Pages




Sunday, May 10, 2015

သူတော်ကောင်း၏ ကလဲ့စား ( ၂ )

သူတော်ကောင်း၏ ကလဲ့စား ( ၂ )
*************************

အားလုံးက ထိုအမျိုးသမီးထံ လှမ်းကြည့်ကြသည်။ ဗုဒ္ဓဘာသာဝင်အများစုသည် ဗုဒ္ဓဘာသာအမည်ခံ ဘာသာမဲ့များသာဖြစ်ကြသည် မဟုတ်ပါလော။ သူတို့သည် ဗုဒ္ဓဘာသာကို သိန်းငါးဆယ်လောက်ပင် တန်ဖိုးမထားကြချေ။ ငရဲသာမကျဘူးဆိုလျှင် သိန်းငါးဆယ်ကိုယူပြီး ချက်ချင်း ဘာသာပြောင်းမည့် သူကများ သည်။ ထို့ကြောင့် ငရဲမကျဘဲ သိန်းငါးဆယ်ရမည့်နည်းလမ်းကို စိတ်ဝင်စားနေကြခြင်းဖြစ်သည်။

“ ဟေ့ကောင်မ၊ သိန်းငါးဆယ်လည်းရ၊ ငရဲလည်းမကျမယ့်နည်းကို မြန်မြန်ပြောလေဟယ်”

“ ဒီလိုလေ၊ သူတို့ရှေ့ကျတော့ …..ဘာသာထဲကို ၀င်လိုက်မယ်လေ။ သူတို့ကွယ်ရာကျတော့ ဗုဒ္ဓဘာ သာကိုပဲ ကိုးကွယ်နေမှာပေါ့”

“ အံမယ်၊ တော်တော်ကောင်းတဲ့အကြံ”

“ ဘယ်က ကောင်းရမှာလဲ”

“ ဘာဖြစ်လို့လဲ အေ့”

“ ဗုဒ္ဓဘာသာကနေ တခြားဘာသာကို ရိုးရိုးသားသားပြောင်းတာက မိုက်တဲ့အဆင့်လောက်ပဲရှိတယ်။ တခြားဘာသာကို တကယ်မပြောင်းဘဲ ပြောင်းချင်ယောင်ဆောင်ပြီး ငွေယူတာမျိုးကျတော့ မိုက်ရုံတင်မကဘူး၊ ယုတ်မာကောက်ကျစ်တဲ့အဆင့်ပါ ရောက်သွားပြီ”

သူတစ်ပါးပြောသမျှကို ငြိမ်ပြီးနားထောင်လျက်ရှိသော မိန်းမတစ်ယောက်သည် ထိုအချိန်ကျမှ တစ်လုံး ချင်း သေသေချာချာထပြောလိုက်သည်ကို တွေ့ရသည်။

“ ဗုဒ္ဓဘာသာကနေ …..ဘာသာကို ရိုးရိုးပဲပြောင်းပြောင်း၊ မလိမ့်တပတ်နည်းနဲ့ပဲ ပြောင်းပြောင်း၊ ငရဲကျ မှာတော့ သေချာသလောက်ပဲ”

“ဘာသာခြားဖြစ်တာနဲ့ပဲ အပါယ်ကျရတော့မှာလား”

“ ဗုဒ္ဓဘာသာဝင်တွေထက် ကောင်းတဲ့ တခြားဘာသာဝင်တွေ အများကြီးရှိတယ်။ သူတို့သေရင်တော့ ဗုဒ္ဓဘာသာဝင်ထက်မြင့်တဲ့ ဘုံကိုတောင် ရောက်ဦးမှာ။ ဘာသာမြင့်မြတ်ဖို့ထက် စိတ်ဓာတ်မြင့်မြတ်ဖို့က ပိုအရေးကြီးတယ်။ ဘာသာက ဘယ်လောက်ကောင်းကောင်း စိတ်ဓာတ်နိမ့်ကျပြီရင် နိမ့်ကျတဲ့နေရာကို ရောက် မှာပဲ”

“ စိတ်ဓာတ်မြင့်မြတ်ပြီး ကောင်းတဲ့ပရဟိတအလုပ်တွေကို တစိုက်မတ်မတ် လုပ်နေမယ်ဆိုရင် ဘာသာ မဲ့ဖြစ်ပေမယ့် မြင့်မြတ်တဲ့နေရာကိုရောက်မှာပဲ။ …..ဘာသာထဲ တချို့ဝင်သွားတဲ့အခါ စိတ်ဓာတ်နိမ့်ကျတဲ့ …..တွေက ရွှေတိဂုံ၊ မဟာမြတ်မုနိစတဲ့ ဘုရားဓာတ်ပုံတွေအပေါ် ခြေထောက်နဲ့နင်းခိုင်းတတ်ကြတယ်”

“ဒါဟာ စိတ်ဓာတ်နိမ့်ကျတဲ့ သူတွေရဲ့ အလုပ်ပဲ။ ဒါကြောင့် ဒီအလုပ်မျိုး ခိုင်းသူရော၊ လုပ်သူရော နှစ်ဦးလုံးငရဲကို ကျကြမှာပဲ ”

နှိုင်းနှိုင်းချိန်ချိန်ဖြင့် ပြောနေသော ထိုအမျိုးသမီကို အားလုံးက ဝိုင်းဝန်းကြည့်နေကြသည်။

-------------

လှလှတို့ အိမ်ထောင်သက် ဆယ်နှစ်ခန့်အရတွင် သူတို့ဘဝထဲသို့ သားလေးတစ်ယောက် ဝင်ရောက်လာသည်။ ဆေးရုံတွင် သားဖွားပြီး နောက်တစ်ရက်မှာပင် ကိုကိုတစ်ယောက် အလုပ်မသွားခင် ဆေးရုံသို့ အရင်ပြေးလာသည်။ အဝေးမှလာနေသော ကိုကို့ကို မြင်လိုက်သည်နှင့် လှလှ အိပ်ယာပေါ်မှ လူးလဲထကာ အနှီးတစ်ထပ်၊ စောင်တစ်ထပ်ဖြင့် ထွေးထားသော နီတာရဲသားလေးကို ပွေ့ချီလိုက်သည်။

သားလေးကို အခန်းအလယ်ကြမ်းပြင်တွင် ချကာကလေးဘေးတွင် အသင့်ရပ်နေလိုက်သည်။ အခန်းဝမှာ ကိုကိုပေါ်လာသည်နှင့် -

“ ကိုကို ခဏရပ်၊ ရှေ့မတိုးမလာနဲ့ ”

“ ဟင်… ဘာဖြစ်လို့လဲ လှလှ ”

ထမင်းချိုင့်နှင့် ဓာတ်စာသီးများ မုန့်များထည့်ထားသော ဆွဲခြင်းလေးကို ကိုင်ရင်း ကိုကိုတစ်ယောက် ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်သွားသည်။ လှလှမျက်နှာကိုသာ အကြောင်သားစိုက်ကြည့်နေသော ကိုကိုအား လှလှက သူ့ခြေရင်းသို့ လက်ညိုးထိုးပြလိုက်ရာ ကိုကိုတစ်ယောက် “ အား ” ခနဲ မအော်မိအောင် ပါးစပ်ကို အတင်းချုပ်တည်းလိုက်ရသည်။ ရက်စက်မှုအပေါင်း သရဖူဆောင်းသည့် ဤမြင်ကွင်းမျိုးကို ကိုကို့ဘဝ တစ်သက်တာ တစ်ခါမျှ မမြင်ခဲ့ဖူးချေ။

အိပ်မောကျနေသော နီတာရဲသားလေး၏ လည်မျိုပေါ်သို့ လှလှ၏ ညာခြေဖဝါး တစ်ဖက်က ခပ်ဆဆ တင်ထားသည် မဟုတ်ပါလား။

“ လှလှ၊ လှလှ၊ မင်း ကလေးကို ဘာလုပ်မလို့လဲဟင် ”

“ အဲဒါ ရှင့်အပေါ် မူတည်တယ် ”

“ ရှင် ဒီနေ့က စပြီးတော့ ဗုဒ္ဓဘာသာစာအုပ်တွေကို လေ့လာဖတ်ရှုပါတော့မယ်ဆိုတဲ့ ကတိပေးရင် ဒီကလေး အသက်ရှင်ခွင့်ပေးမယ်။ အဲသလိုမဟုတ်ဘဲ ဗုဒ္ဓဘာသာ စုအုပ်တွေမဖတ်ဘူး၊ မလေ့လာဘူး ဆိုရင်တော့ ဒီကလေးကို အခုပဲကျွန်မ နင်းချသတ်လိုက်တော့မယ်”

“ မင်း ဘာဖြစ်လို့ အဲဒီလို ဆုံးဖြတ်ရတာလဲ ”

“ ဒီကလေးကို ရှင်က ရှင်ဘာသာထဲ သွင်းမယ်။ ဒီတော့ သေရင် ဒီကလေးငရဲကျမယ်။ အခုကတည်းက ကျွန်မသတ်လို့ သေသွားရင် ကောင်းရာသုဂတိ ရောက်သွားနိုင်သေးတယ်။ ကျွန်မ လူသတ်မှုနဲ့ ထောင်ကျတာက သားလေးငရဲကျတာနဲ့စာရင် အများကြီးသက်သာပါတယ်။ ကျွန်မ မိခင်တစ်ယောက်ရဲ့ မေတ္တာနဲ့ ဒီလို ဆုံးဖြတ်လိုက်ရတာပဲ။ ကဲ၊ ကိုကို ကြိုက်တဲ့အဖြေကို အခုချက်ချင်း ပေးပါ။ ကျွန်မ အချိန်မဆွဲမနေနိုင်ဘူး ”

ကိုကိုတစ်ယောက် ကြမ်းပြင်ပေါ်သို့ ဒူးညွှတ်လဲကျသွားခဲ့ရသည်။ မျက်နှာမှာလည်း မျက်ရည်တွေ အရွှဲသားနှင့် လှလှခြေဖဝါးအောက်မှ သူ့ပါးစပ်မှ စကားလုံးတချို့ ထွက်အန်ကျလာသည်။

“ ဗုဒ္ဓဘာသာအကြောင်း စာအုပ်တွေ၊ တရားခွေတွေကို ဖတ်ရှု၊ နာကြား၊ လေ့လာကြည့်ဖို့ ငါ ကတိပေးပါတယ် လှလှရယ် ”

“ ကျေးဇူးတင်ပါတယ် ကိုကို ”

လှလှ ကြမ်းပြင်ပေါ်မှ သားလေးကို ကောက်ပွေ့ယူပြီးလျှင် ကိုကိုရင်ခွင်ထဲ သွားထည့်ပေးလိုက်သည်။ ကိုကိုတစ်ယောက် မျက်ရည်များကြားမှ သားလေး၏ပါးကို အခါခါ နမ်းကြူနေမိသည်။ လှလှက ဘေးဖက်ကနေ၍ ကိုကိုနှင့် ကလေးကိုပါ သိုင်းဖက်လိုက်ပြီးလျှင် စကား စ” လိုက်သည်။

“ ကိုကို အတွေးပါတဲ့ ပုံပြင်လေးတစ်ပုဒ် ပြောပြမယ်။ နားထောင်မလား ”

“ ပြောပြလေ၊ နားထောင်မှာပေါ့ ”

“ ဟိုး… ရှေးရှေတုန်းက မြစ်ကြီးတစ်စင်းထဲမှာ ခင်မင်ရင်းနှီးနေကြတဲ့ လိပ်တစ်ကောင်နဲ့ ငါတစ်ကောင် ရှိကြတယ်။ တစ်ခါတော့ လိပ်ဟာ ရေထဲက ရှုခင်းတွေကို ကြည့်ရတာ ရိုးသွားတဲ့အတွက် မြေပြင်က ရှုခင်းတွေကို ကြည့်ဖို့အတွက် ကုန်းပေါ်တက်သွားတယ် ”

“ ကုန်းပေါ်ကျတော့ အလွန်လှပတဲ့ ရှုမျှော်ခင်းတွေကို မြင်ရတဲ့အခါ ဝမ်းသာအားရဖြစ်ပြီး ရေထဲက မိတ်ဆွေငါးကို ပြောပြဖို့အတွက် မြစ်ထဲပြန်ဆင်းသွားတယ်။ မြစ်ထဲရောက်တဲ့အခါ မိတ်ဆွေငါးကို ကုန်းပေါ်က ရှုခင်းတွေအကြောင်း ပြောပြပြီး ကုန်းပေါ်လိုက်ကြည့်ဖို့ ခေါ်တော့တာပေါ့ ”

“ ဒါပေမဲ့ ဘယ်လိုခေါ်ခေါ် ငါးက ကုန်းပေါ်မှာ လှပတဲ့ရှုခင်းတွေ ရှိတယ်ဆိုတာကို လုံးဝလက်မခံဘူး၊ လိုက်လည်းမလိုက်ဘူးတဲ့။ နောက်ဆုံးတော့ လိပ်ကလက်လျှော့လိုက်ရတာပေါ့။ အခုလည်း ကိုကိုတို့ … ဘာသာဝင်တွေရဲ့ အဖြစ်က ရေထဲက ငါးနဲ့တူနေတယ်။ အခု ကိုကိုပဲ ကြည့်လေ ”

“ ကျွန်မက တတ်နိုင်သမျှ ဘာသာလေးခုလုံးက စာတွေကို ဖတ်တယ်။ ဗုဒ္ဓဘာသာစာပေ တစ်ခုတည်း ဖတ်တုန်းက ဒီလောက်ကောင်းမှန်း မသိသေးဘူး။ တခြားဘာသာက စာပေတွေကို လေ့လာကြည့်တော့မှ ဗုဒ္ဓစာပေတွေက ပိုကောင်းမှန်းသိလာတယ်။ လူတစ်ယောက်တည်း ပြေးနေရင် ဘယ်လောက်မြန်မြန်၊ မြန်မှန်းမသိသာဘူး ”

“ တခြားလူတွေနဲ့ ယှဉ်ပြေးမှ အဲဒီလူက မြန်မှန်းသိသာ လာတဲ့သဘောမျိုးပေါ့။ အခုလည်း ကိုကို့အနေနဲ့ ဗုဒ္ဓစာပေတွေကို လေ့လာကြည့်စေချင်တယ်။ ဒါပေမဲ့ ကြိုက်မှ သဘာဝကျမှ လက်ခံပါ၊ မကြိုက်ရင် သဘာဝမကျရင် ပယ်ပစ်နိုင်ပါတယ် ”

“ တခြားဘာသာက စာပေတွေ၊ တရားတွေကို ဖတ်ရှုလေ့လာရင် အီမန် (ယုံကြည်မှု ပျက်တယ်) ဆိုပြီး တို့…… ဘာသာရေးက တားထားတယ် ”

“ အဲဒါကိုက အာဏာရှင်စနစ် ဆန်နေတာပေါ့။ ကျွန်မတို့ ဗုဒ္ဓကတော့ ဘယ်တရားတော့ မနာရဘူး၊ ဘယ်စာအုပ်တော့ မဖတ်ရဘူးလို့ တားမြစ်ပိတ်ပင်ထားတာ မရှိဘူး။ တရားမျိုးစုံ နာခွင့်ပြုတယ်။ ဒါပေမဲ့ မှန်ကန်ရမယ်၊ အပြစ်ကင်းရမယ်၊ ကောင်းကျိုးပေးရမယ်၊ ပညာရှိသူတော်ကောင်းတွေ လက်ခံနိုင်ရမယ် ”

“ ဒီအချက်လေးချက်လောက်နဲ့ ညီရင် လက်ခံကျင့်သုံးခွင်ပြုပါတယ်။ မညီရင် မပြုပါဘူး။ ကဲ၊ ကိုကို့ကို မေးခွန်းတစ်ခုမေးပါ့မယ်။ ကားဘော်ဒီ ရိုက်ဖို့အတွက် သံပြားတစ်ချက် သွားဝယ်ပါပြီတဲ့၊ တစ်ဆိုင်ထဲမှာပဲ ဆိုတဲ့ဈေးပေးပြီး ဝယ်သလား၊ ဒါမှမဟုတ် သုံးလေးဆိုင်လောက် မေးပြီးမှ ပစ္စည်းလည်းကောင်း၊ ဈေးလည်း သက်သာတဲ့ သံပြားကို ဝယ်သလား ”

“ တစ်ဆိုင်တည်း ဆိုဈေးပေးပြီးဝယ်ရင်၊ ပစ္စည်းကလည်း မကောင်း၊ ဈေးကလည်း ကြီးနေရင် ကိုယ်ရှုံးမှာပေါ့။ ဒါကြောင့် အနည်းဆုံး သုံးလေးဆိုင်လောက်တော့ မေမြန်း၊ ကြည့်ရှုစစ်ဆေး ရွေးချယ်ပြီး ဝယ်ရတာပေါ့ ”

“ သောင်းဂဏန်းလောက်တန်တဲ့ သံပြားလေးတစ်ချပ် ဝယ်တာတောင် သုံးလေးဆိုင်လောက်မှာ စစ်ဆေးမေးမြန်း ဝယ်ကြသေးရင်၊ သံသရာတစ်လျှောက်လုံး ကိုးကွယ်ဆည်းကပ်ရမယ့် ဘာသာရေးကျမှ မရွေးချယ်ဘဲ၊ မဆန်းစစ်ဘဲ မိဘပြောခဲ့တဲ့အတိုင် မျက်စိမှိတ် ကိုးကွယ်မယ် ဆိုရင်၊ ကိုယ့်အတွက် ဘယ်လောက်ထိ ဆုံးရှုံးလိုက်မလဲဆိုတာ ကိုကို တစ်ချက်လောက် စဉ်းစားကြည့်ပါလား ”

ကိုကို တွေခနဲဖြစ်သွားပြီး လှလှကို လှမ်းကြည့်သည်။ ပြီးတော့ တစ်လုံးချင်း အေးဆေးစွာ ပြောလာသည်။

“ အေး၊ လှလှ မင်းပြောတာ သဘာဝကျတယ်။ ကိုယ် ဗုဒ္ဓစာပေတွေကို လေ့လာကြည့်တော့မယ် ”

--------------

…ဘာသာထဲ မယားကို ရအောင်မဆွဲဆောင် နိုင်သောကြောင့် ကိုကို၏ ဘာသာခြားအလုပ်ရှင်များက ကိုကို့ကို ဖိအားပေးသည့်အနေဖြင့် အလုပ်သိပ်မခိုင်းကြ။ ထို့ကြောင့် ကိုကိုမှာ အလုပ်ရတစ်ချက်၊ မရတချက်ဖြင့် အတော်ဒုက္ခရောက် နေရရှာသည်။ ထို့ကြောင့် လှလှတို့ ဇာတိမြို့တွင် အိမ်ငှားဖြင့် မနေနိုင်တော့ပေ။ လှလှ၏ မိဘဆွေမျိုးများကလည်း ထောက်ပံ့ကူညီခြင်း မပြုကြချေ။ ထို့ကြောင့် ကိုကို၏ ဆွေမျိုးများ အများဆုံးရှိရာ မင်းဘူးမြို့သို့ ပြောင်းရွှေ့ ခဲ့ရတော့သည်။

ဘာသာခြားများ ဖြစ်သော်လည်း ကိုကို၏ဆွေမျိုးများက တစ်လတစ်သောင်းငါးထောင် ပေးရသော အခန်းလေးတစ်ခန်း ငှားပေးသဖြင့် သူတို့မိသားစု လမ်းဘေးမရောက်ကြရခြင်းဖြစ်၍ လှလှ အလွန်ကျေးဇူးတင်မိသည်။ ထိုအချိန်မှစ၍ သူ့သားလေးကိုလည်း ဗုဒ္ဓဘာသာ ပုံသွင်းရတော့သည်။ ကျောင်းမနေရသေးခင် လေးနှစ်သားကျော်ကျော် အရွယ်လောက်ကတည်းက သရဏဂုံ၊ ငါးပါးသီလ အနက်အဓိပ္ပါယ် အကျိုးသွားတွေကို သေသေချာချာ သင်ပေးသည်။

မုန့်မက်သော အရွယ်ဖြစ်သောကြောင့် မနက်အိပ်ယာထ၊ ညအိပ်ရာဝင် အချိန်များတွင် ဘုရားရှိခိုးပါက မုန့်ကျွေးသည်။ မရှိခိုးပါက မကျွေးချေ။ ဤသည်ကား ခရစ်ယာန် သာသနာပြုများ၏ နည်းကို အသုံးပြုထားခြင်း ဖြစ်သည်။

ဘုရားကျောင်းသို့ ရောက်လာကြသော ကလေးငယ်များကို ခရစ်ယာန်သာသနာပြုများက မုန့်စားချိန်ရောက်လျှင် ဘာသာကြီးလေးခုက ဘုရားလေးဆူပုံတူ အရုပ်များရှိရာသို့ သွားခိုင်းလိုက်သည်။ ရုပ်တုလေးဆူ၏ နောက်တွင် ခလုတ်များကို နှိပ်စေသည်။ တခြားဘာသာက ရုပ်တုကို နှိပ်လိုက်သောအခါ ဘာမျှမထုခြားသော်လည်း ခရစ်တော် ပုံရုပ်တုကို နှိပ်လိုက်သောအခါတွင်ကား တစ်ခါခလုတ်နှိပ်လျှင် မုန့်တစ်ခု ထွက်လာသည်။

ထို့ကြောင့် ကလေးငယ်များသည် ဘယ်အခါနှိပ်နှိပ် ခရစ်တော်ပုံမှ ခလုတ်ကိုသာ နှိပ်ကြတော့သည်။ ခရစ်တော်ကို ဆည်းကပ်မှ မုန့်ရသည်။ တခြားဘုရားတွေ ဆည်းကပ်လျှင် မုန့်မစားရဟူသော အတွေးသည် ကလေးများ၏ စိတ်ထဲတွင် စွဲသွားသည်။ ပုံပြင်ဟူသည် ကလေးတိုင်း၏ နှလုံးသားဖြစ်သည်။ ပုံပြင်မကြိုက်သော ကလေးဟူ၍ မရှိသလောက်ပင်ဖြစ်သည်။ ယခုပင်ကြည့်ပါ၊ လှလှတစ်ယောက် သားလေးကို အိပ်ယာဝင်ပုံပြင် ပြောပြလျက်ရှိသည်။

“ ဟိုး… ရှေးရှေးတုန်းက ပေါ့သားရဲ့။ မန္တလေးတိုင်း၊ တံတားဦးမြို့မှာ ဗလီဒကာကြီး ဦးယောလို့ အမည်ရတဲ့ သစ်ကုန်သည် သူဌေးကြီးတစ်ယောက်ရှိတယ်။ ဗုဒ္ဓဘာသာမှာ ကျောင်းဒကာရှိသလို၊ သူတို့အစ္စလာမ်ဘာသာမှာလည်း ဗလီဒကာဆိုတာ ရှိတယ် ”

“ ဒကာဆိုတာ ဘာလဲမေမေ ”

“ ဒကာ ဆိုတာက ပေးလှူတတ်သူလို့ အဓိပ္ပါယ်ရတယ်။ ဦးယောက မြန်မာပြည်မှာ ဗလီတည်ချင်ရင် သူ့ကိုသာ အကြောင်းကြားလိုက်၊ လှူလိုက်တာပဲ။ အဲသလောက် ချမ်းသာတယ်။ တစ်နေ့တော့ သူရဲ့တစ်ဦးတည်းသော သမီးလေး ရောဂါတစ်ခုနဲ့ ရုတ်တရက် ကွယ်လွန်သွားတယ် ”

“ နောက်တော့ အိမ်မှာ မကောင်းဆိုးဝါး ပြိတ္တာ ဖြစ်သွားတယ်။ သူဌေးကြီး အိပ်ပျော်သွားတဲ့အခါ သမီးက အိပ်မက်လာပေးတယ်။ အိပ်မက်ထဲမှာ သူ့သမီးလေးက လွင်တီးခေါင် နေပူကြီးထဲရောက်နေတယ်။ ခန္ဓာကိုယ်မှာ အဝတ်အစားလည်းမရှိဘူး။ ပိန်လိုက်တာကလည်း အရိုးပေါ် မရတင်နေတယ်။ သူ့သမီးလေးက သူ့ကိုတွေတော့ ပြောတယ်။ ပါးပါး သမီးကိုကယ်ပါ၊ သမီးမှာ စားစရာ၊ ဝတ်စရာ၊ နေစရာ မရှိဘူး ဖြစ်နေတယ်တဲ့ ”

“ အဲသလိုပြောပြီး အိပ်မက်ကနေ သူဌေးကြီးလန့်နိုးလာတယ်။ သူဌေးကြီးလည်း မျက်ရည်တွေကျလာ တာပေါ့။ ဒါနဲ့ပဲ သူတို့ဗလီဆရာတွေ ပင့်ဖိတ်ပြီး သူတို့ဘာသာနည်းလမ်းနဲ့ ကုသိုလ်ပြုအမျှဝေတယ်။ ညကျ တော့ အိပ်မက်ထဲမှာ သူ့သမီးကိုပြန်တွေ့တော့ အရင်ညကအတိုင်း ဘာမှ မထူးခြားဘူးတဲ့”

“ သမီးမှာ ဘာမှမရပါဘူးလို့ သမီးလေးက ငိုယိုပြီးပြောရှာသတဲ့။ ဒါနဲ့ သူဌေးကြီးဟာ သူတို့ဘာသာကို စိတ်ကုန်သွားတယ်။ တကယ့်အရေးကျတော့ ဘာမှမကယ်နိုင်ဘူး မဟုတ်လား။ နောက်တစ်ခါ ခရစ်ယာန်ဘုန်း ကြီးတွေ ပင့်ဖိတ်ပြီး ကုသိုလ်ပြုအမျှဝေတယ်။ ဒါလည်းမရဘူး။ နောက်တစ်ခါ ဟိန္ဒူဆာဒူးဘုန်းကြီးတွေ ပင့်ပြီး ကုသိုလ်ပြုတယ်၊ အမျှဝေပြန်တယ်။ ဒါလည်း မရဘူးတဲ့”

“ နောက်ဆုံး ဗုဒ္ဓဘာသာဘုန်းကြီးတွေပင့်ပြီး ကုသိုလ်ပြုအမျှဝေမှ ပြိတ္တာဘ၀က ကျွတ်သွားသတဲ့သား ရဲ့”

“ ကျွတ်သွားတယ်ဆိုတာ ဘာဖြစ်သွားတာလဲ မေမေ”

“ ပြိတ္တာဘုံကနေ နတ်ဘုံရောက်သွားတာကို ပြောတာသားရဲ့။ အဲဒီညကျတော့ သူ့သမီးလေးဟာ လှလှပပ၊ ၀၀ဖြိုးဖြိုး၊ နတ်ဝတ်တန်ဆာတွေဝတ်ပြီး ရွှေဗိမာန်ကြီးတစ်ခုပေါ် ရောက်နေတာကို သူဌေးကြီးအိပ် မက်ထဲမှာ တွေ့ရတယ်။ သူ့အတွက် စားစရာ၊ ၀တ်စရာ၊ နေစရာတွေရသွားပြီ။ သံသရာက ဒုက္ခသည်ပြိတ္တာ တွေကို ကယ်တင်နိုင်တာ ဗုဒ္ဓဘာသာပဲ ရှိတယ်လို့ သမီးလေးက ပြောသွားလိုက်သေးသတဲ့”

“ ဒါကြောင့် သူဌေးကြီးနဲ့ မိသားစုအားလုံးဟာ ဗုဒ္ဓဘာသာထဲကို ၀င်သွားကြတယ်။ မန္တလေးမြို့ ၂၆ ဘီ လမ်းက မိုးကောင်းကျောင်းတိုက်ကြီးထဲမှာ နှစ်ထပ်ကျောင်းကြီးတစ်ကျောင်းတောင် ဆောက်လုပ်လှူဒါန်းခဲ့ သေးသတဲ့။ သားအသက်ကြီးလာတဲ့အခါ အဲဒီကျောင်းကြီးကို လက်တွေ့သွားကြည့်ပေါ့”

(မှတ်ချက်) ပြိတ္တာဘ၀က ကျွတ်လွတ်စေရန်အတွက် လှူမည်ဆိုလျှင် အလှူခံပုဂ္ဂိုလ် ရွေးချယ်မှရမည်။

၁။ သိက္ခာသုံးပါးနှင့် ပြည့်စုံသော ရဟန်းတော်ဖြစ်ရမည်။

၂။ အပ်စပ်သော ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး စသည်ကိုသာ လှူဒါန်းရမယ်။ ကပ္ပိယမပါလျှင် ငွေမလှူသင့်။

၃။ ကွယ်လွန်သူ၏နာမည်ကို ခေါ်၍ ကြိုတင်ဖိတ်မန္တကပြုထားရသည်။

၎။ ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာ့ဂုဏ် ဦးထိပ်မှာထားပြီး ကိုယ်စောင့်နတ်များ၊ အိမ်စောင့်နတ်များ၊ ရွာစောင့်နတ်များ၊ မြို့စောင့်နတ်များ၊ ဘုမ္မစိုးများ၊ ရုက္ခစိုးများ၊ အာကာသစိုးများ၊ သာသနာစောင့် စတုမဟာရာဇ် နတ်မင်းကြီးလေးပါးတို့သည် ကွယ်လွန်သူ မဖြူတစ်ယောက် ရောက်ရာဘ၀ဘုံဌာနမှ သာဓုခေါ် ၍ရအောင် အသိပေးကြပါ၊ စောင့်ရှောက်ပေးကြပါဟု မေတ္တာရပ်ခံ ပန်ကြားရသည်။ ဦးယော၊ ဒေါ်မိန်းကလေး တို့လှူဒါန်းထားသော အလယ်တိုက်ကြီးကို မန္တလေးမြို့၊ ၂၆ ဘီ လမ်းရှိ မိုးကောင်းကင်စာသင်တိုက်ကြီး၌ သွား ရောက်လေ့လာကြည်ညိုနိုင်သည်။

“ ဟိုးရှေးရှေးတုန်းက ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်ထဲမှာ ဇန်ဂီရေကျော်လို့ အမည်ရတဲ့ ရွာလေးတစ် ရွာ ရှိသတဲ့သားရေ။ အဲဒီရွာလေးမှာ ကရင်တိုင်းရင်းသား မိသားစုတွေ နေထိုင်ကြတယ်။ တစ်ရွာလုံး ခရစ်ယာန် ဘာသာဝင်တွေပေါ့ကွယ်။ တစ်ခါတော့ (၁၉၉၀ ၀န်းကျင်) အဲဒီရွာမှာ ၀မ်းရောဂါကပ်ဘေးကြီးတစ်ခု ကျရောက် ပြီး ရွာသူရွာသားတွေ အများကြီးသေဆုံးကုန်တယ်”

“ တစ်ယောက်သေလို့ သုဿာန်မှာ သွားမြှုပ်တုန်းရှိသေးတယ် ရွာထဲမှာ နောက်တစ်ယောက် သေနေ ပြန်တယ်။ ဒါနဲ့ပဲ တချို့ရွာသားတွေက အကြောက်လွန်ကြတော့ ဒီရွာကနေ တခြားရွာတွေကို ပြောင်းပြေးကုန် ကြတယ်။ ဘယ်လိုဆေးဝါးတွေနဲ့မှ ကုသကာကွယ်လို့မရတဲ့အခါ သူတို့အားထားရာ ခရစ်ယာန်ဘုရားကျောင်း ကို သွားကြတယ်။ ဓမ္မဆရာကို အကူအညီတောင်းဖို့ပေါ့”

“ ဒါပေမယ့် ဓမ္မဆရာက သူတို့ထက်အရင် ရန်ကုန်ကိုထွက်ပြေးသွားပြီ။ မရှိတော့ဘူး”

“ ဟင်၊ ဘယ်လို ဓမ္မဆရာကြီးလည်း မေမေရယ်။ သူ့ တပည့်သားတွေကို သူမို့ ပစ်ထားရက်တယ်၊ နော် မေမေ”

“ ခေါင်းဆောင်ကောင်း မပီသတာပေါ့ သားရယ်။ ဘာသာရေးမှာဖြစ်ဖြစ်၊ နိုင်ငံရေးမှာဖြစ်ဖြစ် ခေါင်း ဆောင်ကောင်းကို ရှာတဲ့အခါ စိတ္တသတ္တိဟာ အရေးအကြီးဆုံး အရည်အချင်းပေါ့ သားရယ်”

“ စိတ္တသတ္တိဆိုတာ ဘာလဲမေမေ”

“ မိမိအကျိုးနဲ့ အများအကျိုးယှဉ်လာရင် မိမိအကျိုးစွန့်ပြီး အများအကျိုးကို ဦးစားပေးလိုက်တာ။ အမှား နဲ့အမှန် နှစ်ခုယှဉ်လာရင် လူမျိုးစွဲ၊ ဒေသစွဲ၊ ဘာသာစွဲမရှိဘဲ မှန်တဲ့ဘက်က ရပ်တည်ရဲတာတို့ဟာ စိတ္တသတ္တိ ပေါ့ သားရယ်။ ဘာသာရေးနဲ့ပတ်သက်ပြီး စိတ္တသတ္တိရှိတဲ့ တရုတ်ရဟန်းတော် ချန်မင်းအကြောင်း သားကိုပြော ပြမယ်”

“ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကျော်လောက်ကပေါ့ သားရယ်။ ပင်လယ်ကူးသင်္ဘောကြီးတစ်စင်းဟာ တရုတ်ပြည်ကနေပြီး အိန္ဒိယနိုင်ငံကို ဖြတ်မောင်းလာတယ်။ လမ်းခုလတ်မှာပဲ မုန်တိုင်းမိပြီး သင်္ဘောကြီးမှောက် သွားတယ်။ လူတွေ ရာနဲ့ချီပြီး ပါလာတဲ့သင်္ဘောကြီးဆိုတော့ ချက်ချင်းတော့ မြှုပ်မသွားဘူးပေါ့ သားရယ်။ ဖြည်းဖြည်းချင်း စောင်းပြီး နစ်နေတာပေါ့”

“ ဒီအချိန်မှာ သင်္ဘောကပ္ပတိန်ဟာ စိတ်တည်ငြိမ်စွာနဲ့ ခရီးသည်တွေကို အမိန့်ပေးစီမံနေတယ်။ လူ တစ်ထောင်ကျော်လောက်ပါတယ်ဆိုရင် အသက်ကယ်လှေက နည်းနေတော့ ခုနှစ်ရာလောက်ပဲ အသက်ရှင်ခွင့် ရမယ်။ သုံးရာကျော်လောက်ကတော့ သေကြရမယ်။ ကပ္ပတိန်စီမံတာကို လက်မခံဘဲ ကိုယ်ထင်ရာ၊ ကိုယ်ဦး ရာလှေကို လုစီးကြမယ်ဆိုရင် လူအားလုံး သေကုန်ကြမယ်”

“ ကပ္ပတိန်ကလည်း ဒီအတိုင်းရှင်းပြလိုက်တယ်ပေါ့။ ဒါကြောင့် ခရီးသည်အားလုံးဟာ ကပ္ပတိန်ရဲ့အစီ အစဉ်အတိုင်း နာခံကြတယ်။ သူ့အစီအစဉ်က ပထမဆုံး ရဟန်းတွေ လှေပေါ်တက်မယ်၊ ဒုတိယ ကလေးတွေ၊ တတိယ အမျိုးသမီးတွေ၊ စတုတ္ထ အမျိုးသားတွေပေါ့။ ပါလာတဲ့ရဟန်းတော်တွေ အသက်ကယ်လှေပေါ်လည်း စတက်ရော တရုတ်ရဟန်းတော်ချန်မင်းက မတက်ဘဲ သင်္ဘောထဲမှာ ချန်နေလိုက်တယ်”

“ ကပ္ပတိန်က အသက်ကယ်လှေပေါ်တက်ဖို့ ပြောတဲ့အခါ ရဟန်းတော်ချန်မင်းက ပြန်ပြောလိုက်တယ်။ သူ့အသက်ကို ခရီးသည်တစ်ယောက်အတွက် လှူလိုက်ပြီတဲ့။ ကပ္ပတိန်ဟာ ရဟန်းတော်ချန်မင်းကို လက်ဆွဲ နှုတ်ဆက်ပြီး အလေးပြုတယ်။ ဒီလိုနဲ့ လူခုနစ်ရာကျော် အသက်ရှင်ခွင့်ရပေမယ့် သုံးရာကျော်လောက်ကတော့ သင်္ဘောကြီးနဲ့အတူ ပင်လယ်ထဲမှာ နစ်မြှုပ်ကျရောက်ပြီး သေဆုံးသွားကြတယ်”

“ အဲဒီ သုံးရာကျော်ထဲမှာ ရဟန်းတော်ချန်မင်းလည်း ပါသွားတာပေါ့။ တကယ်တော့ ရဟန်းတော်ချန် မင်းဟာ ဗုဒ္ဓဂယာကို ဘုရားဖူးရအောင် လာတာပါ။ ဘုရားရှင်နှစ်သက်တော်မူခဲ့တဲ့ အနစ်နာခံခြင်းဆိုတဲ့ ဓမ္မနဲ့ ဘုရားရှင်ကို ပူဇော်သွားတာပါ။ အဲဒါ စိတ္တသတ္တိပေါ့ သားရယ်။ မှန်တဲ့ဘက်ကနေရဲတဲ့ စိတ္တသတ္တိကို ဥပမာပေး ရရင် အမေရိကန်သမ္မတကြီး လင်ကွန်းပေါ့သားရယ်။ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အာဖရိကတိုက် မှာ နီဂရိုးလူမည်းတွေကို ဖမ်းပြီး အမေရိကန်တောင်ပိုင်း စိုက်ပျိုးရေးနယ်တွေမှာ ကျွန်အဖြစ် ခိုင်းစားကြတယ်။

“ လူလူချင်း ကျွန်အဖြစ်ခိုင်းစားတာဟာ မှားနေမှန်းသိပေမယ့် အမေရိကန်သမ္မတအဆက်ဆက်ဟာ မှားတဲ့ဘက်ကပဲ ရည်တည်ခဲ့ကြတယ်။ ကျေးကျွန်စနစ်ကို ဖျက်သိမ်းဖို့ မကြိုးစားခဲ့ဘူး။ သမ္မတကြီးလင်ကွန်းက တော့ စိတ္တသတ္တိရှိတယ်။ သမ္မတကြီးလင်ကွန်းဟာ လူဖြူတစ်ယောက်ဖြစ်ပေမယ့် လူမည်းတွေဘက်ကပဲ ရပ် တည်ခဲ့တယ်။ လွှတ်တော်မှာ ကျွန်စနစ်ဖျက်သိမ်းဖို့ အဆိုတင်သွင်းတာ အောင်မြင်သွားတယ်”

“ ဒီဆုံးဖြတ်ချက်ကို မကျေနပ်တဲ့ အမေရိကန်တောင်ပိုင်းက မြောက်ပိုင်းကနေ ခွဲထွက်တယ်။ မြောက် ပိုင်းနဲ့တောင်ပိုင်း စစ်ဖြစ်တယ်။ မြောက်ပိုင်းကနိုင်သွားတဲ့အတွက် လူမည်းတွေ ကျွန်ဘ၀က လွတ်မြောက်သွား တယ်။ အဲဒီလို မှန်တဲ့ဘက်က ရည်တည်ခဲ့တဲ့အတွက် လူဖြူတစ်ယောက်ရဲ့ လုပ်ကြံသတ်ဖြတ်တာကို ခံရလို့ သမ္မတကြီး ကျဆုံးသွားတယ်။ အဲဒီလို မှန်တဲ့ဘက်က နေရဲတာလည်း စိတ္တသတ္တိပေါ့ သားရယ်”

“ မေမေ့ပုံပြင်လေးကို ဆက်မယ်ကွယ်၊ ဆုံးခါနီးပါပြီ။ ဇန်ဂီရေကျော်ရွာသားတွေဟာ သူတို့ဘာသာရေး ခေါင်းဆောင်က သူတို့ကိုပစ်သွားတော့ အားကိုးရာအသစ်ရှာရင်း ကနေစိုချောင်းရွာဆရာတော်ကြီးဆီ ရောက် သွားတယ်။ ဆရာတော်ကြီးက အလယ်ရေကျော် ဆရာတော်ကြီးနှင့်တကွ သံဃာတော်ငါးဆယ်ကျော်ကို လွှတ် ပေးပြီး ပရိတ်၊ ပဋ္ဌာန်းတော်ကြီးကို ရက်အတော်ကြာအထိ ရွတ်ဖတ်ပေးလိုက်တာ ကပ်ရောဂါဘေးကြီး တစ်ခါ တည်း ပျောက်ကွယ်သွားတယ် သားရဲ့”

“ အဲဒီမှာတင် ဇန်ဂီရေကျော်တစ်ရွာလုံးဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်သွားကြတယ်”

သားလေးရှင်ပြုခါနီး ဆယ်နှစ်ကျော်ကျော်အရွယ်မှာပင် မုတ်ဆိတ်ဓမ္မဆရာနှစ်ယောက်နှင့် …..ဘာသာ ၀င် သူဌေးလေးဦးတို့ အိမ်ပေါ်သို့ ရောက်လာကြပြန်တယ်။ ငွေထည့်ထားသော အိတ်ကအရင် တစ်ခါလာတုန်း က ပါသောအိတ်မျိုး နှစ်အိတ်တောင်ဖြစ်နေသောကြောင့် သိန်းတစ်ရာကျော်မည်ဟု ခန့်မှန်းရသည်။ ကိုကို၏ မျက်နှာကို လှမ်းအကဲခတ်ကြည့်လိုက်သောအခါ အရင်တစ်ခေါက်ကကဲ့သို့ ပျာပျာသလဲ မဖြစ်တော့သည်ကို သတိထားမိလိုက်သည်။

“ မလှလှတို့ သားလေး ရှင်ပြုဖို့အတွက် ကျွန်တော်တို့က သိန်းတစ်ရာနှစ်ဆယ် လာပြီးကူညီတာပါ”

“ ရှင်ပြုတာတော့ ဟုတ်ပါပြီ။ ….ဘာသာလိုပြုရမှာလား၊ ဗုဒ္ဓဘာသာလို ပြုရမှာလား”

“ မိသားစုအားလုံး …..ဘာသာထဲဝင်ပြီးမှ ကလေးကို …..ဘာသာလို ရှင်ပြုရမှာပါ”

“ တစ်ခုတော့ ဆွေးနွေးချင်တယ်”

“ ဟုတ်ကဲ့၊ ပြောပါ”

“ ဦးဖြူမိသားစုနဲ့ ဦးမည်းမိသားစု နှစ်ခုရှိတယ်ပဲ ဆိုကြပါစို့။ ဦးမည်းက သူ့သားသမီးတွေကို ဆုံးမ တယ်။ ကျွေးမွေးပေးကမ်းစရာရှိရင် ကိုယ့်မိသားစုအချင်းချင်းပဲ ကျွေးမွေးပေးကမ်းကြ၊ မိသားစုမဟုတ်ရင် ဘယ်သူ့မှပေးကမ်း ကျွေးမွေးတာမလုပ်ပါနဲ့တဲ့။ ဦးဖြူကတော့ ကျွေးမွေးပေးကမ်းစရာရှိနေရင် မိသားစုစွဲ၊ ဆွေ မျိုးဆွဲထားမနေနဲ့ လိုအပ်နေတဲ့သူဆို မိသားစုဟုတ်ဟုတ်၊ မဟုတ်ဟုတ် ကျွေးသာကျွေးလို့ ဆုံးမတယ်”

“ ဦးမည်းနှင့် ဦးဖြူနှစ်ယောက်တို့မှာ မြင့်မြတ်သူအဖြစ် ဆရာတို့က ဘယ်သူ့ကိုရွေးချယ်မလဲ”

“ ဦးဖြူကိုပဲ ရွေးချယ်မှာပါ”

“ မှန်ပါတယ်၊ ကျွန်မကလည်း ဆရာတို့နဲ့ထပ်တူပါပဲ။ ဦးဖြူကို ကျွန်မတို့ ဘာလို့ရွေးချယ်သလဲဆိုရင် အဆင့်မြင့်လူသားတစ်ယောက်ရဲ့ မေတ္တာမျိုး ထားနိုင်လို့ပဲ။ ဦးမည်းကို ဘာကြောင့်မရွေးချယ်သလဲဆိုရင် လူ သားဖြစ်လျက်နဲ့ အဆင့်နိမ့်တိရိစ္ဆာန် မေတ္တာအဆင့်လောက်သာ ထားနိုင်လို့ပဲ”

“ ခွေးမတစ်ကောင် ခွေးကလေးတွေမွေးလာရင် နို့တိုက်တယ်။ ခွေးကလေးတွေ ထမင်းစားတတ်ချိန် ရောက်လာရင် နေရာအနှံ့က ရှာစားလာပြီး အန်ကျွေးတယ်။ တကယ်တော့ ဒါဟာ မထူးဆန်းပါဘူး။ ကိုယ့် ကလေးမို့ ကိုယ်ကျွေးတာလေ။ ထူးဆန်းတာက တခြားခွေးကမွေးတဲ့ ခွေးလေးတွေလာစားတာကို ကြည်ဖြူခြင်း ပဲ။ အဲသလို ကြည်ဖြူတဲ့ခွေးမကတော့ မရှိသလောက်ရှားတယ်။ တချို့ခွေးမတွေဆိုရင် သူတို့အန်ချထားတဲ့ အန်ဖတ်တွေကို တခြားခွေးလေးတွေ လာစားရင် အသေကိုကိုက်သတ်ပစ်လိုက်တာ”

“ လူဖြစ်နေလျက်နဲ့ မိမိ မိသားစု ချမ်းသာရေးလောက်ထားတဲ့ မေတ္တာမျိုးဟာ တိရိစ္ဆာန်အဆင့်လောက် ပဲရှိပါသေးတယ်။ ဘာသာစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊ မိသားစုစွဲ မထားဘဲ လူသားမှန်သမျှအပေါ် ထားတဲ့မေတ္တာမျိုး ကမှ အဆင့်မြင့်လူသားဆန်တဲ့ မေတ္တာလို့ ဆိုရမှာပေါ့။ ကျွန်မတို့ ဗုဒ္ဓဘုရားရှင်က အဲဒီလို လူသားဆန်တဲ့ မေတ္တာမျိုးထားတတ်အောင် ဟောလည်းဟောတယ်၊ ကိုယ်တိုင်လည်းလုပ်ဆောင်ပြတယ်”

“ ဗုဒ္ဓနဲ့ခေတ်ပြိုင် နိဂဏ္ဍနာဋပုတ္တ အမည်ခံ ဘာသာရေးခေါင်းဆောင်တစ်ဦး ပေါ်ထွန်းခဲ့ဖူးတယ်။ သူက ကံသုံးပါးမှာ ကိုယ်နဲ့
อัพโหลดจากมือถือ · วันนี้ เวลา 1:08 น. ·
ดูภาพขนาดเต็ม · ส่งเป็นข้อความ · รายงานรูปภาพ

No comments:

Post a Comment