Pages




Sunday, April 19, 2015

အမဲသားကိုအရင်ကလည်းမစားပါဘူး ... နောင်လည်းဘယ်တော့မှ စားဖြစ်မှာမဟုတ်ပါဘူး

အမဲသားကိုအရင်ကလည်းမစားပါဘူး ... နောင်လည်းဘယ်တော့မှ စားဖြစ်မှာမဟုတ်ပါဘူး .....................................................

နွား တစ်ကောင်၏ ဆုတောင်း
=====================
အခါခါပြန်ဖတ်မိတိုင်း မျက်ရည်ဝဲရပါသည်။
နွားနို့ နွားသားကို စားဖူးသူတိုင်း ဒီ Post ကို လူတိုင်းတွေရအောင် Like & Share လုပ်ပြီး စိတ်ထဲကနေ တောင်းပန်သင့်ပါတယ်။

ဝဋ်ကြွေးရှိက ကျေပါစေ
================
ငါ ၏ရင်မှ ချိုမြနို့ရည်
လူတိုင်းကိုယ်စီ သောက်ကြသည် ။
ငါ ၏ပုခုံး ထွန်တုံးကိုတင်
နေပူ မိုးရွာ မနားရအောင်
လယ်ကွင်းပြင်မှာ ရုံး ခဲ့သည် ။
ငါ ၏ခွန်အား မနားရအောင်
လူတို့အတွက် စွမ်းဆောင်မှုများ ပေးခဲ့ပြီ ။
ငါ ၏ကျောပြင် အထင် အရှား
ကြိမ်ရာများ နဲ့ ပြည့်ခဲ့ပြီ ။
ရင်မှာနာကျင် ပြောချင်စကား
နှုတ်" လျှာဖျားက မထွက်ပြီ ။
ငါ ၏မျက်ရည် သက်သေတည်လို့
လူတို့သိဖို့ ပြခဲ့ပြီ ။
လူတို့အကျိုး ပြုညားသော်လည်း
ငါ ၏အသက် ငဲ့ညှာမထား
ငါ့ အားသတ်၍ စားကြပြီ ။
ကျေးဇူးတရား မထောက်ထားသည့်
လူတို့လောက သံသရာဝယ်
ဘယ်သော အခါမှ နွား ဘဝသို့
မရောက်စေကြောင်း ။
ဝဋ်ကျွေး ရှိက ကျေပါစေသတည်း
ကျေစေသတည်း.......။ ။ ။

No comments:

Post a Comment