Pages




Sunday, February 15, 2015

Valentine's Day ဖြစ်ပေါ်လာပုံသမိုင်း

Valentine's Day ဖြစ်ပေါ်လာပုံသမိုင်း"

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၇၀၀ ကျော်ကပေါ့ဗျာ . .
ရောမ နိုင်ငံမှာ ယောကျားမှန်သမျှ စစ်ထွက်တိုက်ဖို့  စစ်ဘုရင်ကြီးက အမိန့် တော်ချခဲ့တဲ့ ကာလ အတောအတွင်း၊ ဘယ် ချစ်သူ စုံတွဲတွေကိုမှ လက်ထပ် အသိအမှတ်ပြု မပေးရဘူးလို့  ခရစ်ယန် ဘုန်းတော်ကြီး စိန့် ဗာလင်တိုင်းကို မှာထားခဲ့ပါတယ်။

ယောကျားတွေမှာ ချစ်သူ ကြင်ယာရှိလာရင် စစ်ထဲမှာ စိတ်မထားနိုင်မှာစိုးတဲ့ သဘောပေါ့ဗျာ။ ဒါပေမဲ့ ချစ်သူများရဲ့ အချစ်ကို စိန့် ဗာလင်တိုင်းက အသိအမှတ်ပြု လက်ထပ် ပေးနေခဲ့ပါတယ်။ ဘုရင်ကြီးရဲ့ အကြိမ်ကြိမ်သတိပေးနေတဲ့ကြားကနေ ဆက်လုပ်မြဲ လုပ်ပေးနေခဲ့ပါတယ်။

အဲဒါကြောင့် စိန့် ဗာလင်တိုင်းဟာ ခရစ်နှစ် ၂၆၉ ဖေဖော်ဝါရီလ (၁၄) ရက်နေ့မှာ ဘုရင် ကိုယ်တိုင် ကွပ်မျက်ခြင်းကို ခံခဲ့ရပါတယ်။

အချစ်ကို အသက်ထက်မက တန်ဖိုးထားခဲ့တဲ့ ဘုန်းတော်ကြီး စိန့် ဗာလင်တိုင်းကို၊ ဒီနေ့ တိုင် မမေ့မလျော့ Valentine's Day ရယ်လို့  ဖေဖေါ်ဝါရီလ ၁၄ရက်တိုင်း ကျနော်တို့  သတိတရ ရှိခဲ့ကြပါတယ်။

တပါးသူတို့ ရဲ့အချစ်ကိုတောင် အသက်ထက်မက တန်ဖိုးထားခဲ့တဲ့ စိန့် ဗာလင်တိုင်းကို လေးစားသောအားဖြင့် မိမိတို့ ရဲ့ ချစ်သူများကို အသက်ထက်မက ချစ်နိုင်ကြပါစေလို့  ဆန္ဒပြုလိုက်ပါရစေခင်ဗျား . .

Cေredit to : အောင်ဝင်း (စန္ဒရား)

No comments:

Post a Comment