဲ့သော နှစ်ပေါင်းများစွာတွင်
ရိုးဂိုးတိုက်ကျောင်ဆရာတော်သည်
သိရိလင်္ကာနိုင်ငံမှတဆင့် သယ်ဆောင်လာသောရိုးဂိုးပင်ကို အစွဲပြုပြီးခေါ်ခြင်းဖြစ်ပါသည်၊၊
ရိုးဂိုးအပင်သည် ရိုးဂိုးဘုရားနားတွင်ရှိသောအရွတ်အများစိမ်းစိုနေသည့် အပင်ဖြစ်ပါသည်၊၊

နှစ်ဆန်းတစ်ရက်နေ့ တွင် ရိုးဂိုးသင်္ကြန်ပွဲကို စည်ကားစွာ ကျင်းပကြပါသည်၊၊ မွန်ပြည်နယ် အနယ်နယ်အရပ်ရပ်ကပင်လာရောက်သင်္ကြန်ကစားကြပါသည်၊၊

မွန်လူမျိုးတို့ ရဲ့  ရှေးရိုရာဓလေ့အရ နှစ်ဆန်းတစ်ရက်နေ့တွင် ဘုရားကျောင်းကန်သွား အသက်လွှတ် စားကုသိုလ်ယူကြပါသည်၊၊ ထိုနေ့ တွင်ငွေမထွက်အောင် ထိခိုက်ဒါဏ်ရာ မရအောင် လဲ ထိန်းသိမ်း နေထိုင်ကြရပါသည်၊၊

ဖားအောက်တိုက်နယ်ရွာသည်
လွတ်လပ်ရေးရပြီးအခါစတွင်
လယ်ယာလုပ်ငန်း ယက်ကန်းလုပ်ငန်းဖြင့် အလွန်စည်ပင်သာယာခဲ့ပါသည်၊၊
သင်္ကြန်ပွဲတော်ရောက်လျှင်
သင်္ကြန်အကြပ်နေ့  ကော့ခမယ်ရွာ သင်္ကြန်ပွဲကျင်းပပြီး သင်္ကြန်အတတ်နေ့တွင်ဖားအောက်မှတဆင့် ရေလောင်းရေပက်သင်္ကြန်ပွဲ ဆင်နွဲပြီး နောက်တစ်ရွာကိုလှည်းနဲ့သွား ရေပက်ခံလှည့် ပြီး နောက်ထပ်သာယာကုန်းရွာ တာပတွန်ရွာကော့ခိုက်ရွာ ကော့ခိုက်ရွာ ကွေ့ဝမ်းရွာ နိုင်းပြိုင်ရွာ ကျောက်တလုံးရွာ ကော့ခပုံရွာက ဘင်လှိုင်ဘုရား(ကျာ်ဘင်ဍိုင်) မှာအဆုံးသတ်ပါသည်၊၊
ထို ဘင်လှိုင်ဘုရား(ကျာ်ဘင်ဍိုင်) ကနေ ပြန်စ ပြီးရေပက်လာပြန်တယ် ရိုးဂိုးဘုရားမှာ အဆုံးသတ်တာ တစ်လတိတိ လှည်းနဲ့သွားလာ ရေပက်ကစားကြသည်၊၊

သင်္ကြန်ပွဲပြီးဆုံးပြီးခါမှပင်
လယ်တောထဲကို တစ်နှစ်လုံး စုဆောင်းထားသည့် နွားချေးနဲ့မြေဆွေး ကိုလှည်းနဲ့သယ်ယူပြီး လယ်ကွက်များတွင်သွားဖြန့် ကာ အလုပ်ဆက်လုပ်ကြပါသည်၊၊

အခုအချိန်အခါတွင် ဟို အရင်အချိန်အတိုင်း
တစ်လလုံး ရေမကစားနိုင်တော့ပါ
အချိန်ကုန်ခြင်း စရိတ်ကြီးခြင်းကြောင့်ဖြစ်သည်။ ထို့ ကြောင့်ဟိုးအရင်အတိုင်း
ရိုးဂိုးဘုရားတွင် သင်္ကြန်ပွဲ အဆုံးသတ်လိုက်သည့်အတိုင်း နှစ်ဆန်းတစ်ရက်နေ့ကို နောက်ဆုံးနေ့အနေဖြင့် သင်္ကြန်ပွဲ ရေကစားကြပါသည်၊၊ ရိုးဂိုးသင်္ကြန်ပွဲကို အနီးအနားမြို့တွင်သာမက ရပ်ဝေးကပါ လာရေက်ဆင်နွဲကြတ

No comments:

Post a Comment