ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ မူအရ ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်း လည်ပုံ , ဖြတ်ပုံ, ဒေသနာတော် လင်္ကာဆောင်ပုဒ်
မူလနှစ်ဖြာ၊ သစ္စာနှစ်ခု၊ လေးလွှာ၊ အင်္ဂါတစ်ဆယ့်နှစ်ပါး၊ တရားကိုယ်များနှင့် သုံးပါးအစပ်၊နှစ်ရပ်မူလ၊ ၀ဋ် သုံးဝနှင့်၊ ကာလသုံးဖြာ၊ ခြင်းရာနှစ်ဆယ်၊ ဤရှစ်သွယ်ကို။ အလွယ်ကျက်မှတ်၊ သိစေအပ်သည်၊ သံသရာမှ လွတ်ကြောင်းတည်း။
လင်္ကာဆောင်ပုဒ် အဖြေ
၁။ မူလနှစ်ဖြာ... အ၀ိဇ္ဇာနှင့် တဏှာ။
၂။ သစ္စာနှစ်ခု... သမုဒယသစ္စာ - ဒုက္ခသစ္စာ။
၃။ လေးခုအလွှာ... အတိတ်အကြောင်းတလွှာ၊ ပစ္စုပ္ပန်အကျိုးတလွှာ။ ပစ္စုပ္ပန်အကြောင်းတလွှာ၊ အနာဂတ်အကျိုးတလွှာ။
၎။ အင်္ဂါတစ်ဆယ့်နှစ်ပါး... အ၀ိဇ္ဇာ , သင်္ခါရ , ၀ိညာဏ်, နာမ်ရုပ် , သဠာယတန ,ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန် , ကမ္ပဘသ, ဇာတိ , ဇရာ မရဏ။
၅။ သုံးပါးအစပ်... သင်္ခါရ နှင့် ၀ိညာဏ်တစပ် ၊ ဝေဒနာနှင့် တဏှာတစပ ၊ ကမ္မဘ၀နှင့် ဇာတိတစပ်။
၆။
ဝဋ်သုံးဝနှင့် ... ကိလေသ၀ဋ် (၃)ပါး - အ၀ိဇ္ဇာ , တဏှာ , ဥပါဒါန်
... ကမ္မ၀ဋ် (၂)ပါး- သင်္ခါရနှင့် ကမ္မဘဝ
... ၀ိပါက၀ဋ် (၈)ပါး-, ၀ိညာဏ်, နာမ်ရုပ် , သဠာယတန ,ဖဿ, ဝေဒနာ, တဏှာ,
ဥပါဒါန် , ကမ္ပဘသ, ဇာတိ , ဇရာ, မရဏ (ဥပပ္ပတ္တိဘ၀)
၇။
ကာလသုံးဖြာ... လွန်လေပြီးသော အတိတ်ကာလ - အ၀ိဇ္ဇာ , သင်္ခါရ
... ယခုဖြစ်ဆဲ ပစ္စုပ္ပန် ကာလ - ၀ိညာဏ်, နာမ်ရုပ်, >>သဠာယတန ,ဖဿ,
ဝေဒနာ, တဏှာ, ဥပါဒါန် , ကမ္မဘ၀ ... နောင်ဖြစ်လတ္တံ့
အနာဂတ်ကာလ- ဇာတိ , ဇရာမရဏ။
၈။
ခြင်းရာနှစ်ဆယ်... အတိတ်အကြောင်းခြင်းရာ ငါးပါး- အ၀ိဇ္ဇာ , သင်္ခါရ , တဏှာ,
ဥပါဒါန် , ဘ၀ ... ပစ္စုပ္ပန်အကျိုးခြင်းရာငါးပါး -
ဝိညာဏ်, နာမ်ရုပ်, သဠာယတန ,ဖဿ, ဝေဒနာ
{
အ၀ိဇ္ဖာနှင့် တဏှာ ရင်းခံ၊ ဥပါဒါန်၊ကံကြောင့်ရုပ်နာမ်ပေါ်အပင်မှမျိုး
၊မျိုးမှအပင်၊ အမျှင်မပြတ်၊ ဆက်စပ်သည့်ဟန်၊ ကံကြောင့်နာမ်ရုပ်ကြောင့်ကံ၊
အဖန်ဖန်ဖြစ်ပြန်နည်းအလျှော်၊ ဗြဟ္မာ-သိကြားစသည်များက ထင်ရှားပြုပြင်၊
စီရင်ဖန်ဆင်း၊ အကြောင်းရင်းကြောင့်၊ လူနတ်များစွာ၊ သတ္တ၀ါတို့၊ ဖြစ်လာရမှု
မဟုတ်ဟုညဏ်ဖြင့် ရှု၍မျှော်။ }
ဘ၀သမိုင်း ၊ မရိုင်းစေရန်
စိတ်မာန်မချ ၊ မာနမပါ
တို့ စွမ်းရာဖြင့် ၊ တို့ သာသနာ
တို့ ပြည်ရွာကို ၊ သာယာစေမှု
လုံ့ လပြုအံ့ ။
(သီတဂူဆရာတော်ဘုရားကြီး)
ပညာမဲ့သည် ငွေတစ်ခုကိုသာရှာ၏။ ပညာရှိကား ငွေနှင့် ကုသိုလ် နှစ်မျိုးစလုံးကိုရှာ၏။
ငွေသည် လူ့ဘုံတစ်ဘုံ၌သာ သုံး၍ ရသည်။ ကုသိုလ်ကား သုံးဆယ့်တစ်ဘုံလုံးတွင်
သုံး၍ ရသည်။ ယမမင်းထံ အစစ်ခံကြရသော သူများသည် မိမိပြုခဲ့သော ကုသိုလ်ကို
သတိရသည်နှင့် ငရဲမှ ချက်ချင်း လွတ်ပြီး နတ်ပြည်သို့ ချက်ချင်းတက်သွားရခြင်းဖြစ်သည်။
ကုသိုလ်သည် ငရဲဘုံ၌ ပင် သုံစွဲရကြောင်း သက်သေ သာဓကပင်ဖြစ်၏။ (ဒေ၀ဒူတသုတ်)
မေတ္တာရှင်(ရွှေပြည်သာ)
No comments:
Post a Comment