Pages




Thursday, February 26, 2015

မနက်မိုး

မနက်မိုး)
?????????==========
အထက်အညာဒေသတွင် မနက်စောစောမိုးရွာ
သောအခါပြောလေ့ရှိသော ပုံခိုင်းစကားလေး
ရှိပါတယ်။
အဲဒါကတော့ မနက်မိုးရေဗူးဆောင် မနက်မိုးရွာ
ရေဗူးပါတဲ့
အဓိပ္ပါယ်ကတော့ မနက်စောစောရွာလေ့ရှိသော
မိုးသည်
များသောအားဖြင့် ခေတ္တခဏသာရွာတတ်ပြီး
အဲဒီနေ့ဟာခါတိုင်းထက်ပိုပူပြင်းလို့ပဲဖြစ်ပါတယ်
ဒါကြောင့်ရေဗူးဆောင်ရပါမယ် ရေဗူးကိုမမေ့ပါနဲ့
လို့ဆိုခြင်းဖြစ်ပါတယ်။

အဲဒီအကြောင်းအရာလေးကို လောကီလောကုတ္တ
ရာနှစ်ဖြာသောအကျိုးအတွက် ဆင်ချင်စဉ်းလိုက်
မယ်ဆိုရင် ဘဝအတွက်အသုံးချစရာလေး
ဖြစ်သွားပါတယ်
ဘဝမှာငယ်ငယ်နဲ့ အောင်မြင်ကျော်ကြားချမ်းသာ
တဲ့သူများဟာမနက်မိုးနဲ့တူပါတယ်
သတိဆိုတဲ့ရေဗူးကိုမဆောင်ရင်မေ့နေမယ်ဆိုရင်
ဒီဘဝမှာပဲပူပြင်းလောကဓံကိုရင်ဆိုင်ရပါလိမ့်မယ်
မနက်မိုးကိုအထင်ကြီးပြီးထင်ရာလုပ်မယ်ဆိုရင်
တော့
လယ်သမားလေးသာအေးလိုဖြစ်ဖြစ်တတ်ပါတယ်သာအေးတစ်ယောက်မနက်စောစောလယ်ထွန်
နေတုန်းမိုးရွာလာပါတယ်
သေးကလည်းပေါက်ချင် လယ်ထွန်နေတာကို
လည်းမရပ်ချင်တာနဲ့ ပဆိုးထဲကိုသေးပေါက်ချ
လိုက်ပါတယ်
သူတွေးထင်ထားတာက မိုးရွာနေတာပဲတစ်ကိုယ်
လုံးရွှဲစိုသွားရင်သေးနဲ့ရောသွားမယ်ပေါ့
ဒါပေမယ့်မနက်မိုးဆိုတော့ တစ်ကိုယ်စွတ်တောင်
မရွာဘဲရပ်သွားတော့
ပဆိုးသေးကွက်ကြီးနဲ့ ဘေးကလယ်သူမတွေ
လယ်သမားတွေကလက်ညိုးထိုပြီးလှောင်ပြောင်
ရယ်မောကြလို့ အရှက်ရတော့တာပေါ့

ဒါကြောင့်ငယ်ငယ်နဲ့အောင်မြင်ကျော်ကြား
ချမ်းသာတဲ့သူများအနေနဲ့ သတိဆိုတဲ့ ရေဗူးကို
မမေ့ကြဘဲ ဆောင်ယူနိုင်ကြပါစေလို့သာဆိုလိုက်ပါရစေ။

ညီမေတ္တာ

No comments:

Post a Comment