Pages




Sunday, May 10, 2015

သူတော်ကောင်းဧ။်ကလဲ့စား(၁)

သူတော်ကောင်း၏ ကလဲ့စား ( ၁ )
*************************

“ ဖြန်း…”

“ အား…”

တင့်ဝေ ပူခနဲဖြစ်သွားသော သူ့ပါးကိုပြန်စမ်းရင်း ကျားသစ်မတစ်ကောင်ကဲ့သို့ မာန်ဖီကာ ဆတ်ဆတ် တုန်အောင် ဒေါသထွက်နေသည့် အချစ်ခင်ဆုံး၊ အလေးစားရဆုံး သူငယ်ချင်း လှလှကို တအံ့တသြလှမ်းကြည့် နေမိသည်။ ပြီးတော့ မေးခွန်းထုတ်လိုက်သည်။

“ ငါ့ကို ဘာလို့ ပါးရိုက်ရတာလဲ”

“ နင် သာသနာကို ကျေးဇူးကန်းလို့၊ ယုတ်မာလို့ ရိုက်တာ”

…..

“ နင်မသိချင်ယောင်ဆောင်မနေနဲ့၊ ကိုယ့်လုပ်စာ ကိုယ်စားပြီး ကြိုက်တဲ့မိန်းမယူ၊ ကြိုက်တဲ့ဘာသာထဲ ၀င်၊ ငါတို့ ဘာမှပြောစရာမလိုဘူး။ နင့်မိဘတွေ မရှိကတည်းက နင့်ကို စာရိတ္တသုခကျောင်းဆရာတော်က သား အဖြစ်မွေးစားတယ်။ စားဝတ်နေရေး၊ ပညာရေး အကုန်တာဝန်ယူတယ်။ ဘုန်းကြီးကျောင်းမှာနေ၊ ဘုန်းကြီး ကျောင်းမှာစားပြီး ကျောင်းပြီးလာတဲ့နင်က လူမျိုးခြားမကို ယူပြီး တခြားဘာသာထဲ အရှက်မရှိဝင်သွားတာဟာ ဗုဒ္ဓသာသနာကို ကျေးဇူးကန်းတာမဟုတ်လို့ ယုတ်မာတာမဟုတ်လို့ ဘာလဲ”

…..

“ အခုကြည့်စမ်း၊ ဆရာတော်ကြီးဟာ ရှက်ရှာလွန်းလို့ မစားနိုင်၊ မအိပ်နိုင်ဖြစ်ပြီး ကျောင်းထဲကတောင် အပြင်မထွက်ရဲရှာတော့ဘူး။ ဆရာတော်ကြီးသာ ပျံလွန်တော်မူသွားရင် နင်တော့ အ၀ီစိမှာ ချိုးကပ်ပြီးသားပဲ”

လှလှ၏စကားအဆုံးတွင် စိတ္တသုခကျောင်းဆရာတော်၏ မျက်နှာသည် တင့်ဝေ၏မျက်လုံးထဲ ပေါ်လာသည်။ လူမမယ်အရွယ်ကတည်းက သူ့ကို စောင့်ရှောက်ပြုစုခဲ့သော ဆရာတော်ကို သူစိတ်ထိခိုက်အောင် လုပ်ခဲ့မိပေ ပြီ။ အခြားဘာသာထဲ ၀င်သည့်အတွက် ဈေးထဲတွင် ဆိုင်ခန်းတစ်ခန်းနှင့် အိမ်ခြံမြေကိုပါ ရရှိထားပြီးဖြစ်ရာ နောင်တမရချင်တော့။

အကျိုးတရားတစ်ခုတည်းကိုကြည့်၍ ဘာသာပြောင်းသည်မှာ မှန်သည်ဟု ဇွတ်ဆုံးဖြတ်လိုက် တော့သည်။ မည့်သည့်ဗုဒ္ဓဘာသာဝင် အသိုင်းအ၀ိုင်းကမှ သူ့ကို ထိုကဲ့သို့ ထောက်ပံ့ကူညီမည် မဟုတ်ချေ။ ဥရောပတိုက်မှ မက္ခိယဗယ်လီအမည်ရှိ ဒဿနပညာရှင်တစ်ဦးက လူတော်များကို ဆိုးအောင်လုပ်မည့် ဒဿန တစ်ခုကို ရေးခဲ့သည်။

ထိုဒဿနမှာ လူ့လောကသည် ကစားကွင်းကြီးနှင့်တူသည်။ ကစားကွင်း၌ ကစားကြသောသူများသည် နိုင်ဖို့အရေးကြီးသည်။ ကစားသည်မှာ နိုင်ဖို့အတွက်ဖြစ်သည်။ ထို့ကြောင့် မည်သည့်နည်းဖြင့်နိုင်နိုင်၊ နိုင်အောင် ကစားနိုင်လျှင် ထိုနည်းသည်မှန်သည်။ ရှုံးသည်ဆိုလျှင် ထိုနည်းသည် မည်မျှပင်ကောင်းကောင်း အမှားသာဖြစ် သည်။

ထို့အတူ လူ့လောကတွင် ဘာသာရေး၊ စီးပွားရေး၊ နိုင်ငံရေး မည်သည့်အရေးမှာဖြစ်စေ အနိုင်ရလျှင်၊ အသာစီးရလျှင် ထိုနည်း၊ ထိုဆုံးဖြတ်ချက်သည် အမှန်သာဖြစ်သည်။ မိမိရှုံးလျှင်၊ နစ်နာလျှင် ထိုနည်းသည် အမှားသာ ဖြစ်သည်။

ပုထုဇဉ်လူသား၏ မွေးရာပါ ရာဂါနုသယမီးစာကို မီးရှို့ပေးသော ၀ါဒဖြစ်သဖြင့် လူ့လောကကို ဖျက်စီးမည့်၊ ကြောက်စရာကောင်းသည့် ၀ါဒတစ်ခုဖြစ်သည်။

ထိုဝါဒကို လက်ခံကျင့်သုံးမိသောကြောင့် နာဇီခေါင်းဆောင် ဟစ်တလာသည် ဂျူးလူမျိုးခြောက်သန်း ကျော်ကို ရက်ရက်စက်စက် သတ်ရဲသော လူတော်လူဆိုးတစ်ယောက် ဖြစ်လာရခြင်းပင်။ ထိုဝါဒ၏ ဖိအားပေး မှုကြောင့် ဗိုလ်ချုပ်နေ၀င်းသည် စားစရာမလောက်၍ ဆန်နှင့်ဆီပေးရန် တောင်းခံဆန္ဒပြသော ဆင်မလိုက် သင်္ဘောကျင်းမှ အလုပ်သမားများကို ရက်စက်စွာသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

တစ်ကမ္ဘာလုံးလေးစားရသော ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်အလောင်းကို အာဇာနည်ကုန်းမှာ ဂူသွင်းချင်၍ ဆန္ဒပြသော တက္ကသိုလ်ကျောင်းသား ရာပေါင်းများစွာကို ပစ်သတ်ခိုင်းရဲခြင်းမှာလည်း ထိုသည့် မက္ခိယဗယ်လီ၏ ၀ါဒကြောင့်ပင်ဖြစ်သည်။ မိမိ မိသားစု၏ နိုင်ငံရေးအာဏာ ရေပွက်ပမာ တစ်သက်တာတည်ဖို့ အတွက် ကမ္ဘောဒီးယားပြည်သူ တစ်သန်းနီးပါးကို သတ်ခဲ့သော ခမာနီပိုပေါ့အစိုးရ၊ ၂၀၀၇ ခုနှစ်က ပြည်သူများ စားဝတ်နေရေး ပြေလည်ဖို့အတွက် မေတ္တာသုတ်ရွတ်သော သံဃာတော်များကို ရက်စက်စွာသတ်မိန့်ပေးခဲ့ သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် စစ်တပ်အစိုးရအဖွဲ့များသည် မက္ခိယဗယ်လီ၏၀ါဒကို လက်တွေ့ကျင့်သုံးခဲ့ ကြသူများဖြစ်သည်။ ယခုလည်း တင့်ဝေသည် လက်ရှိ အနေအစားအဆင်ပြေသည်ကို ကြည့်ပြီး သူ့လုပ်ရပ်မှန် ကန်သည်ဟု ဆုံးဖြတ်ခြင်းမှာ မက္ခိယဗယ်လီ၏ နည်းဟုပင် ဆိုရပေလိမ့်မည်။

များသောအားဖြင့် ပုထုဇဉ်များသည် အတ္တဆန်ကြ၏။ “ ငါ ” ကိုရှေ့တန်းတင်ကြ၏။ အပြစ်ရှိသူသည် “ ငါဖြစ် နေလျှင် လျှော့ပေါ့မြင်တတ်ကြ၏။ အပြစ်ရှိသူသည် သူတစ်ပါးဖြစ်လျှင်ကား နှစ်ဆတိုးမြင်တတ်ကြ၏။ ထို့ကြောင့် တင့်ဝေသည် သူဘာသာပြောင်းသည်ကို အပြစ်မမြင်နိုင်၊ တခြားဗုဒ္ဓဘာသာဝင်များ သူကဲ့သို့ အခွင့် အရေးရလျှင် သူကဲ့သို့ပင် ဘာသာပြောင်းကြမည်ဟု တစ်ထစ်ချယုံကြည်ထားသည်။ ကိုယ့်စိတ်နှင့်နှိုင်းတတ် ခြင်းမှာ ပုထုဇဉ်၏ သဘာဝပင်ဖြစ်၏။

ခိုးတတ်သောသူသည် သူတစ်ပါးကိုလည်း ခိုးတတ်မည်ဟု ထင်နေတတ်သည်။ လိမ်တတ်သောသူ သည် သူတစ်ပါးကိုလည်း လိမ်တတ်မည်ဟု ထင်နေတတ်သည်။ ရိုးသားသောသူသည် သူတစ်ပါးကိုလည်း ရိုး သားမည်ဟု ထင်နေတတ်သည်။ ဘာသာတရားကို တန်ဖိုးမထားသူသည် သူတစ်ပါးကိုလည်း တန်ဖိုးထားမည် မဟုတ်ဟု ထင်နေတတ်သည်။ ထို့ကြောင့်လည်း တင့်ဝေသည် လှလှကို ယခုကဲ့သို့ ပြန်ပြောလိုက်သည်။

“ နင်သာ ဘာသာခြားနဲ့ရရင် ငါ့လို မဖြစ်ပါစေနဲ့”

“ နင့်လိုတော့ ဘယ်တော့မှမဖြစ်စေရဘူး၊ နင်နဲ့ ဆန့်ကျင်ဘက်ပဲ ဖြစ်စေရမယ်”

... ... ... ... ...

ဘာသာခြားတစ်ယောက်ဖြစ်သော ကိုကို ချစ်ရေးဆိုတော့ လှလှ အလွယ်တကူ လက်ခံလိုက်သည်။ လ အတော်ကြာသည်အထိ လေ့လာကြည့်သောအခါ သူ့အပေါ်တကယ် မေတ္တာရှိကြောင်းသိသည့်အတွက် လက်ထပ်ဖို့ဆုံးဖြတ်လိုက်သည်။ ကိုကိုက ကြိုက်သည့်ဘာသာ ကိုးကွယ်ကြစတမ်းဟူသော ကတိစကားကို ယုံ သည့်အတွက်ကြောင့်လည်း လက်ထပ်ရဲခြင်းဆိုလျှင် မမှားချေ။

သည့်ထက် အဓိကကျသောအချက်ကား “ နင်သာ ဘာသာခြားနဲ့ရရင် ငါ့လိုမဖြစ်ပါစေနဲ့”ဟူသော စကားကို လက်တွေ့ ချေဖျက်ပြချင်သောကြောင့်ဟုဆိုလျှင် ပိုမှန်မည်ထင်သည်။ တင့်ဝေကဲ့သို့ ဗုဒ္ဓဘာသာကို ခြံမြေတစ်ကွက်လောက်မှ တန်ဖိုးမထားသူ မြန်မာများရှိသကဲ့သို့၊ မိမိကဲ့သို့ ဗုဒ္ဓဘာသာကို အသက်ထက်တန်ဖိုး ထားသူ မြန်မာများလည်းရှိသေးကြောင်း ဘာသာခြား အသိုင်းအ၀ိုင်းကို သိစေချင်သည်။

ဘုန်းကြီးကျောင်းတွင် မင်္ဂလာဆွမ်းကပ်ကာ လက်ထပ်အခမ်းအနားကိုလုပ်လိုက်သည်။ ကိုကိုက ဗုဒ္ဓ ဘာသာထဲမ၀င်သောကြောင့် လှလှကို မိဘများက အမွေပြတ်ကြေငြာလိုက်သည်။ လှလှ ဘာသာခြားထဲ မ၀င် သည့်အတွက် ကိုကိုလည်း သူ့အိမ်ပေါ်တွင် ဆက်နေခွင့်မရတော့ဘဲ အိမ်ငှားနေရတော့သည်။

ကိုကိုက ကားဘော်ဒီရုံမှ အလုပ်သမားတစ်ယောက် ဖြစ်သည်။ ဘာသာခြားချုပ်က ကိုကိုအား ဖိအား ပေးလာကြသည်။ လှလှကို ဘာသာခြားထဲ ၀င်အောင်လုပ်ပါ။ ကိုယ်ပိုင်ကားဘော်ဒီရုံ တည်ထောင်ပေးမည်ဟု မက်လုံးပေးသည်။ ထို့ကြောင့် ကိုကိုက လှလှကို စည်းရုံးကြည့်သည်။

“ လှလှ၊ ကိုကို အဆင်ပြေစရာ လမ်းစတစ်ခု တွေ့တယ်”

“ ဘယ်လိုလမ်းစလဲ”

“ လှလှ ဘာသာခြားထဲဝင်ရင် ကိုယ်ပိုင်ကားဘော်ဒီရုံ တစ်ရုံတည်ထောင်ပေးမယ်တဲ့။ ၀င်လိုက်ပါလား ကွယ်။ ကိုယ်တို့ အခု တအားဆင်းရဲနေတယ်လေ။ အိမ်ငှားခတောင် မနည်းနပ်မှန်အောင် ကြိုးစားနေရတာ မဟုတ်လား”

“ တစ်ဘ၀ တစ်နပ်စာချမ်းသာပြီး သံသရာတစ်လျှောက် ဆင်းရဲမယ့်အလုပ်မျိုး လုပ်လောက်အောင် ကျွန်မ အသိဉာဏ်မဆင်းရဲသေးဘူး ကိုကို”

“ မင်းစကားကြီးကလည်းကွာ၊ ဘာသာဝင်တစ်ယောက်ဖြစ်တာနဲ့ပဲ ငရဲချည်းကျရမလိုလို ဖြစ်နေပြီ”

“ အားလုံးကိုတော့ မဆိုလိုပါဘူး။ ဒါပေမယ့် နွားကိုလည်လှီးသတ်တဲ့ သူတွေကတော့ ငရဲကျဖို့ရာ ကိုးဆယ်ရာခိုင်နှုန်း သေချာပါတယ်”

“ မင်းက ဘယ်အထောက်အထားတွေအရ ပြောနေတာလဲ”

“ ကျမ်းဂန်အထောက်အထားတွေအရ ပြောနေရင် ဘုရားချင်းမတူတဲ့အတွက် အယူအဆချင်းလည်း တူမှာမဟုတ်ဘူး။ မြန်မာတစ်ဂဏန်း (၁) ရဲ့ အရပ်လေးမျက်နှာမှာရှိတဲ့ လူလေးယောက်ဟာ အမြင်တစ်မျိုးစီ မြင်ကြတယ်။ တစ် (၁) လို့မြင်တဲ့လူ၊ “ င ” လို့မြင်တဲ့လူ၊ “ ပစောက် ” လို့မြင်တဲ့လူ၊ ရှစ် (၈) လို့မြင်တဲ့လူ လေး မျိုးဖြစ်လာတယ်။ ကိုယ့်ဘက်ကကြည့်ရင်တော့ မှန်တာပဲ။ သူတစ်ပါးဘက်က ကြည့်မှသာ မှားတာပါ”

“ ဒါကြောင့် ဘာသာဆိုတဲ့ အရေခွံကို ခွာချပြီး သဘာဝနဲ့ကြည့်ကြရအောင်။ သံပရာသီးကိုစားရင် ဘယ်ဘာသာဝင်စားစား ချဉ်ပါတယ်။ ချဉ်တာဟာ သဘာဝတရားဖြစ်တဲ့အတွက် ဘယ်ဘာသာဝင်စားစား ချဉ် တဲ့သဘောက ဘယ်တော့မှ ဖောက်ပြန်သွားမှာ မဟုတ်ပါဘူး။ ဒီလိုပဲ သူတစ်ပါးအသတ်ကို သတ်တဲ့သူတွေ ဖြစ်ရာဘ၀မှာ အသတ်တိုတယ်၊ အနာရောဂါများတယ်ဆိုတာ သဘာဝတရားပါ”

“ ဘယ်ဘာသာက ဘုရားကမှ ဖန်ဆင်ထားတာမဟုတ်ပါဘူး။ ဒါကြောင့် ဘယ်ဘာသာဝင်ကပဲသတ် သတ်၊ သတ်တဲ့သူတိုင်း ဖြစ်ရာဘ၀မှာ အသတ်တိုခြင်း၊ အနာရောဂါများခြင်းဆိုတဲ့ ဆိုးကျိုးတွေကို ခံစားရမှာ ပါ။ သကြားကို ဘယ်ဘာသာဝင်စားစား ချိုပါတယ်။ ချိုတာဟာ သဘာဝတရားဖြစ်တဲ့အတွက် ဘာသာပြောင်း သွားလည်း ချိုတဲ့သဘာဝက ပြောင်းမသွားပါဘူး”

“ ဒီလိုပဲ သူ့အသတ်ကို သတ်ခြင်းမှ ရှောင်ကြဉ်ရင်၊ သူတစ်ပါးအသက်ရှည်အောင် ဆေးဝါးကုသလှူ ဒါန်းမယ်ဆိုရင် ဖြစ်ရာဘ၀မှာ အသက်ရှည်ခြင်း၊ အနာရောဂါကင်းခြင်းဆိုတဲ့ ကောင်းကျိုးတွေကို ဘယ်ဘာသာ ၀င်မဆို ရရှိမှာပါ။ ဘာကြောင့်လဲဆိုရင် ဒီကောင်းကျိုးတွေဟာ ဘုရားတစ်ဆူဆူက ဖန်ဆင်းထားတာမဟုတ်ဘဲ သဘာဝကပေးတဲ့အတွက် ဖြစ်လို့ပါပဲ”

လှလှရှင်းပြသည်မှာ သဘာဝကျနေသဖြင့် ကိုကို ဘာမှပြန်မချေပနိုင်ချေ။ သို့သော် မနာလိုခြင်းနှင့် ၀န် တိုခြင်းဓာတ်ခံရှိသော ပုထုဇဉ်အများစုသည် သူတစ်ပါး၏ မြင့်မိုရ်တောင်လောက်ရှိသော ကောင်းကွက်ကိုမမြင် တတ်ကြဘဲ၊ ဇီးစေ့လောက်သာရှိသော မကောင်းကွက်ကို မြင်တတ်ကြသည်မှာ သဘာဝလိုဖြစ်နေ၏။ ထိုမနာ လိုခြင်းနှင့် ၀န်တိုခြင်းရှိသောကြောင့် ပုထုဇဉ်အများစုသည် စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာနေချင်ပါလျက် စိတ် ဆင်းရဲ၊ ကိုယ်ဆင်းရဲနေရခြင်းဖြစ်သည်။ ထို့ကြောင့်လည်း ကိုကို၏ တုန့်ပြန်ပုံကို ကြည့်ပါ။

“ ဒါပေမယ့်၊ မင်းတို့ဗုဒ္ဓဘာသာမှာလည်း သဘာဝကျတာထက် သဘာဝမကျတာက ပိုများပါတယ်”

“ ကိုကိုက ဘာတွေများ တွေ့ဖူးလို့လဲ”

“ လမ်းခင်းတဲ့ အုတ်ခဲမျိုးတွေကို စေတီလုပ်ပြီး ရှိခိုးနေတာ သဘာဝကျပါ့မလား”

“ ဗိုလ်ချုပ်အောင်ဆန်း၊ အမေရိကန်သမ္မတကြီးလင်ကွန်း၊ ဟိုချီမင်းကစပြီး နိုင်ငံ့ခေါင်းဆောင်ကြီးတွေ ရဲ့ ရုပ်ထုတွေကိုလည်း အုတ်တွေ၊ အင်္ဂတေတွေ၊ ကြေးတွေ၊ ကျောက်တွေနဲ့ ထုလုပ်ကြတာပါပဲ။ ဒီရုပ်ထုတွေ ထုလုပ်တဲ့ အုတ်တွေ၊ အင်္ဂတေတွေ၊ ကြေးတွေ၊ ကျောက်တွေဟာ လမ်းတွေ၊ လှေကားထစ်တွေမှာလည်း သုံး တာပါပဲ”

“ ဆိုလိုတာက အုတ်တွေ၊ ကျောက်တွေကို အရိုအသေပေးကြတာ မဟုတ်ဘူး။ အဲဒီခေါင်းဆောင်တွေ ရဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံတဲ့ ဂုဏ်တွေကို အရိုအသေပေးကြတာပါ။ ဒီခေါင်းဆောင်ကြီးတွေက ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံက ပြည်သူတွေအတွက်သာ အနစ်နာခံခဲ့တာပါ။ ဗုဒ္ဓဘုရားရှင်ကတော့ (၃၁) ဘုံလုံးက လူနတ်ဗြဟ္မာ အားလုံးအတွက် ကိုယ်ကျိုးစွန့်၊ အနစ်နာခံခဲ့တာပါ”

“ ဒါကြောင့် ဘုရားရှင်ရဲ့ဂုဏ်တော်တွေကို ရည်မှန်းပြီး အထိမ်းအမှတ်အနေနဲ့ ရုပ်ပွားတွေ၊ စေတီတွေ တည်ကြတာပါ။ ကိုကို ပြောသလို စကားကပ်ပြောကြစတမ်းဆိုလျှင် ကျွန်မရယ်၊ ကိုကို့နှမရယ်၊ ကိုကို့အမေ ရယ် မိန်းမချင်းအတူတူပါပဲ။ ကိုကို့နှမနဲ့ အမေကို မယားအဖြစ်ပေါင်းသင်းရဲလို့လား”

“ ဟာ ကြည့်စမ်း၊ မင်း ငါ့အမေနဲ့ နှမကို စော်ကားတာပေါ့ ကဲကွာ”

“ ဖြန်း…”

“ ၀ုန်း…”

နားအုံကို လက်ပြန်ရိုက်ချက်က ပြင်းထန်လွန်းသဖြင့် လှလှတစ်ယောက် ထိုင်နေရာမှ ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။ အနုနည်းဖြင့် စည်းရုံး၍မရလျှင် အကြမ်းနည်းဖြင့် စည်းရုံးမည်ဟု ဆုံးဖြတ်ထားသော ကိုကိုက လဲကျနေသော လှလှကို နောက်ထပ်ဆက်ရိုက်ရန် အနားသို့တိုးကပ်လာသည်။

သည်လောက်ရိုက်လိုက်လျှင် လှလှတစ်ယောက် လန့်သွားပြီး ကြောက်ပါပြီကိုကိုရဲ့ နောက်မပြော တော့ပါဘူးဟု ထအော်မည်ဟု ကိုကိုက ထင်ထားသည်။

လူဆိုသည်က ကြောက်မှန်းသိလျှင် ဖြဲခြောက်ချင်သော စိတ်ဓာတ်ရှိတတ်ကြသည် မဟုတ်ပါလော။ လှလှ၏ညာလက် သူ့ခါးအောက်ရောက်နေသည်ကိုတော့ ကိုကိုသတိထားမိသည်။ သူ့ခါးနာသွားလို့ ပွတ်တာ နေမှာပါဟု ထင်လိုက်ပြီး နောက်တစ်ချက်ဆက်ရိုက်ရန် လက်ကိုလွှဲလိုက်စဉ် လှလှ၏ညာဘက်လက်သည် ရှေ့ သို့ပြန်ထွက်လာသည်။

လက်ထဲတွင် အရောက်လက်နေသော ဓါးမြှောင်တစ်လက်ပါလာသည်။ ကိုကိုလန့်သွားသည်။ ရိုက် မည့်လက်ကို အောက်သို့ပြန်ချလိုက်သည်။ အတွင်းစိတ်က အသက်အန္တရာယ်အနံ့ကို သိသွားဟန်တူသည်။ ထပ်ရိုက်ဖို့ ထိုင်နေရာမှ ချက်ချင်းမတ်တပ်ရင်းပြီးသားဖြစ်သွားသည်။ သူမတ်တပ်ရပ်အပြီးတွင် လှလှကလည်း တစ်ပြိုင်နက် လူးလဲထရပ်ကာ ကိုကို၏၀မ်းဗိုက်ဆီသို့ ဓားမြှောင်ကိုစုံကိုင်ကာ ပစ်သွင်းလိုက်သည်။

သို့သော် ဓားကို သတိထားမိသွားပြီဖြစ်သော ကိုကိုက နောက်သို့ “ အား” ခနဲအော်ကာ ခုန်ဆုတ်လိုက် သဖြင့် ထိချက်ကလွဲသွားသည်။ ကိုကို တုန်တုန်ရီရီဖြစ်သွားကာ နောက်သို့ဆုတ်ရင်း အိမ်နံရံအထိရောက်သွား သည်။ ကျားသစ်မတစ်ကောင်ကဲ့သို့ ဒေါသမာန်ဖီနေသော လှလှက ဓားမြှောင်ကိုကိုင်ရင်း ကိုကို့ဆီသို့ တစ် လှမ်းချင်းတိုးလာသည်။

“ လှလှ၊ လှလှ…တကယ်မထိုးပါနဲ့၊ ငါနင့်ကို တကယ်ရိုက်ချင်လို့ မဟုတ်ပါဘူး။ ကြောက်သွားအောင် ခြောက်တဲ့သဘောပါ”

“ ကျွန်မတို့ မြန်မာတွေက ရှင်တို့ကုလားတွေကို ဘယ်တုန်းကကြောက်ဖူးလို့ ကျွန်မကို လာခြောက်နေ ရတာလဲ။ တကယ်ဆိုရင် ရှင်က ကျွန်မကို စ ရိုက်ရမှာမဟုတ်ဘူး၊ ကျွန်မက ရှင်ကို “ စ ” ရိုက်ရမှာ”

“ ဘာဖြစ်လို့လဲ”

“ ဘာဖြစ်လို့ရမှာလဲ၊ ရှင်က ကျွန်မတို့ ကိုးကွယ်တဲ့ဘုရားရှင်ကို လမ်းခင်းတဲ့အုတ်နဲ့နှိုင်းပြီး ပြောတာ ဟာ ဗုဒ္ဓဘာသာကို အကြီးအကျယ် စော်ကားတာပဲပေါ့။ သံသရာတစ်လျှောက် ကျေးဇူးရှင်ဖြစ်တဲ့ ကျွန်မတို့ ဘုရားရှင်ကို စော်ကားတာတောင် ကျွန်မကသည်းခံပြီး ရှင်သဘောပေါက်အောင် ဥပမာပေးပြီး ပြန်ရှင်းပြခဲ့ တယ်။ ရှင့်အလှည့်ကျတော့ တစ်ဘ၀ကျေးဇူးရှင်အမေကို ထိတယ်ဆိုပြီး ကျွန်မကိုထရိုက်တယ်”

“ ရန်ကို ရန်ချင်း တုန့်နှင်းရတာ လွယ်တယ်။ သည်းခံရတာ ခဲယဉ်းတယ်။ လွယ်တဲ့အလုပ်ကို လုပ်တဲ့ သူက အပါယ်ကျတယ်။ ခက်တဲ့အလုပ်ကို လုပ်တဲ့သူက နိဗ္ဗာန်ရောက်တယ်။ ရှင်က လွယ်တဲ့အလုပ်ကိုလုပ် တာ။ ကျွန်မက ခက်တဲ့အလုပ်ကိုလုပ်တာ၊ နောက်တစ်ခါရှင်လည်း မှတ်ထားပါ။ ဘာသာရေးနဲ့ပတ်သက်လာ ရင် ကျွန်မကို အနုနည်းနဲ့စည်းရုံးပါ။ အကြမ်းနည်းနဲ့တော့ ဘယ်တော့မှ မစည်းရုံးနဲ့”

“ ရှင်တို့…ဘာသာနဲ့ အနှစ်သာရတွေကို သေချာပြောပြပါ။ မုတ်ဆိတ် ဓမ္မဆရာတွေ ခေါ်လာပြီး ဟော ခိုင်းပါ။ ကျွန်မကြိုက်ရင် တစ်ခါတည်းဝင်လိုက်မယ်။ ရှင်လည်း ကျွန်မတို့ ဗုဒ္ဓဘာသာတရားခွေတွေ၊ စာအုပ် တွေကို နာကြည့်၊ ဖတ်ကြည့်ပါ။ အနှစ်အသားရှိတယ်လို့ ယူဆရင် ၀င်ပေါ့။ အနှစ်မရှိဘူးလို့ ယူဆရင် မ၀င်ဘဲ နေနိုင်တယ်”

“ ကာမဂုဏ်ရယ်၊ ငွေရယ်၊ နှိပ်စက်မှုရယ် ဒီသုံးခုသုံးလိုက်ရင် မြန်မာမတွေ …..ဘာသာထဲ ကားကနဲ ၀င်လာတာပါဆိုတဲ့ မြန်မာမတွေထဲမှာ ကျွန်မ မပါဘူးဆိုတာ ရှင်တစ်သက်လုံးမှတ်ထားပါ”

“ အေးပါ…အေးပါ၊ နောက်ကို ငါ အကြမ်းမလုပ်တော့ပါဘူး”

“မှန်ကန်သူက ရဲရင့်စမြဲပင် မဟုတ်ပါလော။ မှန်ကန်သောလှလှက ရဲရင့်သူဖြစ်သွားပြီး မမှန်သော ကိုကိုက ကြောက်ရွံ့သူဖြစ်သွားရလေပြီ။

ကိုကိုနှင့်လှလှကား အရင်တုန်းက မြိုင်ကြီးငူဆရာတော်ကဲ့သို့ ဒုက္ခရောက်ရလေပြီ။ မြိုင်ကြီးငူဆရာ တော်သည် ကရင်လူမျိုးဖြစ်သည်။ ထို့ကြောင့် ဗိုလ်မြ ဦးဆောင်လာသော ကေအင်ယူအဖွဲ့နှင့် ရင်းနှီးသည်။ သို့ သော် မြိုင်ကြီးငူဆရာတော်သည် ဗုဒ္ဓဘာသာ ရဟန်းတော်တစ်ပါးဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာစစ်တပ် ခေါင်းဆောင်များနှင့် ဘာသာရေးအဆက်အဆံရှိသည်။

ခက်သည်က ဗိုလ်မြသည် ကရင်ဖြစ်သော်လည်း ခရစ်ယာန်ဘာသာဝင်ဖြစ်နေသည်။ ကေအင်ယူနှင့် မြန်မာစစ်တပ်က မကြာခဏတိုက်ပွဲဖြစ်နေကြသည်မှာ နှစ်ခြောက်ဆယ်ကျော်ခဲ့ပြီဖြစ်သည်။ တစ်ခါတစ်ရံ စစ်တပ်က အနိုင်ရသွားသောအခါ ဗိုလ်မြက ဒီဘုန်းကြီး စေတီတွေတည်တာ၊ ငါတို့စခန်းကို စစ်တပ်က ဗုံးချလို့ လွယ်အောင်လမ်းပြပေးတာ။ စစ်တပ်ကလူဟု စွပ်စွဲသည်။ တစ်ခါတစ်ရံ ကေအင်ယူက စစ်တပ်ကိုအနိုင်ရသွား သည်။

ထိုအခါ စစ်ခေါင်းဆောင်များက ဒီဘုန်းကြီး စစ်တပ်က အချက်အလက်တွေကို ကေအင်ယူတွေ သွား ပေးတာဖြစ်ရမယ်။ သူပုန်ဘုန်းကြီးဟု စွပ်စွဲပြီး ရန်လုပ်ကြသည်။ ဗိုလ်မြဆိုလျှင် ဆရာတော်တည်ထားသော စေ တီများကို စစ်တပ်လမ်းပြဖြစ်သည်ဆိုကာ အမြောက်နှင့်ပစ်၍ ဖြိုချပစ်ခဲ့သည်။ ထိုအကုသိုလ်ကံ အကျိုးပေး ကြောင့် ဗုဒ္ဓဘာသာကရင်များက ဒီကေဘီအေဟူသော အမည်ဖြင့် ကေအင်ယူမှခွဲထွက်ပြီး ပြန်တိုက်တော့ သည်။

ထို့ကြောင့် စုစည်းနေသော ကေအင်ယူအဖွဲ့ကြီး ပြိုကွဲပျက်စီးသွားတော့သည်။ တိုက်ဆိုင်စွာပင် အာဖဂန်စနစ္စတန်နိုင်ငံ၊ ဘာမီယန်မြို့မှ ပေတစ်ရာနီးပါးခန့်ရှိ ကျောက်ဆင်းတုဗုဒ္ဓရုပ်ပွားတော်ကြီးနှစ်ဆူကို တာ လီဘန်မွတ်စလင် အစွန်းရောက်သူပုန်များက ဒိုင်းနမိုက်များခွဲ၍ ဖြိုချဖျက်ဆီး လမ်းခင်းပစ်လိုက်ကြသည်။

ထိုအကုသိုလ် အကျိုးဆက်ကြောင့် တာလီဘန်သူဘုန်များသည် အမေရိကန်တပ်သားများ၏ ပစ်သတ် ခြင်းကို ခံကြရသည်။ ထိုအချိန်က အစိုးရဖြစ်ခဲ့သော တာလီဘန်များသည် ယခုအခါ ဓားပြသူပုန်ဘ၀ဖြင့် လမ်း ဘေးရောက်သွားကြလေပြီ။ ဘာဖဂန်နစ္စတန်နိုင်ငံသည် ယခင်က ဗုဒ္ဓဘာသာနိုင်ငံဖြစ်သည်။ ကိုကိုနှင့်လှလှ သည် မြိုင်ကြီးငူဆရာတော်ကဲ့သို့ပင် နှစ်ဖက်မိဘ၏ စွန့်ပစ်ခြင်း ခံကြရသည်။ ကိုကို၏မိဘများက လှလှ…..ဘာသာထဲ မ၀င်သောကြောင့် စွန့်ပစ်ကြသည်။ လှလှမိဘများက ကိုကို ဗုဒ္ဓဘာသာထဲမ၀င်သော ကြောင့် စွန့်ပစ်ကြသည်။

….ဘာသာဝင် အလုပ်ရှင်များက ကိုကို့ကို ဒဏ်ခတ်သောအားဖြင့် အလုပ်ဖြုတ်လိုက်ကြသည်။ ကိုကို အလုပ်လက်မဲ့ဖြစ်သောအခါ သူတို့နှစ်ယောက် စားဝတ်နေရေး ကျပ်တည်းလာသည်။ ဆန်ပြုတ်သောက်ရသော ရက်များပင်ရှိလာသည်။ ၂၀၀၁ ခုနှစ်၊ ဒီဇင်ဘာ (၂) ရက်နေ့ပင်ဖြစ်၏။ မုတ်ဆိတ်ဓမ္မဆရာကြီးသုံးဦးနှင့် ….ဘာသာ သူဌေးနှစ်ယောက်တို့ လှလှတို့အိမ်သို့ လက်ဆွဲအိတ်ကြီးတစ်လုံးနှင့် ရောက်လာသည်။

“ ကိုကိုနှင့်လှလှ ဆင်းရဲနေတာကို မကြည့်ရက်လို့ ….ဘာသာအဖွဲ့ချုပ်က သိန်းငါးဆယ် လာထောက် ပံ့တာပါ။ ဒီငွေတွေနဲ့ ရင်းနှီးစားသောက်ကြပါ”

“ ကျွန်မတို့ ဗုဒ္ဓဘာသာဝင်တွေ ပေးလှူတဲ့အခါ ဘာသာ၊ လူမျိုးမခွဲခြားပါဘူး။ သီတဂူဆရာတော်ကြီး ဆိုရင် ပြည်နယ်နဲ့တိုင်းအားလုံးမှာ မျက်စိဆေးရုံတွေဆောက်လုပ်ပြီး လူမျိုးမရွေး ဘာသာမရွေး မျက်စိခွဲပေးပါ တယ်။ မေတ္တာရှင်(ရွှေပြည်သာ)ဆရာတော်ဆိုရင် တက္ကသိုလ်ဆက်မတက်နိုင်တဲ့ ကျောင်းသားတွေကို ပညာ သင်စရိတ် ထောက်ပံ့လှူဒါန်းနေတာ အယောက်သုံးရာကျော်ပါတယ်”

“ အဲဒီသုံးရာကျော်ထဲမှာ ဘာသာမျိုးစုံပါပါတယ်။ ဒီလို ထောက်ပံ့ကူညီတဲ့အတွက်၊ ဒီလိုမျက်စိခွဲပေးတဲ့ အတွက် ဘယ်ဘာသာခြားကိုမှ ဗုဒ္ဓဘာသာထဲဝင်ဖို့ မစည်းရုံးခဲ့ပါဘူး။ အကူအညီတစ်ခုခုပေးပြီး မိမိဘာသာထဲ ကို အတင်းသွင်းတဲ့အလုပ်ဟာ ရေနစ်နေတဲ့လူကို အသက်ကယ်ပြီးမှ အခကြေးငွေတောင်းခံတဲ့ အလုပ်ထက်ပို ပြီး အောက်တန်းကျတဲ့အလုပ်လို့ ခံယူထားတဲ့အတွက် ဗုဒ္ဓဘာသာဝင်တိုင်းဟာ လူမျိုးမရွေး၊ ဘာသာမရွေး အကူအညီပေးပါတယ်။ ဒါပေမယ့် ဒီလိုကူညီတဲ့အတွက် ဗုဒ္ဓဘာသာထဲဝင်ဖို့ ဘယ်တော့မှမစည်းရုံးပါဘူး”

“ ဦးလေးတို့….ဘာသာကရော၊ ဘယ်လိုပုံစံမျိုးနဲ့ ကူညီတာလဲ။ ဒီအကူအညီကို ယူတဲ့အတွက် ကျွန်မ က အစ္စလာမ်ဘာသာထဲဝင်ပေးဖို့ လိုသေးသလား”

မုတ်ဆိတ်ဓမ္မဆရာများ ကွက်ကနဲ မသိမသာမျက်နှာပျက်သွားသည်ကို လှလှ သတိထားလိုက်မိသည်။ ငယ်ငယ်ကတည်းက တရားများများနာခဲ့ခြင်း၊ စာအုပ်များများဖတ်ခဲ့ခြင်း အကျိုးများကို ယခုလက်တွေ့ ခံစား ရလေပြီ။ တကယ့်ဗုဒ္ဓဘာသာဝင်တစ်ယောက်ကို မိရိုးဖလာဗုဒ္ဓဘာသာဝင် တစ်ယောက်ထင်ပြီး လာစည်းရုံးနေ ကြသည်မှာ သနားစရာကောင်းလှ၏။

မုတ်ဆိတ်ဓမ္မဆရာတစ်ယောက်က လေအေးလေးနှင့် ထပြောသည်။ မျက်နှာတော့မကောင်း။

“ ကျွန်တော်တို့ .....ဘာသာမှာ တခြားဘာသာဝင်တွေကို မထောက်ပံ့ဖို့ တားမြစ်ထားပါတယ်။ ဒါကြောင့် လှလှအနေနဲ့ …..ဘာသာထဲကိုဝင်ပေးဖို့ လိုပါတယ်”

“ ကိုယ့်ဘာသာကိုပဲ ထောက်ပံ့ရမယ်၊ တခြားဘာသာဝင်တွေကို မထောက်ပံ့ရဘူးဆိုတဲ့ ကျဉ်းမြောင်း တဲ့၊ အတ္တဆန်တဲ့မေတ္တာဟာ ဘုရားဆိုတဲ့ဂုဏ်နဲ့ မထိုက်တန်ပါဘူး။ ကိုယ့်ဘာသာဝင်၊ ကိုယ့်ဂိုဏ်းဝင်တွေ ချမ်း သာဖို့လောက် မေတ္တာကတော့ ဂျပန်က ဆာကူရာလူဆိုးဂိုဏ်း ခေါင်းဆောင်လည်း ထားနိုင်တာပါပဲ”

“ ကျွန်တော်တို့ဘာသာမှာက …..ကျမ်းမှာ ဟောထားတာတွေကို မယုံမကြည်သလိုနဲ့ ဝေဖန်ဆန်းစစ် ခွင့်မရှိပါဘူး။ ကျမ်းမှာပြထားတဲ့အတိုင်း တစ်သွေမတိမ်း လိုက်နာရပါတယ်။ …..ဘာသာထဲကိုဝင်မှ ဒီငွေကိုပေး လို့ရမှာပါ။ ဒါကြောင့်…..ဘာသာထဲကို ၀င်ခိုင်းနေတာပါ”

“ ဒါဆိုရင် အပေးအယူတစ်ခုတော့ လုပ်ရမယ်”

“ ဘယ်လို အပေးအယူမျိုးလဲ”

“ ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး ရှင်တို့သိချင်တာရှိရင် ကျွန်မကို ရှင်တို့စိတ်ကြိုက်မေးနိုင်ပါတယ်။ ဘာများ မေးစရာရှိလဲ အခုပဲမေးပါ”

“ ဘာမှ မေးစရာမရှိပါဘူး”

“ ဒါဆိုရင် ကျွန်မက ရှင်တို့ …..ဘာသာနဲ့ပတ်သက်ပြီး မေးခွန်းသုံးခုမေးမယ်။ ကျွန်မစိတ်ကျေနပ် အောင် တိတိကျကျဖြေပေးနိုင်ရင် တစ်ပြားတစ်ချပ်မှမယူဘဲ ….ဘာသာထဲကို ခြေစုံပစ်ဝင်ပါ့မယ်။ ၀င်တာမှ ရိုး ရိုးမဟုတ်ဘူး၊ …..ဘာသာဝင်အားလုံးအတွက် ကျွန်ခံပြီးမှ ၀င်မှာပါ”

“ ဒါဆိုလည်း မေးပါ”

“ ဒီလိုမေးတဲ့အတွက် ဘာသာရေးပဋိပက္ခ မဖြစ်စေရပါဘူး ဆိုတာကိုလည်း ကတိပေးပါ”

“ ပေးပါတယ်”

ရှင်တို့ဘုရားရဲ့ မိခင်၊ ဖခင် အမည်ကို ဘယ်လိုခေါ်သလဲ။

ရှင်တို့ဘုရား အမျိုးအနွယ်က ဘာလဲ။

ရှင်တို့ သောကြာနေတိုင်း သွားသွားပြီး ၀တ်ပြုနေတဲ့ ၀တ်ကျောင်းလိုက်ကာနောက်ထဲမှာ ဘာရှိသလဲ။

အဲဒီ မေးခွန်းတွေကို တိတိကျကျဖြေနိုင်ရင် ပိုက်ဆံတစ်ပြားမှမယူဘဲ …..ဘာသာထဲ ခုချက်ချင်းဝင် မယ်”

“ ဒုန်း…”

အသက်လေးဆယ်ခန့်ရှိသော အသက်အငယ်ဆုံး ဗလီဆရာတစ်ယောက်က အိမ်နံရံပျဉ်ပြားကို လက် သီးနှင့်ထထိုးကာ ရန်တွေ့၏။

“ ခင်ဗျား တော်တော်စော်ကားတာပဲ”

“ကျွန်မ ရှင်တို့ကို ကတိတောင်းပြီးမှ မေးတာနော်။ ဘာမှ စိတ်ဆိုးရန်တွေ့စရာမလိုဘူး။ အဲဒီမေးခွန်း တွေ ကျွန်မကို ပြန်မေးလို့ရတယ်။ စိတ်မဆိုးတဲ့အပြင် ကျေးဇူးတင်တဲ့အနေနဲ့ ၀မ်းပန်းတသာပြန်ဖြေလိုက်မယ်”

သို့သော် မုတ်ဆိတ်ဓမ္မဆရာအဖွဲ့သည် စိတ်ဆိုးမာန်ဆိုးဖြင့် ငွေထုတ်ကိုပြန်ယူကာ ထွက်သွားတော့ သည်။

နောက်တစ်နေ့ ဈေးထဲတွင် ထိုသတင်းက စိတ်ဝင်စားစရာအကောင်းဆုံး၊ ပြောချင်စရာအကောင်းဆုံး သတင်းဖြစ်နေသည်။

“ ဟိုကောင်မ လှလှနှယ်၊ အ လိုက်တာ အေ”

“ ဟဲ့ ဘာဖြစ်လို့လဲ”

“သိန်းငါးဆယ်လာပေးတာတောင် …..ဘာသာထဲမ၀င်ဘူးတဲ့။ ဘယ်လောက်မိုက်လုံးကြီးလိုက်သလဲ လို့။ ငါ့သာလာပေးစမ်း၊ ချက်ချင်းဝင်လိုက်မယ်”

“ ဟုတ်တယ်၊ ကျွန်မဆိုလည်း ….ဘာသာထဲ ၀င်လိုက်မှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ သိန်းငါးဆယ်ဆို တာ ကျွန်မတို့တစ်သက်လုံးမှတောင် ရမှာမဟုတ်ဘူးလေ”

“ ညည်းတို့ရတဲ့ သိန်းငါးဆယ်က တစ်ဘ၀တည်းစားရမှာ ကောင်မရဲ့။ သေရင် ငရဲစောက်ထိုးဆင်းရမှာ လည်း ထည့်တွက်ဦး”

“ အဲ ဟုတ်သားပဲ”

“ သိန်းငါးဆယ်လည်း ရအောင်၊ ငရဲလည်းမကျအောင် လုပ်တဲ့နည်းရှိပါတယ်”
อัพโหลดจากมือถือ · วันนี้ เวลา 0:59 น. ·
ดูภาพขนาดเต็ม · ส่งเป็นข้อความ · รายงานรูปภา

No comments:

Post a Comment