လောကကြီးထဲမှာ လူတွေအများကြီး ရှိပေမယ့်
အနည်းငယ်သောလူတွေကသာ
သင့်အပေါ်မှာ တကယ့်မေတ္တာစစ်နဲ့
ချစ်ခင်နိုင်ကြလိမ့်မယ်။
ချစ်ခင်ပေးနိုင်တဲ့သူတို့ကို သင့်အနေနဲ့
လက်မလွှတ်လိုက်ဖို့ အရေးကြီးပါတယ်။
လူအများကြီးက သင် အောင်မြင်နေတဲ့အခါ
သင့်ကို ချစ်ခင်ကြလိမ့်မယ်။
သင်ကျရှုံးတဲ့အခါ သင့်ကို ပစ်ထားခဲ့ကြလိမ့်မယ်။ တကယ်တော့ သူတို့ချစ်ခင်တာ သင့်ကို မဟုတ်ပါဘူး။ သင့်အောင်မြင်မှုကို ချစ်ခင်ကြတာပါ။
ဒါကြောင့် သူတို့ကို သိပ်ပြီး စိတ်ထဲ ထည့်မထားပါနဲ့။
သင်အောင်မြင်မှု မရသေးခင်မှာ အနည်းငယ်သော လူတွေကသာ သင့် စိတ်ကူး ရည်ရွယ်ချက်တွေကို လက်ခံယုံကြည်ကြပါလိမ့်မယ်။
သင့်ရည်ရွယ်ချက်တွေဖြစ်လာမယ်လို့ယုံကြည်သူဆိုတာ သင်ကိုယ်တိုင်ကလွဲပြီး တခြားသူက
မယုံကြည်တာမျိုးလည်း ဖြစ်တတ်ပါတယ်။
စိတ်ကူးရည်ရွယ်ချက် တွေလည်းရှိပြီး ရအောင်လည်းကြိုးစားပေမဲ့ တခါခါမှာ သင့် စိတ်ဓာတ် တက်ကြွမှု အားနည်းနေတာမျိုးလည်း ဖြစ်တတ်ပါတယ်။
အဲဒီအခါမှာ စိတ်ဓာတ်တွေကို မြှင့်တင်ပြီး နောက်တစ်ခါ ထပ်ကြိုးစားလိုက်ဖို့  လိုအပ်ပါတယ်။
တကယ့် အောင်မြင်မှု့ ဆိုတာ
မလွယ်ကူတဲ့အတွက် အနည်းငယ်သောလူတွေကပဲ ရရှိသွားတတ်ကြပါတယ်
#ငြိမ်းလဲ့ မြရိပ်
No comments:
Post a Comment