Pages




Monday, May 19, 2014

ထိုင်းနိုင်ငံရောက်မြန်မာလူမျိုးများ


''ဒီနေ့လေးနှစ်ကုန်ပတ်စပို့တွေဗီဇာထုပေးခြင်းကို မဟာချိုင်မှာ လေးနှစ်ကျော် ဗီဇာစာအုပ်တွေကိုစာအုပ်အသစ်ပြောင်းစရာမလိုပဲ
စာအုပ်အဟောင်းမှာပဲ စာအုပ်သက်တမ်း မြန်မာဘက်ကပေးထားတဲ့
သက်တမ်းရှိသလောက် ဗီဇာဆက်ထုပေးခြင်းနှင့် ဝဒ်ပါမစ်ဗီဇာသက်
တမ်းရှိသလောက် စတင်ပြုလုပ်နေပါပြီ။ စာအုပ်ကြီးမဟုတ်ပါဘူး။
စာအုပ်အဟောင်းမှာပဲ ဗီဇာဆက်ထုပေးမယ်။အချက်အလက်အဟောင်း
တွေပဲဆက်လက်အသုံးပြုသွားမှာပါ။ မြန်မာမှတ်ပုံတင်နဲ့အိမ်ထောင်စု
စာရင်းမရှိသူတွေအတွက်တော့လောလောဆယ်ဆယ်ယာယီအဆင်ပြေ
သွားမှာပါ။ ရုံးနေရာကတော့ မဟာချိုင် ထာ့ချလုံနယ်မြေ CJ မီနီစတိုး
အနီးမှာပါ။ အနည်းဆုံးတော့ ဗီဇာကျော်သူတွေအတွက် နှစ်နှစ်လောက်
တော့ထိုင်းနိင်ငံမှာအေးအေးဆေးဆေးဖြတ်သန်းသွားနိင်မှာပါ။
ထိုင်း လ.ဝ.က အရာရှိတွေကိုယ်တိုင် ကြီးကြပ်ဦးစီးပြီးပြုလုပ်ပေးနေပြီ
ဆိုတာကို ဗီဇာကျော်စာအုပ်သမားမြန်မာရွေ့ပြောင်းအလုပ်သမားတွေ
ဗီဇာအတွက်စိတ်ပူနေတဲ့သူတွေအတွက် သတင်းကောင်းအဖြစ်တင်
ပြရင်း ....ရွေ့ပြောင်းမြန်မာအလုပ်သမားများအတွက်သတင်းကောင်း
တွေသယ်ဆောင်ပေးချင်သူ ...."ရဲမင်း"(ခေတ္တ့လူ့ပြည်) မဟာချိုင်
ရတ်(စ်)ထိုင်း-ဖောင်ဒေးရှင်း
(မှတ်ချက်။ ။တင်ထားပေးတဲ့ပုံကတော့ ဒီနေ့ပထမဦးဆုံးအကြိမ် ဗီဇာ
လာပြုလုပ်သည့် မြန်မာရွေ့ပြောင်းအလုပ်သမားများနှင့် ထိုင်း လ.ဝ.က
အရာရှိများ အမှတ်တရပုံပါ) ၁၉၊၅၊၂၀၁၄ ရက်နေ့

No comments:

Post a Comment